အခု တက္ကသိုလ်၊ ကောလိပ်တွေက ပိတ်ထားပြီး လွတ်နေတဲ့ ကျောင်းသားအဆောင်တွေရဲ့ နေရာ၊ အကျယ်အဝန်းနဲ့ အရေအတွက် စာရင်းကို အစိုးရက ပြုစုနေတာဖြစ်ပါတယ်။ ဒါက COVID-19 ထိန်းချုပ်ဖို့ ကြိုတင်ပြင်ဆင်မှု တခုဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သိန်းဝင်းက ဗွီအိုအေကို ပြောပါတယ်။
မြန်မာပြည်တွင်း စက်ရုံလုပ်သားတွေကို ပေးမယ့် ဥရောပသမဂ္ဂ EU ရဲ့ ငွေကြေးအထောက်အပံ့က အမှန်တကယ် လိုအပ်သူတွေဆီ ရောက်ဖို့ဆိုရင် အစိုးရထိန်းကြောင်းမှုအောက်ကနေ သွားသင့်တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
COVID-19 ကပ်ရောဂါကြောင့် အာဆီယံအပါအဝင် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားရဲ့ စီးပွားရေးဟာ ၂၀၂၀ မှာ နှေးကွေးနိုင်ပေမဲ့ ၂၀၂၁ မှာတော့ မြန်မြန်ဆန်ဆန်ပဲ ဦးမော့လာလိမ့်မယ်လို့ AMRO စီးပွားရေးသုတေသနအဖွဲ့ရဲ့ ဧပြီလ ၇ ရက်က ထုတ်ပြန်တဲ့ အစီခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်အလယ်ပိုင်း၊ တောရိုင်းတိရစ္ဆာန်အရှင်ရောင်းဝယ်တဲ့ ဈေးကနေ ပြန့်လာတဲ့ COVID-19 ရောဂါကြောင့် တကမ္ဘာလုံးမှာ လေးလအတွင်း လူပေါင်း ၇၀,၀၀၀ ကျော် သေဆုံးပြီးချိန် ဒီလိုမျိုးထပ်ပြီး မဖြစ်အောင် တောရိုင်းသားကောင် ဈေးကွက်တွေ ပိတ်ပေးဖို့ အများစုက တောင်းဆိုနေပြီး ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပါတယ်။
COVID-19 ကြောင့် မြန်မာတနိုင်ငံလုံး အသွားအလာတွေ ကန့်သတ်ပြီး စီးပွားရေးလုပ်ငန်းအများစု ယာယီရပ်နားထားချိန် အခြေခံ လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေး စိုးရိမ်စရာဖြစ်လာတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
ကမ္ဘာတဝန်းက COVID-19 ကပ်ရောဂါခံစားရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျန်းမာရေးအပါအဝင် စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်က လာမယ့် ၁၅ လအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ လောက် ထောက်ပံ့သွားဖို့ ရှိပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် စုပေါင်းထောက်ပံ့သွားဖို့ စီစဉ်ထားရာမှာ COVID-19 ရောဂါ စောင့်ကြည့်ရေး ဂေဟာတွေမှာ လိုအပ်မယ့် ပစ္စည်းနဲ့ မီးခိုချောင်သုံးပစ္စည်းစတဲ့ အရေအတွက် ၅,၀၀၀ ကို ရန်ကုန်ကျန်းမာရေးဌာနကို မကြာခင် ပေးပို့သွားမှာပါ။
နိုင်ငံတကာအဖွဲ့တွေက တိုက်တွန်းပြီးရက်ပိုင်းအတွင်း ပြည်တွင်းအရပ်ဘက်အဖွဲ့ ၂၆၀ ကျော်ကလည်း ပဋိပက္ခအတောအတွင်း နေရပ်စွန့်ခွာသူတွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုပြီး ထိခိုက်နိုင်တယ်ဆိုတာ သဘောထား ပူးတွဲထုတ်ပြန်ခဲ့တာပါ။
COVID-19 ကပ်ရောဂါအကြပ်အတည်းနဲ့အတူ လူစုလူဝေးတွေ အလုပ်ရုံတွေကို လူခွဲဖို့လုပ်နေရချိန်မှာ၊ ရန်ကုန်တိုင်းအတွင်းက စိုးရိမ်စရာအခြေအနေတရပ်ကတာ့ လူဦးရေ ၅ သိန်းလောက်ရှိတဲ့ စက်မှုဇုံအလုပ်သမားတွေအရေးကိစ္စဖြစ်ပါတယ်။
