ထိုင်းနိုင်ငံဘက်က တောမီးရှို့တဲ့ အခြေအနေကြောင့် မြို့ထဲမှာ မီးခိုးမြူငွေ့ ညစ်ညမ်းတာ နှစ်စဉ်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးခိုးငွေ့ကြောင့် မျက်လုံးနီရဲ စပ်ဖျဉ်းတာ၊ လည်ချောင်းယားတာတွေက အပြင်မထွက်ဘဲ နေအိမ်ထဲမှာတင် ခံစားနေရတဲ့ အခြေအနေလို့ တာချီလိတ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အပြင် ဒီအဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
ဒေသခံတွေကို မီးလောင်ကျွန်းကျေးရွာမှာ ဖမ်းဆီးထိန်းသိမ်းထားသလို စစ်ကြောင်းဟာလည်း ရွာထဲမှာ တပ်စွဲနေတာ ၂ ရက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အစိုးရလက်နက်ကိုင်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်သားတွေဟာ ဒီလ ၁၃ရက်နေ့ နေ့ခင်း ၁၂နာရီလောက်မှာ ပလက်ဝမြို့နယ် ရွှေလိုက်ဝရွာ အတွင်းကို ဝင်ရောက်ခဲ့တာပါ။
“ အဓိကကတော့ ဖားကန့်မြို့နယ်၊ မျောက်ဖြူရွာနဲ့ မနရွာမှာပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု အဲဒီအဖွဲ့အစည်းကနေ ပထမ ၅ ရက်နေ့ကျတော့ တစ်ယောက်။ နောက်နေ့ ၈ ရက်နေ့မှာ ၃၀။ နောက်ဆုံးရက်ကျတော့ ၁၇ယောက်။ အဲဒါဆိုတော့ အကုန်လုံး ၅၀ ဝန်းကျင်ဖြစ်မယ်။ ၇၊ ၈ ၊ ၉ တောက်လျောက် အဲလိုမျိုး ဆွဲသွားတာ။ ”
TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က သူတို့ဒေသတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေကို ၆လအတွင်း CDM လုပ်ဖို့နဲ့ လိုက်နာမှုမရှိရင် အရေးယူသွားမယ်လို့ သတိပေးလိုက်ပါတယ်။
ကိုဗစ်အကန့်အသတ်တွေ ဖြေလျှော့ပြီးတဲ့နောက် တရုတ်နိုင်ငံဟာ သူ့ရဲ့ ရပ်ဝန်းနဲ့လမ်းမ စီမံကိန်းတွေထဲက ယူနန်ပြည်နယ်နဲ့ ချိတ်ဆက်မယ့် ရထားလမ်း စီမံကိန်းတွေကို ပြန်ပြီး စတင်လာနေပြီ ဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်စစ် တနှစ်ပြည့်တဲ့အချိန် ရုရှားရဲ့ စီးပွားရေးလုပ်ငန်းစုံအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ချမှတ်နေတာပါ။ ဒီထဲကျန်နေသေးတာက ရုရှားနိုင်ငံက ထွက်တဲ့ စိန်ရောင်းဝယ်မှုပါ။ အပြည့်အစုံကို ကိုစံကျော် ပြောပြပါလိမ့်မယ်။
ရွေးကောက်ပွဲ ကော်မရှင်မှာ ဖေဖော်ဝါရီလကုန်ပိုင်းက ပါတီမှတ်ပုံတင်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ပါတီအနေနဲ့ ဥပဒေအရ စစ်ဆေးမေးမြန်တာတွေရှိလာနိုင်တာကြောင့် အစစ်မခံချင်တဲ့ သူတွေ ပါတီကနေမိမိဆန္ဒအလျောက်နုတ်ထွက်နိုင်တယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် ရခိုင်ပြည်နယ်ကိုလာရောက်ပြီး စီးပွားရေးအခြေအနေတွေကို မေးမြန်း၊ တင်ပြခွင့်ရတာကြောင့် ရခိုင်စီးပွား ရေးလုပ်ငန်းတွေ အတိုင်းအတာတခုအထိ တိုးတက်လာနိုင်တယ်လို့လည်း မျှော်လင့်နေပါတယ်။
