[Zawgyi/Unicode]
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ နေရာတွေမှာ ကျဆုံးသူတွေကို သဂြိၤုလ်ဖို့နဲ့ လူမှုကယ်ဆယ်ရေး လုပ်သူတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်းကိုတော့ဗွီအိုအေသတင်းထောက် မဆုမွန် တင်ပြပေးပါမယ်။
စစ်အုပ်ချုပ်ရေးကောင်စီက လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားပါတယ်။ မတ်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့က လှိုင်သာယာအပါအဝင် မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးစနစ် အလိုမရှိကြောင်း ဆန္ဒဖော်နေတဲ့ပြည်သူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှုတွေကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး လူရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကြေငြာထားခံရတဲ့ လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဆန္ဒဖော်ထုတ်မှုတွေကို အရှိန်မြင့်ဖြိုခွဲမှုတွေ ရှိနေသလို နေ့၊ ည ပစ်ခတ်မှုတွေ ရှိနေတာကြောင့်ဘယ်အချိန် သေနတ်မှန်မလဲဆိုတာ ကြောက်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ အချိန်ဖြစ်နေတာကြောင့် တနေရာနဲ့ တနေရာ လမ်းပန်းသွားလာရခက်ခဲနေတာတွေ ရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ပေးဖို့ ဝင်ခွင့်မပေးတာတွေ ရှိနေလို့ ကူညီကယ်ဆယ်ရေးပိုင်းမှာ ခက်ခဲနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
"သူတို့တွေက ရပ်ကွက်ထဲမှာကို တောနင်းပြီး ပစ်တာ။ ပြောရရင်သူတို့လမ်းကြောင်းတလျှောက် ပိတ်ဆို့ထားတာတွေ ရှင်းတဲ့အခါကျရင် စစ်တပ်က မဲမဲမြင်တာ အကုန်ပစ်သွားတာ။ အကုန်ရမ်းသမ်းပစ်တော့ ညကဆို လမ်းထဲနေတဲ့သူရပ်ကွက်နေတဲ့သူတွေကို မဲမဲမြင်ရာပစ်တော့ ရပ်နေတဲ့သူတွေရော၊ အိမ်ရှေ့ကိုယ် ထိုင်နေတဲ့သူတွေရော အကုန်ထိတယ်ဗျ။ ထိကုန်လို့ ညကဆေးရုံကို အသဲအသန်ပို့ရတယ်။ လက်ရှိအခြေအနေက ဘာအခြေအနေဖြစ်လဲဆိုတော့ ည ၇ နာရီကျော်တာနဲ့ မပစ်ဖို့ ပြောထားတာပေါ့ဗျာ။ လမ်းပေါ်ထွက်လို့ ထိတယ်ဆို ကျနော်တို့မှာ ညပိုင်း တကယ်လို့ ဖြစ်ပေါ်လာလို့ရှိရင် ဒါတွေကို ပို့ပေးဖို့ အရေးကို ကြောင်ကျိုးကြောင် ကြားကနေ သွားရတာပေါ့၊ မီးတွေမှိတ်၊ သုံးဘီးတွေနဲ့ အဲ့လို့ သွားရတာပေါ့။"
နောက်ထပ်အခက်အခဲ ကြုံနေရတဲ့နေရာကတော့ ရွှေပြည်သာမြို့နယ်မှာပါ။ ရွှေပြည်သာမြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီဘက်က စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားပါတယ်။ လတ်တလောမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူတွေမှာ သဂြိၤုလ်ဖို့မှာ လူစုလူဝေး ပြုလုပ်ခွင့်မပေးတာနဲ့ အခုချိန်ထိ သေဆုံးသူရုပ်အလောင်းတွေ ကိုထုတ်မပေးသေးတာကြောင့် သဂြိၤုလ်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ရွှေပြည်သာ အကြမ်းဖက်ဖြိုခွဲမှုမှာ ကျဆုံးသွားရသူ ဦးဖြိုးဇော်လင်းရဲ့ ဇနီးက ဗွီအိုအေကို ပြောပါတယ်။