အလုပ်သမား ၅,၀၀၀ ထောင်လောက်ရှိတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က မြန်မာနစ်တင်း အထည်ချုပ်ဟာ သူ့ရဲ့ဝန်ထမ်းထက်ဝက်ကျော်ကို လျှော့ချလိုက်ပါတယ်။ အထည်ချုပ်လုပ်ငန်းအများစုဟာ တလကျော်လောက် ကုန်ကြမ်းအလုံအလောက်မရတာ ပြည်ပအမှာတွေရပ်တန့်နေတာကြောင့် စက်ရုံလုပ်သားတွေလျှော့ချတာ စက်ရုံပိတ်သိမ်းတာတွေတဖြည်းဖြည်းလုပ်လာနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်နေရတဲ့အချိန် စက်ရုံအလုပ်သမားတွေ‘အိမ်မှာနေခွင့်’ကို အရေးကြီးကိစ္စအဖြစ် သတ်မှတ်ပေးဖို့ အလုပ်သမားသမဂ္ဂတွေက အစိုးရကို တောင်းဆိုခဲ့တာ မအောင်မြင်ခဲ့ပါဘူး။
COVID-19 ရောဂါပိုး တကမ္ဘာလုံးကို မြန်မြန်ဆန်ဆန် ပျံ့နှံ့လာတဲ့အတွက် ထိုင်းနဲ့ မလေးရှားက ပြန်လာတဲ့ မြန်မာနိုင်ငံသားတိုင်း ကိုယ့်နေအိမ်မှာ ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်ခံရမယ့် အစီအစဉ်ကို အစိုးရက ဒီနေ့ ကြေညာပါတယ်။
COVID-19 ကြောင့် လူစုလူဝေးနဲ့ လုပ်ရမယ့်ကိစ္စတွေအားလုံးကို အစိုးရက ပိတ်လိုက်ပေမဲ့ လူထောင်ချီ အလုပ်လုပ်နေတဲ့ စက်ရုံတွေကိုလည်း ပိတ်သင့်၊ မပိတ်သင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အမြန်ဆုံးတွေ့ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က မတ်လ ၁၉ ရက်က တိုက်တွန်းထားပါတယ်။
တကမ္ဘာလုံးက နိုင်ငံပေါင်း ၁၄၀ ကျော်မှာ Peace Corps စေတနာ့ဝန်ထမ်းပေါင်း ၂၃၀,၀၀၀ ကျော် ရှိနေတာဖြစ်ပြီး သူတို့အားလုံးကို အမေရိကန်ပြည်ထေင်စုကို ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာပါ။
ထိုင်း၊ မလေးရှားနဲ့ ကိုရီးယားကို အလုပ်သွားလုပ်မယ့်သူတွေအတွက် အလုပ်သမားသက်သေခံကဒ်ပြား ထုတ်ပေးတာကို မနက်ဖြန် မတ်လ ၁၈ ရက်ကစပြီး ယာယီရပ်နား လိုက်တယ်လို့ အစိုးရက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီတွေကို ဒီကနေ့ အသိပေး ကြေညာလိုက်ပါတယ်။
Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်က အမိန့်ကြော်ငြာထုတ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် Covid-19 တကမ္ဘာလုံးနီးပါးမှာ ပျံ့နှံ့ ကူးစက်နေတာနဲ့အမျှ တရုတ်ကုန်ကြမ်းနဲ့လည်ပတ်နေတဲ့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းခက်ခဲလာပြီး တချို့စက်ရုံတွေကတော့ ပိတ်သိမ်းသွားပါတယ်။
ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ UPDJC ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
အတိုင်ပင်ခံဟာ ၂၀၂၀ နှစ်ဦးကစလို့ ပြည်နယ်နဲ့တိုင်းက လူထုနဲ့တွေ့ဆုံတာတွေ လုပ်နေပြီး သူ့ခရီးစဉ်အတွင်း လူထုထောက်ခံမှုအရ NLD အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့တိုင်းဒေသအများစု အနိုင်ရမယ်လို့ မျှော်လင့်တဲ့အကြောင်း ပါတီပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ ဒေါ်လာဈေး တဖြည်းဖြည်း ကျလာနေတာကြောင့် စီးပွားရေး လုပ်ငန်း ရှင်တွေ၊ အထူးသဖြင့် ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူတွေ ထိခိုက်နေတယ်လို့ ပြောကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်