ပြည်တွင်းထုတ် စစ်ဝတ်စုံ ကိုသာ အမြဲတမ်းဝတ်ဆင်တတ်တဲ့ ယူကရိန်း သမ္မတ Volodymyr Zelenskyy ရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်ဟာ ယူကရိန်းကို ငြိမ်းချမ်းရေးအတွက် ကူညီပံ့ပိုးပေးနေကြတဲ့ ကမ္ဘာတလွှားက နိုင်ငံခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေရဲ့ ကြားမှ တစစ ရေပန်းစားလို့လာပါတယ်။ ကိုစံကျော်က တင်ပြပါလိမ့်မယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား လူသားချင်းစာနာမှုဆိုင်ရာ နှုတ်ကတိနဲ့ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဖက်က နှစ်ဦးသဘောတူ ကတိကဝတ်တွေကို လိုက်နာတာမရှိဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ပြုလုပ်တဲ့ Online သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။
သိရသလောက်တော့ ကျနော်တို့ စခန်းပြန်မယ့်ကိစ္စကိုပဲ ဦးစားပေးနေတယ်။ အဲလိုကျတော့ ဒီမှာနေမယ်ဆိုရင်လည်း အဆင်မပြေမယ့်အတူတူပေါ့။ ဒီမှာနေလည်း ပိုပြီးတော့ အခက်အခဲ ဖြစ်လာမလားပေါ့။ အားလုံးကတော့ အဲလိုမျိုး စိုးရိမ်ချက်တွေကြောင့်ပေ့ါ။ အခုကတော့ အားလုံးသိတဲ့အတိုင်းပဲလေ၊ ဘယ်နေရာမှ ငြိမ်းချမ်းတယ်ဆိုတာတော့ မရှိသေးပါဘူး
ဘင်္ဂလားဒေရှ့်နိုင်ငံမှာရှိနေတဲ့ ရိုဟင်ဒုက္ခသည်တွေနှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပြန်လည်လက်ခံဖို့ အဆင့်သင့် ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ စစ်ကောင်စီကို အယုံအကြည် မရှိတာကြောင့် ပြန်မလာဖြစ်သေးဘူးလို့ ပြောကြပါတယ်။
ရခိုင်ပြည်နယ်တွင်း သဘာဝဘေးအန္တရာယ်နဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ်စပါးစိုက်ရာသီမှာ တောင်သူအများစု စပါးမစိုက်နိုင်ပဲ လယ်ကွင်းတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့် ဒီနှစ် စပါးပေါ်ချိန်မှာတော့ ရခိုင်ပြည်နယ်ရဲ့ စပါးထွက် နှုန်း ၄၀ ရာခိုင်နှုန်းလောက်ကျဆင်းသွားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှုးနဲ့ တပ်ဖွဲ့ဝင်အချို့ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု လုံခံရွာမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။ စစ်ကောင်စီတပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက် တိုက်ပွဲအနီးကျေးရွာတွေက ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ်ရာ ဟိုခိုရွာကို တိမ်းရှောင်ခဲ့ကြပါတယ်
ဇမ်ဘာဘွေနိုင်ငံတွင်း စီးပွားရေးဆုတ်ကပ်နဲ့ ပြည်တွင်း မှာ ဒေါ်လာငွေကြေးပြတ်လပ်မှုတွေကြောင့် ဇင်ဘာဘွေက အာလူးရောင်းတဲ့ လူငယ်လေးဟာ သူနိုင်ငံထဲက မှောင်ခိုဈေးကွက်ထဲမှာ ဒေါ်လာအဟောင်းတွေကို ပြန်ရောင်းသူတစ်ယောက်ဖြစ်လာပါတယ်။ ရိုက်တာဆောင်းပါးကို အခြေခံပြီး ကိုစံကျော် တင်ပြပေးပါလိမ့်မယ်။
မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက် အန္တရာယ်တွေနဲ့ ပတ်သတ်ပြီး ဒေသခံတွေကို မိုင်းအသိပညာပေး လုပ်ဆောင် နေတာရှိပေမယ့်လည်း၊ အားနည်းနေသေးတယ်လို့ မိုင်းအသိပညာပေးလုပ်ဆောင်နေတဲ့အဖွဲ့တခုရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်အုပ်ချုပ်ရေး ကြေငြာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရဲစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကနီမြို့ သပြေတော ကျေးရွာအနီး ဒေသကာကွယ်ရေးအဖွဲ့တွေ စိုးမိုးရာနေရာကိုတော့ မြန်မာစစ်တပ်က လေကြောင်းက ပစ်ခတ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်