စစ်အာဏာသိမ်းပြီးချိန်က စလို့ ဒီကနေ့အထိ လူပေါင်း ၂၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး ဆန္ဒပြအကြမ်းဖက်ဖြိုခွဲမှုကြောင့် အသက်ဆုံးသွားသူပေါင်း ၁၃၀ ကျော်အထိ ရှိသွားပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က ပြောပါတယ်။
အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က ပစ်ခတ်အကြမ်းဖက်တာတွေရှိပေမဲ့ ဒီကနေ့မှာ ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် ပြုလုပ်နေကြဆဲပါ။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ နိုင်ငံတဝန်း ဒီကနေ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ကျည်အစစ်ပါသုံးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံး ၁၁ ဦးထက်မနည်း ရှိပါတယ်။
ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးက တပ်မတော် စစ်စခန်းနဲ့ ရဲစခန်းကို ဒီကနေ့ မနက်အစောပိုင်းက KIA ကချင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒါဟာ ဗဟိုညွှန်ကြားချက်နဲ့ တိုက်တာမဟုတ်ကြောင်း KIA က ငြင်းဆိုထားတဲ့သတင်းကို ပြောပြပါမယ်။
ရက်ပေါင်း ၄၀ နား ကပ်လာနေပြီဖြစ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ နိုင်ငံတဝန်း အရှိန်ကောင်းနေဆဲပါ။ စစ်အုပ်ချုပ်ရေးကာင်စီရဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ နှိမ်နင်းမှု တွေကလည်း နေရာအနှံ့မှာ ပိုပြင်းထန်လာတာတွေ ရှိနေပါတယ်။
မင်္ဂလာတောင်ညွှန့် မြို့နယ်က မလွှကုန်းမီးရထားဝန်းကို ရဲနဲ့ စစ်တပ်အင်အား ၁,၅၀၀ ဝန်းကျင်လောက် ဒီကနေ့ မနက်အစောပိုင်းမှာ ထွက်ပေါက်တွေကို ပိတ်ဆို့ထားပါတယ်။ အဲဒီနောက်မှာပဲ ဝင်းထဲက မီးရထားဝန်ထမ်း မိသားစုတွေကို ဝန်ထမ်းအိမ်ယာတွေကနေ ဆင်းခိုင်းပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းတဲ့ရက် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း မင်းသွေးသစ် တလကျော်ကြာမှ အင်းစိန်သီးသန့်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတာသိရလို့ ဒီကနေ့မှာတော့ ပထမဆုံးအကြိမ် မိသားစုက အရေးကြီး လိုအပ်တဲ့ဆေးဝါးအပါအဝင် ထောင်ဝင်စာပေးခွင့်ရပါတယ်။
ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ မန္တလေးက အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့လာတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လမ်းဘေးမှာ ရပ်ကြည့်နေသူလူငယ်တစ်ဦး လည်ပင်းကျည်ဆံထိမှန်ပြီး သေဆုံးသွားပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။
သေဆုံးထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိနေတဲ့ မြောက်ဥက္ကလာပဆေးရုံကြီးက အရေးပေါ်အခြေအနေမှာ ဆရာဝန် ကျန်းမာရေးဝန်ထမ်း အင်အားအရေးတကြီး လိုအပ်နေပေမဲ့ လုံခြုံရေးတပ်တွေဘက်က လမ်းပိတ်ဆို့ထားတဲ့အတွက် ကူညီကယ်ဆယ်ပေးဖို့ သွားနေတဲ့ဆရာဝန်တွေ အခက်ကြုံနေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ဒီကနေ့အထိဆို ၇၀၀ ကျော်သွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကပြောဆိုလိုက်ပါတယ်။
နိုင်ငံမှာ စစ်အာဏာသိမ်းမှုပါ ထပ်ဖြစ်လာလို့ မြန်မာနေရပ်ပြန်ရေးက ပိုပြီး မရေရာလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအသီးသီးကနေ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပင်လယ်ပြင်ကိုထွက်ခွာနေကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ခေါ်ယူတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် မနက်ဖြန်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို အသုတ်လိုက် Bhsan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးနေရာမှာ အခု စနေနေ့မှာလည်း နောက်ထပ် ဒုက္ခသည် ၁,၄၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြောင်းလဲအောင် ဖိအားပေး လှုပ်ရှားမှုတွေ ရှိနေပေမယ့် NLD ပါတီအနေနဲ့ လွှတ်တော်ခေါ်ယူရေး၊ အစိုးရဖွဲ့ရေး ကိစ္စတွေကို အစီအစဉ်အတိုင်း ဆောင်ရွက်သွားမယ်လို့ အာဏာရ NLD ပါတီ ပြောခွင့်ရသူက ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသ စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တတိယအသုတ်ကို Bhasan Char ကျွန်းပေါ် ပြောင်းရွှေ့နေပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း တရားမျှတမှုတွေရဖို့ ဖော်ထုတ်တဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ ဒုက္ခသည်တွေရဲ့အသံတွေကို နားထောင်ပေးကြဖို့နဲ့ နေရပ်ပြန်ရေး ဒုက္ခသည်တွေရဲ့သဘောထားတွေကိုလည်း မေးပါလို့ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်တဦးက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအတွက် Covid19 ကာကွယ်ဆေး ရံပုံငွေတွေကို နိုင်ငံတကာရောက် မြန်မာတွေ ကူညီပေးပို့နေကြရာမှာ၊ အမေရိကန်ပြည်ထောင်စုမှာလည်း မြန်မာလူငယ်တွေနဲ့ သံဃာတော်တွေ ဦးစီးပြီး ရံပုံငွေ ကောက်ခံ စုဆောင်းမှုတွေ လုပ်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ရန်ပုံငွေတွေကို နိုင်ငံတကာရောက် မြန်မာတွေ ကူညီပေးပို့နေကြရာမှာ၊ အမေရိကန်ပြည်ထောင်စုမှာလည်း မြန်မာလူငယ်တွေနဲ့ သံဃာတော်တွေ ဦးစီးပြီး ရန်ပုံငွေ ကောက်ခံ စုဆောင်းမှုတွေ လုပ်နေပါတယ်။
COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးနှံခွင့်ရမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းစာရင်းတွေနဲ့ ပြည်သူလူထုကြား ကာကွယ်ဆေးထိုးနှံလိုသူတွေရဲ့ စာရင်းတွေ လိုက်လံကောက်ခံနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် အိန္ဒိယက လှူဒါန်းလိုက်တဲ့ COVID-19 ကာကွယ်ဆေးတွေ နိုင်ငံတဝန်းက ပြည်နယ် တိုင်းတွေဆီ မကြာခင် ရောက်ရှိလာတော့မှာဖြစ်လို့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေအတွက် ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်