စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်တာဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်တာနဲ့ အတူတူပဲမို့ စစ်ကောင်စီကို နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလာအောင် အီတလီရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက အဓိက ကြိုးပမ်းနေ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် ကားကြီးဝင်းအနီးနဲ့ မူးဘောင်ပေါ်မှာ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ဒေသခံ ၂၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက စိုးရိမ်ရတဲ့သူတွေလည်း ရှိနေတယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူတွေအပါအဝင် ရိုဟင်ဂျာ ၁၀၀၀ ကို နေရပ်ပြန်လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်ကတော့ နေရပ်ပြန်ရေးရှေ့ပြေးအစီအစဉ်အပေါ် လုံခြုံရေးစိုးရိမ်မှုတွေနဲ့ သံသယရှိနေကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ခင်ဦးမှာ ပျူစောထီးလက်ချက်ကြောင့် ဒေသခံတဦး သေဆုံး ခင်ဦးမြို့နယ် မြကန်ကျေးရွာကို ပျူစောထီးတွေ ဝင်ရောက်ကာ ပစ္စည်းတွေယူဆောင်သွားပြီး ကျေးရွာသားတဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မြောင်မြို့နယ်မှာလည်း စစ်တပ်နဲ့ PDFတပ်တွေကြား တိုက်ပွဲဖြစ်နေပါတယ်။ မဆုမွန် တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာကို စစ်တပ်အားပေးထောက်ခံတဲ့ ပျူစောထီးတွေ ဝင်ရောက်ကာ ပစ္စည်းတွေယူဆောင်သွားပြီး ကျေးရွာသားတဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်မြို့နယ်မှာဆိုရင်လည်း စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
ယူကရိန်းကို ရုရှားကျုးကျော်ဝင်ရောက်မှုနောက်ပိုင်း ယူကေမှာ လျှပ်စစ်ဓာတ်အားခဈေးနှုန်းတွေမြင့်တက်လာတာကြောင့် နေရောင်ခြည်သုံးစွမ်းအင်အသုံးပြုတဲ့ ဆိုလာပြားတွေတပ်ဆင်လာပါတယ်။ အေပီသတင်းကို အခြေခံပြီး မဆုမွန် ပြောပြပေးပါမယ်။
စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ တပ်စွဲထားတဲ့ ပုလဲမြို့နယ်က ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ခဲ့သလို အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
“အိမ်ခြေကတော့ ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ ၂၇၅ အိမ်ပေါ့။ လူနေအိမ်ဆိုရင်တော့ ၂၇၃ အိမ်ပေါ့၊ ဘုန်းကြီးကျောင်းက သံဃာဆောင်တစ်ဆောင်ရယ်၊ ဆွမ်းစားဆောင်တစ်ဆောင်ရယ် အဲ့ဒါရောပေါင်းမှ ၂၇၅ အိမ်ပေါ့။ ဘုန်းကြီးကျောင်းကိုလည်း ပစ်မှတ်ထားတဲ့ပုံပါဘဲ။ ရည်ရွယ်ချက်ရှိရှိ ရှို့တဲ့သဘောပါဘဲ အရာကြည့်ရတာကတော့။ “
"စဖြစ်တဲ့ အခြေအနေကတော့ လျှပ်စစ်မီးဝါယာကြိုး ရှော့ဖြစ်ပြီးတော့ အိမ်တစ်လုံးအရင် မီးလောင်သွားတယ်။ အဲဒီကနေ မီးလောင်သွားတဲ့ အိမ်ခြေစုစုပေါင်းက ၃၆ လုံး ရှိပါတယ်ခင်ဗျ။"
