တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့မြန်မာနိုင်ငံနှစ်ရက်တာခရီးစဉ်မှာ ပြည်တွင်း နိုင်ငံရေးပါတီတချို့ကို သမ္မတရှီ နဲ့ တွေ့ဆုံဖို့ တရုတ်သံရုံးကတဆင့် ဖိတ်ကြားထားပြီး ပါတီစုစုပေါင်း ၂၀ ဝန်းကျင်လောက် တက်ရောက်ဖို့ရှိပါတယ်။
နေရာသစ်ကို ရွေပြောင်းပြီး ရက်ပေါင်း ၉၀ ပြည့်တာနဲ့ အဲဒီပြောင်းရွှေ့နေထိုင်ရာ ဒေသအတွက် မဲပေးနိုင်ခွင့်ရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နည်းဥပဒေကို ပြန်ပြင်ဆင်ပေးဖို့ တိုင်းရင်းသားပါတီတချို့က တောင်းဆို နေကြပါတယ်။
သမ္မတအမိန့်နဲ့ အသစ်ထပ်ပြီးဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ လူ့အခွင့်အရေးကိစ္စ ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ ဥပဒေ ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့တွေ မပါဝင်တဲ့ အတွက် ဒီကော်မရှင်သစ် အပေါ် မျှော်လင့်ချက် သိပ်မထားကြဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံအများစုဟာ နေရပ်ပြန်မလာရဲကြသလို ရခိုင်လက်နက်ကိုင် AA ရဲ့ လုံခြုံရေးအရ ဖမ်းဆီး၊ စစ်ဆေးခံရမှာကို စိုးရိမ်နေကြောင်း ချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၀ရက်မှာ ကျင်းပတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်ပွဲတွေ ရပ်ဆိုင်းသွားအောင် ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇန်နဝါရီ ၁၀ရက်မှာလုပ်မယ့် ကချင်ပြည်နယ်နေ့အခမ်းအနားကိုတက်ရောက်ဖို့ မြစ်ကြီးနားကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကို ဒီကနေ့သွားခဲ့ပြီး ဦးဆောင်ဆရာတော်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ၁၀၀၀ တန်ငွေစက္ကူတွေကို ဒီကနေ့ ဇန်နဝါရီ ၇ရက်ကစပြီး တနိုင်ငံလုံးက မြန်မာ့စီးပွားရေးဘဏ်တွေမှာ စတင်လဲပေးနေပြီ ဖြစ်ပါတယ်။ ဒါက အနှစ် ၃၀ အတွင်း မြန်မာငွေစက္ကူတွေပေါ်မှာ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တဦးရဲ့ ပုံကို ပထမဆုံး ပြန်ပြီး မြင်ရတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ခရီးသည်ယာဉ်လိုင်းနဲ့ ကုန်ကားအများစု ခရီးစဉ်တွေရပ်နားလိုက်ပါတယ်။ အထူးသဖြင့် မကြာခဏ မိုင်းပေါက်ကွဲမှုတွေရှိလာတဲ့ ရန်ကုန်- စစ်တွေ လမ်းကြောင်းတလျှောက်ကို လုံခြုံရေး တင်းကျပ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုလည်း ကျဆင်းသွားပါတယ်။
တိုက်ပွဲတွေ စဲလာနေတဲ့ ကချင်ပြည်နယ်ထဲမှာ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဂျပန်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ ပေးလာနေပေမယ့် တကယ်တမ်းသူတို့ နေရပ်ပြန်နိုင်ဖို့ အတွက်တော့ စိန်ခေါ်မှုတွေက အများအပြား ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး မနေ့က တိုက်ခိုက်ခံရပြီး ၂ဦးက အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ရဲ့ တိုက်ခိုက်မှုလို့ ပြောပေမဲ့၊ AA ဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
(Zawgyi/ Unicode) မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေ အဆမတန်များလာတဲ့ အတွက် အကျဉ်းထောင် ဆူပူမှုတွေ၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု genocide မရှိဘူးဆိုတာ သူ့အနေနဲ့ ယုံကြည်ကြောင်း ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရော့မာရုယာမက ဒီနေ့ ဒီဇင်ဘာ ၂၆ ရက် သူ့နေအိမ်မှာ လုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လျော့ပါးသွာားအောင် မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ်လေးခု အတွက် အစိုးရက အင်တာနက်ဖြတ်တောက်တဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ မှန်ကန်တဲ့နည်းလမ်းမျိုး မဟုတ်ဘူးလို့ အရပ်ဘက်နဲ့ နိုင်ငံရေးအဖွဲ့ တွေ့က ပြောကြားလိုက်ပါတယ်။
မြန်မာ့ မတ်ပဲကို အဓိက ဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံက သူ့နိုင်ငံမှာ မိုးတွင်းကာလ ပဲစိုက်ခင်းတွေ ပျက်စီးခဲ့ဲ့ တဲ့ အတွက်ပြည်ပက မတ်ပဲ တွေ တိုးမြှင့် ဝယ်ယူမယ်လို့ ကြေညာလိုက်တာကို မြန်မာနိုင်ငံက ပဲ ကုန်သည်တွေက ကြိုဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၅ရက်က ကော့သောင်း အနောက်ဘက် ပင်လယ်ပြင် မိုင် ၁၅၅ အကွာမှာ ဖမ်းမိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဒုက္ခသည် အယောက် ၂၀၀ ဝန်းကျင်လောက်ကို ဒီနေ့စတင် စစ်ဆေးနေပြီဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၅ရက် ည ၈နာရီ ကော့သောင်းမြို့ကနေ ရေမိုင် ၁၅၅ မိုင်အကွာ ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေက ဒုက္ခသည် ၂၀၀ လောက်ပါတဲ့ စက်လှေတစီးကို တပ်မတော်ရေတပ်က ဖမ်းဆီးမိပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ကချင်သတင်းဌာနတခုက ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ လက်ရှိအာဏာရ NLD အစိုးရဟာ ကချင်ပြည်နယ်ကို ပိုပြီးတိုးတက်အောင် လုပ်ပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ ကချင်ပါတီတွေကတော့ ဒါကို လက်မခံကြပါဘူး။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အင်တိုက်အားတိုက် ပါဝင် လုပ်ဆောင်လာအောင် အစိုးရက ပံ့ပိုးပေးဖို့လိုတဲ့အပြင် လုပ်ငန်းရှင်တွေကိုယ်တိုင်ကလည်း လုပ်ဆောင်ဖို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF က တိုက်တွန်းလိုက်ပါတယ်။ ကိုဇော်ထက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ပလပ်စတစ် အလွန်အကျွံသုံးစွဲတဲ့ နိုင်ငံတွေထဲမှာ တခု အပါအဝင်ဖြစ်လာပြီး ဒါကို အသိပညာပေးနိုင်ဖို့ ကုလသမဂ္ဂရဲ့ အစီအစဉ်တခုဖြစ်တဲ့ United Nations Environmental Programme က စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ တရားရားရုံး ICJ မှာသွားရောက် တရားရင်ဆိုင်မယ့်အပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ သဘောထားအမြင် အမျိုးမျိုးရှိနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်