သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်ကေးဖန်တီးမှု ထူးချွန်ဆု မြန်မာပိုင်ကုမ္ပဏီ ရရှိ


Nikkei Superior Products and Services Awards for Excellence ဆု လက်ခံရယူနေသည့် 360ed တာဝန်ရှိသူတဦး။ Nikkei Superior Products and Services Awards for Excellence ဆု လက်ခံရယူနေသည့် 360ed တာဝန်ရှိသူတဦး။ (ဖေဖော်ဝါရီ ၅၊ ၂၀၂၀၊ ဓာတ်ပုံ - 360ed)
Nikkei Superior Products and Services Awards for Excellence ဆု လက်ခံရယူနေသည့် 360ed တာဝန်ရှိသူတဦး။ Nikkei Superior Products and Services Awards for Excellence ဆု လက်ခံရယူနေသည့် 360ed တာဝန်ရှိသူတဦး။ (ဖေဖော်ဝါရီ ၅၊ ၂၀၂၀၊ ဓာတ်ပုံ - 360ed)

(Zawgyi / Unicode)

နည်းပညာအထောက်အကူနဲ့ ကလေးတွေ ပညာသင်ကြားရေး စနစ်တခု ဖန်တီးနိုင်ခဲ့တဲ့ 360ed အဖွဲ့ဟာ ဂျပန်နိုင်ငံ Nikkei Asian Review က ပေးအပ်တဲ့ ‘အကောင်းမွန်ဆုံး ဖန်တီးထုတ်လုပ်မှု’ ဆုကို ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျနေဆဲ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် ပညာရေးနယ်ပယ်မှာတော့ ရှေ့တန်းကို အမြန်ရောက်လာတယ်လို့ Nikkei Asian Review က သုံးသပ်ပြီး ဆုချီးမြှင့်ခဲ့တာပါ။ ဆုရရှိတာနဲ့ ပတ်သက်လို့ 360ed ရဲ့ မီဒီယာတွေ့ဆုံပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

အခြေခံပညာကျောင်းသားတွေအတွက် လက်ကိုင်ဖုန်းအမျိုးမျိုးကို အသုံးချပြီး (augmented reality) သုံးဘက်မြင် ပုံရိပ်ယောင်နည်းပညာသုံး သင်ကြားရေး အထောက်အကူတွေ ထုတ်လုပ်ခဲ့တဲ့ မြန်မာလူမျိုးပိုင် 360ed ကုမ္ပဏီဟာ ဂျပန်နိုင်ငံ Nekkei Asian Review ကပေးတဲ့ ၂၀၁၉ Nikkei Superior Products and Services Awards for Excellence ဆုကို ရရှိခဲ့ပါတယ်။

တခြားနိုင်ငံတွေထက် နည်းပညာသုံး သင်ကြားရေး အထောက်အကူပြုစနစ်မှာ မြန်မာနိုင်ငံက ဦးဆောင်ပါဝင်လာတာကို 360ed က ပြသနိုင်တဲ့အတွက် ဒီဆုကို Nikkei Asian Review က ချီးမြှင့်တာဖြစ်ကြောင်း 360ed ရဲ့ အမှုဆောင်အရာရှိ ဒေါ်လှလှဝင်းက ပြန်ပြောပြပါတယ်။

“Nikkei Asian ရဲ့ စီအီးအိုပြောတဲ့ မိန့်ခွန်းမှာကိုယ်တိုင်က မြန်မာပြည်က ပညာရေးက သူတို့မထင်ထားလောက်အောင် ရှေ့ကို အရမ်းရောက်နေပြီဆိုတဲ့ ဟာလေး ပါတယ်။ အဲဒါ ကျနော်လည်း အတော်ကလေး ဝမ်းသာမိတယ်၊ သူတို့ကိုယ်တိုင် သတိထားမိတယ်။ Asia မှာ ဘယ်နိုင်ငံက ဘယ်သူတွေရဲ့ Product တွေ Services တွေ ကောင်းလဲဆိုတာ သူတို့လိုက်ကြည့်နေတဲ့အထဲမှာ မြန်မာပြည်ကို သွားတွေ့တယ်။ မြန်မာပြည်က နောက်ကျတာမှန်ပေမယ့် ပညာရေးမှာ အခုဆိုရင် ဒါ နည်းပညာနဲ့ ရှေ့ကို အရမ်းရောက်လာပြီ။ အဲဒါ သူတို့ အသိအမှတ်မပြုလို့ မရဘူးပေါ့ဆိုပြီး ခေါ်ပြီး ဆုပေးခြင်းဖြစ်ပါတယ်လို့ ပြောပါတယ်။”