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မီး ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်နဲ့ အကြမ်းဖက်အန္တရာယ်တွေက သတိပြုကာကွယ်နိုင်ရေး ရိုဟင်ဂျာလူငယ်တွေဘက်က ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးနေကြတဲ့အကြောင်း ရိုဟင်ဂျာလူငယ်ဓာတ်ပုံဆရာ ဆာဟတ်ဇီယာ ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မတ်လ ၁၄ ရက်နေ့က ပျူစောထီးအဖွဲ့တွေက ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး ရပ်ရွာကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်သင်တန်း တက်ကြဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုထိတော့ ကျွန်တော် ဖွင့်တယ်လို့တော့ မကြားသေးဘူးဗျ။ ဘယ်သူမှလဲ မသွားရဲဘူးဖြစ်နေတာ။ ၁၀ ရက်နေ့ကို ပြန်ဖွင့်တယ်လို့ပဲ ပြောတာပါဗျာ။ ဒါပေမယ့် ဘယ်သူမှလဲမသွားရဲ၊ မလာရဲတော့ ဖွင့်တယ်လို့တော့ မကြားမိသေးဘူး။ သွားလို့လာလို့လည်း မရသေးဘူး။ သွားလို့လာလို့ရနေတာကတော့ သူတို့တွေချည်းပါပဲ။ "
မီးလောင်ကျွမ်းမှုဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ဒီ့ထက်ပိုပြီး ထိရောက်တဲ့ အကူအညီတွေ ပိုတိုးပေးပါလို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာအကြံပေး ဦးအောင်ကျော်မိုးက တောင်းဆိုလိုက်ပါတယ်။မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နိုင်ငံအသီးသီးက အမျိုးသမီးတွေ ပါဝင်ဆင်နွှဲလေ့ရှိပေမယ့် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ စစ်ဘေးဒုက္ခသည်ဘဝနဲ့ အမျိုးသမီးတချို့က အဲဒီနေ့ကို ဖြတ်သန်းရမှာပါ။
လူပေါင်း လေးသောင်းခုနှစ်ထောင်ကျော် အသက်ဆုံးပါးခဲ့ရတဲ့ တူရကီနဲ့ ဆီးရီးယား ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မလေးရှားရောက်ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေက တတ်စွမ်းသလောက် ဝိုင်းဝန်းလှူဒါန်းပေးနေတဲ့အကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ်ဘုရားဖူးသွားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပြီလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ဒီလ ၁ ရက်နေ့ကစပြီး ဒုက္ခသည်စခန်းတိုင်းမှာရှိတဲ့ စခန်းတာဝန်ခံတွေကနေတဆင့် ဘုရားဖူးသွားလိုတဲ့ လူဦးရေ စာရင်းကို လက်ခံဆောင်ရွက်နေပါပြီ။
စစ်အာဏာသိမ်းလိုက်ချိန် စစခြင်း၊ ချက်ခြင်း အထိန်းသိမ်းခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
လာမယ့် မတ်လ ၁ ရက်နေ့ကစလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးနေတဲ့ အကူအညီတွေကို လျှော့ချမယ့်အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFP က ဒီလထဲ ကြေညာလိုက်တဲ့အပေါ် လုံလောက်တဲ့ စားနပ်ရိက္ခာတွေမရတော့တဲ့ အခြေအနေဖြစ်လာမှာကို ရိုဟင်ဂျာဒုက္ခသည်တွေ အတော်လေးကို စိုးရိမ်စိတ်မကောင်းဖြစ်နေကြပါတယ်။
“ကျနော်တို့ ပြေးလက်စနဲ့ ကျနော်တို့ ဒီဖက်ကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းတွေထပ်ထိုးလာလို့ အခုကျနော်တို့ ပြေးရင်းတန်းလန်းနဲ့ ဆုတ်ပြေးလာတဲ့နေရာကနေ နောက်ထပ် ပေ ၅၀၀ လောက်အကွာ အဲ့လောက်အကွာကို ထပ်ရွှေ့ကြရတယ်ဗျာ အခုချိန်ထိ ရွာထဲကို ပြန်သွားလို့မရဲသေးဘူး၊ ဓနိတောတွေ လယ်တွေထဲမှာပဲ ပိတ်မိနေကြတုန်။း”
နောက်ထပ်ကြည့်ရှုရန်