NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးခဲ့ပြီး CRPH ခေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းတာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ထုတ်ပြန်တာကို ထောက်ခံကြိုဆိုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ရန်ကုန်မြို့က နွေဦးတော်လှန်ရေး ဆန္ဒပြသပိတ်တွေ အချိန်ကာလ ၂ လကျော်လာချိန်အထိ အားကောင်းနေဆဲပါ။ အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရတဲ့နည်းနဲ့ ဆန့်ကျင်နေကြတဲ့ ရန်ကုန်ကလာတဲ့ သပိတ်အခြေအနေတွေကို မဆုမွန်က ပြောပြပါမယ်။
ဧပြီ ၁ ရက်ကနေ ၃ဝ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ စစ်တပ်က ထုတ်ပြန်ထားချိန်မှာပဲ ကချင်ပြည်နယ်၊ ကားမိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးပေါ် နေရာ နှစ်နေရာမှာ ဒီနေ့ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြထားပါတယ်။
ပင်လယ်ထဲကကျွန်း ဘာဆာချာဆီကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေ လေးထောင်ကျော် ခြောက်ကြိမ်မြောက် ထပ်ပို့ဆောင်လိုက်ပါပြီ ။ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တဦးအပါအဝင် ဒေသခံပြည်သူတချို့သေဆုံးခဲ့ရသလို ကရင်ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ ဒီအကြောင်း နောက်ဆုံးအခြေအနေကို ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ထူးထူးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်ကအာဏာသိမ်းထားတာ ဒီနေ့ ၅၈ ရက်ရှိနေပြီဖြစ်သလို ဒီအပေါ် ကန့်ကွက်ဆန္ဒပြနေသူတွေကလည်း ဇွဲမလေ ျှာ့ ဆက်ပြနေကြပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ်စစ်တပ်နဲ့ရဲဘက်က လက်နက်ကိုင်အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ဒီကနေ့မှာလည်း ရန်ကုန်မြို့မှာ သေဆုံးသူတွေ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေကို ဆက်လက် ဖမ်းဆီးဖိနှိပ်နေတာမှာ ဒီနေ့ပဲ မြစ်ကြီးနားမြို့က အေးစေတီသပိတ်အကြောင်း သတင်းရယူနေတဲ့ Kachin Waves သတင်းနဲ့ The 74 သတင်းဌာနတွေတို့က သတင်းထောက် နှစ် ယောက်ဖမ်းခံခဲ့ရတယ်လို့ Kachin Waves သတင်းဌာနက အတည်ပြုထားပါတယ်။
ရန်ကုန်က ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တချို့ ဒီကနေ့ ထောင်တွင်း ယာယီတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့သလို နယ်သတင်းထောက်တချို့လည်း ဒီကနေ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၂ လနီးပါး ရှိလာပြီဖြစ်ပေမဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာတွေကို ပြည်သူအများစုက ပုံစံမျိုးစုံနဲ့ ပါဝင် ပြုလုပ်နေကြတာပါ။
ရန်ကုန် နေရာအနှံ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆန္ဒပြသူ အယောက် ၆၀၀ ဝန်းကျင်လောက်ဒီနေ့ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာပါတယ်။ ဆက်လက် ထိန်းသိမ်းခံထားရသူတွေလည်း အများအပြား ရှိနေဆဲပါ
စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ကြားကပဲ၊ ရန်ကုန်တိုင်းအတွင်း တိုင်းလုံးကျွတ်အသံတိတ်သပိတ်စတင်ဖို့ ဒီနေ့ စည်းရုံးဟောပြောကြသလို၊ အရုဏ်ဦးသပိတ်၊ ရွေ့လျားသပိတ်၊ လမ်းလျှောက်သပိတ် ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။
ရိုဟင်ဂျာမူဆလင်ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းမှာ ဒီကနေ့နေ့လယ်ပိုင်းက စလို့ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်နေပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ရှောင်ရှားနိုင်ဖို့ အာရုဏ်ဦးသပိတ်တွေကို ပုဇွန်တောင်၊ ကမာရွတ်နဲ့ နေရာတချို့မှာ ပြုလုပ်ခဲ့ပါတယ်။ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ တာမွေနဲ့ လှိုင်သာယာမြို့နယ်၊ လှိုင်မြို့နယ်တွေမှာ ပျောက်ကြားသပိတ်တွေ လုပ်ခဲ့ကြပါတယ်။
နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူတွေ ရာချီရှိနေပေမဲ့ ဆန္ဒပြသူတွေကတော့ ပုံမှန်အတိုင်း ဆက်လက် ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
ရန်ကုန် တာမွေမြို့နယ်မှာ မတ်လ ၃ ရက်နေ့က ဆန္ဒပြမှုကို စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်နှိမ်နင်းရာမှာ ကျောင်းသားလူငယ် ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တချို့ပြန်လွတ်လာပေမဲ့ ဗကသများအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားလူငယ် ၂၀၀ ကျော် ဆက်ပြီး ဖမ်းဆီးခံထားရပါတယ်
စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်တာတွေကြောင့် လှိုင်သာယာမြို့နယ်တွင်းမှာ နယ်မြေစွန့်ခွာ ထွက်ပြေးရသူတွေ တိုးလာနေပါတယ်။ ဆေးရုံအနီးနား တပ်စွဲထားတာတွေကြောင့်လည်း အရေးပေါ်လူနာတွေကလွဲလို့ လူနာတချို့ကို ရက်မပြည့်ဘဲ အိမ်ပြန်လွှတ်ရတဲ့ အခြေအနေမှာ ရှိနေတာပါ။
နိုင်ငံတစ်ဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် အင်အားသုံး ဖြိုခွဲနေပေမယ့် ဆန္ဒပြသူတွေကတော့ ဆက်လက်ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေငြာထားခံရတဲ့ လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဆန္ဒဖော်ထုတ်မှုတွေကို အရှိန်မြင့်ဖြိုခွဲမှုတွေ ရှိနေသလို နေ့ည ပစ်ခတ်မှုတွေ ရှိနေတာကြောင့်ဘယ်အချိန် သေနတ်မှန်မလဲဆိုတာ ကြောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းလို့ နေ့စဉ်ထိခိုက်သေဆုံးမှုတွေတိုးလာပေမဲ့ ဆန္ဒပြမှုတွေကတော့ ဆက်ပြီးရှိနေဆဲပါ။ ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွင်း ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် တဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်