360ed ဟာ အမေရိကန်နည်းပညာရှင်တွေ စုဝေးရာ စီလီကွန်တောင်ကြား (Silicon Valley) ဒေသမှာ စတင်ခဲ့တဲ့ မြန်မာပိုင်ကုမ္ပဏီတခုဖြစ်ပြီး ပြည်တွင်း ပြည်ပ ပညာရေးနယ်ပယ်က ဝန်ထမ်းပေါင်း ၈၀ လောက်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ AR လို့ခေါ်တဲ့ သုံးဘက်မြင် ပုံရိပ်ယောင်နည်းပညာကို သင်ကြားရေးစနစ်မှာ အသုံးပြုမယ်ဆိုရင် လက်ကိုင်ဖုန်းနဲ့ Tablet လို ကြားခံပစ္စည်းတခုပဲလိုပြီး ဒါဟာ ရှေ့တန်းရောက်လာတဲ့ နည်းပညာတခု ဖြစ်ကြောင်း 360ed ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးရန်မင်းအောင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ကမ္ဘာကြီးက 3D ကမ္ဘာကြီးလေ။ ပြီးတော့ ‘စာ’ ဆိုတာ ဖြစ်လာတဲ့အချိန်မှာ 3D ကမ္ဘာထဲကနေ 2D ကမ္ဘာထဲ ရောက်လာတယ်။ အခု ကျနော်တို့က Augmented reality နဲ့ 3D ဘက်ကို ပြန်ပြီးလာတယ်ဆိုတော့ Learning ပိုင်းမှာလည်း ကျနော်တို့က အများကြီး၊ ကျနော်တို့ ဦးနှောက်နဲ့ သွားပြီးတော့ ကိုက်ညီတဲ့ Learning မျိုးဖြစ်မယ်လို့ ကျနော်တို့က ယူဆတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က လုပ်ဖြစ်သွားတာပါ။”

လက်ရှိ အခြေခံပညာသင်ရိုးနဲ့ လိုက်ဖက်တဲ့ 360ed ရဲ့ ဘာသာရပ်အလိုက် ဖန်တီးထုတ်လုပ်မှုတွေကို ဖြန့်ဝေပေးနိုင်ဖို့ 360ed က ပညာရေးဝန်ကြီးဌာနနဲ့ ပူပေါင်းဆောင်ရွက်နေသလို အမေရိကန်က ဟားဗတ် ပညာရေးအဖွဲ့အစည်းနဲ့ ချိတ်ဆက် ဆောင်ရွက်နေတာပါ။ လတ်တလောမှာတော့ အခြေခံပညာကျောင်းသားတွေကို အဓိကရည်ရွယ်ထားကြောင်း သူကပြောပါတယ်။

“စူးစမ်းလေ့လာချင်တဲ့စိတ်က ကလေးတိုင်းမှာ ပါပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့က ပျော်ရွှင်မှုကောင်းတဲ့ learning ကို ကျနော်တို့ သွားချင်ပါတယ်။ အဲဒီလိုသွားမှပဲ ကျနော်တို့ရဲ့ အနာဂတ်ကလည်း ပိုပြီးခိုင်မာပြီးတော့ ပျော်ရွှင်စရာကောင်းမယ်လို့ ယူဆပါတယ်။”

360ed ဟာ မိုဘိုင်းဖုန်း အထောက်အကူပြု သင်ကြားရေးပစ္စည်းတွေ ထုတ်နိုင်ဖို့ ၂ နှစ်လောက် အချိန်ယူခဲ့ပြီး သုံးဖက်မြင် ပုံရိပ်ယောင်နည်းပညာသုံး ဆော့ဖ်ဝဲတွေ၊ တွဲဖက်အသုံးပြုရတဲ့ ဘာသာရပ်အလိုက်စာအုပ်တွေ ဆက်ပြီးထုတ်လုပ်နိုင်ဖို့အတွက် တခြား ရင်းနှီးမြှုပ်နှံမယ့် အဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

-----------------------------------------

(Unicode)







“ကနြောျတို့ရဲ့ ကမ်ဘာကွီးက 3D ကမ်ဘာကွီးလေ။ ပွီးတော့ ‘စာ’ ဆိုတာ ဖွဈလာတဲ့အခြိနျမှာ 3D ကမ်ဘာထဲကနေ 2D ကမ်ဘာထဲ ရောကျလာတယျ။ အခု ကနြောျတို့က Augmented reality နဲ့ 3D ဘကျကို ပွနျပွီးလာတယျဆိုတော့ Learning ပိုငျးမှာလညျး ကနြောျတို့က အမြားကွီး၊ ကနြောျတို့ ဦးနှောကျနဲ့ သှားပွီးတော့ ကိုကျညီတဲ့ Learning မြိုးဖွဈမယျလို့ ကနြောျတို့က ယူဆတယျ။ အဲဒီအတှကျကွောင့ျ ကနြောျတို့က လုပျဖွဈသှားတာပါ။”




တိုက်ရိုက် လင့်ခ်


XS
SM
MD
LG