"အခုက ဘယ်လိုဖြစ်နေသလဲဆိုတော့ သူတို့လုပ်ပေးတဲ့အတိုင်းတွေပဲ လိုက်ပြီးတော့ စီမံတဲ့အတိုင်း နာခံပြီး လုပ်နေရတယ်။ ကိုယ့်သဘောနဲ့ကို ဘာတခုမှ လုပ်လို့မရဘူး။ အခု ဖိတ်စာတွေလည်း ဘာမှမစီစဉ်ရသေးဘူး။ ဖိတ်စာတွေဘာတွေလဲ မလုပ်နိုင်ဘူး။ လက်ထဲ လည်း ငွေမရှိတော့ ဘာမှမလုပ်နိုင်ဘူး။ ခုကလည်းလူတွေက ဒီနေ့တပြိုင်နက်ချရမယ်။ သူတို့က အဲဒီလို အအေးခန်းမထားတတ်ဘူးတဲ့။ ကျမတို့မှား အားချင်းတွေလုပ်နေရတယ်။ ဒီနေ့ ၃ ရက်ပြည့်တဲ့ နေ့မှာ အလောင်းက အခုချိန်ထိအပြင်ထွက်မလာသေးဘူး။ အခုအဲဒါစောင့်နေရတာ။ ချက်ချင်းစီစဉ်စရာတွေက ဘယ်လိုမှ စီစဉ်လို့မရဘူး။ သူတို့ကို အကြောင်းပြချက်သွားလည်း မပေးရဲဘူး။ အမှန်တိုင်းပြောတာ ကိုယ်လဲကြောက်တယ်။ ရင်ကျိုးမရဖြစ်ရတာပေါ့နော်။ သူ့လုပ်စာကို ထိုင်ပြီးစားနေရတဲ့ မိန်းမတယောက်ရဲ့ ခံစားချက်အနေနဲ့ ပြောရရင်တော့ ရင်ထုမနာဖြစ်တယ်။"
လှိုင်သာယာဘက်မှာလည်း သေဆုံးသွားရတဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရ ပစ်ခတ်မှု ကြောင့် လူ ၇၆ ယောက်သေဆုံးခဲ့ပြီး ဒီနေ့ မတ်လ ၁၆ ရက်နေ့မှာတော့ လူ ၄၀ ကျော်ကို ထိန်ပင်သုဿန်မှာ သင်္ဂြိုလ်ဖို့ ရှိပါတယ်။ စစ်အုပ်ချုပ်ရေးကြေငြာထားတာကြောင့် သေဆုံးရင် လုပ်ဆောင်လေ့ရှိတဲ့ ရိုးရာဓလေ့ ထုံးတမ်းတွေလုပ်ဆောင်ခွင့်မရဘဲ သေဆုံးသူတွေကို သဂြိၤုလ်နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မန္တလေးမြို့မှာတော့ သပိတ်စစ်ကြောင်းတခုမှာဖြိုခွင်းခံရချိန်မှာ ကျဆုံးခဲ့တဲ့ ကိုနိုင်မင်းကို ရဲ့ ရုပ်အလောင်းထုတ်ယူခွင့်မပေးလို့ မိသားစုက သင်္ဂြိုလ်ခွင့်မရလိုက်ဘဲ ရက်လည်ဆွမ်းသွပ်ခဲ့ရတာ ရှိခဲ့သလို အသက် ၁၉ နှစ်အရွယ် မောင်လင်းထက်ဆိုသူ တဦးမှာလည်း သေဆုံးခဲ့ပြီး ရုပ်အလောင်းထုတ်မပေးတာကြောင့် မိသားစုက ရုပ်အလောင်းမပါဘဲ သဂြိၤုလ်ခဲ့ ရတာတွေ ရှိခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီက အရပ်သားအစိုးရဆီက အာဏာသိမ်းတာ အခုဆိုရင် ရက်ပေါင်း ၄၄ ရက်ရှိနေပြီဖြစ်ပြီး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲဖမ်းဆီးတာ တွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၂၀၀ လောက် ရှိနေပြီး ထိခိုက်ဒဏ်ရာသူ၊ ဖမ်းဆီးထိန်းသိမ်းခံရသူကတော့ ထောင်နဲ့ ချီပြီး အများအပြား ရှိနေပါတယ်။
[Unicode Version]
စဈအုပျခြုပျရေးအခွအေနကွေောင့ျ သဆေုံးသူတှေ နာရေးခကျခဲ