မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ နှစ်နှစ်နီးပါး ကြာမြင့်ချိန်မှာ လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်လာပြီး အကူအညီ လိုအပ်နေကြတဲ့ ကလေးငယ်ပေါင်း ၅ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။
လက်နက်ကိုင် ထိတွေ့တိုက်ပွဲ အခြေအနေတွေကြောင့် မုံရွာ - ကလေးဝ ချိတ်ဆက်ထားတဲ့ မဟာမြိုင်လမ်းတလျှောက် မော်တော်ယာဉ်တွေ ပိတ်မိနေတာ တပတ်နီးပါးရှိပါပြီ။ ခရီးသည်တင်ယာဉ်တချို့ လာရာလမ်းအတိုင်း လှည့်ပြန်သွားတာရှိသလို တချို့ကတော့ လမ်းဖွင့်ပေးမယ့် အချိန်အထိ စောင့်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။
တရုတ်နဲ့အီကွေဒေါ နှစ်နိုင်ငံအကြား တစ်နှစ်နီးပါးကြာတွေ့ဆုံညှိုနှိုင်းအပြီး ကုန်သွယ်ရေးသဘောတူညီချက် ရရှိပြီလိုအီကွေဒေါ နိုင်ငံရဲ့အကြီးအကဲတွေက ကြောငြာလိုက်ပါတယ်။ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေက အီကွေဒေါနိုင်ငံအတွက် အမှန်တကယ်အကျိုးရှိနိုင်ပါ့မလားစတဲ့အမြင်တွေကို ကိုစံကျော်တင်ပြပါမယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ ဆားတွေကို လာမယ့် ဧပြီလလောက်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို တင်ပို့နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင် များအသင်းကပြောပါတယ်။
အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်ပေါ်က မြို့လေး မြေတွေ တဖြေးဖြေး ကျွံဝင်နေလို့ ရာနဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွေ့ ကယ်ဆယ်နေရပါတယ်။ တောင်ပေါ်မြို့လေးမှာ ရေရှည်မှာ မြေသား ပျက်ဆီးနိုင်တဲ့ ဖွံဖြိုးရေးစီမံချက်တွေ ဆောက်လုပ်နေတာကြောင့် ကျွံဝင် နေတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ကိုစံကျော် ပြောပြပါ့မယ်။
ထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP ကတော့ အခု စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီတရပ်အနေနဲ့ ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ AFP ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု Las Vegas မြို့မှာ နှစ်စဉ်ကျင်းပမြဲ CES နည်းပညာ ကုန်စည်ပြပွဲ တက်ရောက်ပြသဖို့ သောင်းနဲ့ချီတဲ့ နည်းပညာတီထွင်သူတွေနဲ့ လာရောက်ကြည့်ရှုသူတွေ ရောက်ရှိနေကြပါတယ်။ ဒီပြပွဲမှာ ခေတ်သစ်နည်းပညာ ခေတ်ရေစီးကြောင်းကို လေ့လာနိုင်တာပါ။ Deana Mitchell သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။
“ ကျမစကားသုံးခွန်းပဲပြောပါတယ်။ သတင်းဌာနတိုင်းကို ၃ ခွန်းထက် အပိုမပြောလိုပါဘူး။ အဲဒါက နံပါတ် (၁) သတ်ချင်လို့သတ်တယ်။ သတ်လို့သေသွားပြီ။ ရခိုင်ပြည်က လုံခြုံရေး မရှိတော့ဘူး။ ဒီ ၃ ခွန်းပဲ ကျမပြောပါတယ်။ နောက် ဘာမှ မပြောချင်ပါဘူး။” (ဒေါ်စောမြရာဇာလင်း-ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ALP) ဒုဥက္ကဋ္ဌ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်အစိုးရဦးစီးကျင်းပတဲ့လွတ်လပ်ရေးနေ့အခမ်းအနားက ပြန်လာတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ် ခိုင်စောမြတ်နဲ့အရာရှိ ၂ ဦးတို့ သေနတ်ပစ်ခံရပြီးသေဆုံးသွားခဲ့ပြီး မြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။
“အုပ်ချုပ်ရေးမှူးတွေ မရှိတဲ့နောက်ပိုင်းမှာ ပြည်သူတွေက ခရီးသွားခရီးလာတွေ အတွက် ထောက်ခံစာတွေမရဘူးလေ။ နောက် လဝက မှတ်ပုံတင်ကိစ္စတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အဲလို ဒုက္ခတွေရှိတာပေါ့။”(အုပ်ချုပ်ရေးမှူးဟောင်း)
“ ရွေးကောက်ပွဲကို အကြောင်းပြီးတော့ အာဏာသိမ်းတယ်၊ သူတို့ကတော့ အာဏာထိန်းတယ်လို့ပြောတယ်။ ထိန်းတာပဲဖြစ်ဖြစ်၊ သိမ်းတာပဲဖြစ်ဖြစ် ဒီဟာက တရားမဝင်ဘူး။ အဲဒါကြောင့် သူတို့လုပ်တဲ့ ရွေးကောက်ပွဲဟာလည်း အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်။ ”(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအထွေထွေအတွင်း ရေးမှူး ဦးမျိုးကျော်)
" လောလောဆယ် တစင်းပဲထွက်တယ်။ ပြီးတော့ Curfew တွေကလည်း ရှိတယ်လေ။ လမ်းကြောင်းသာယာရင်တော့ ထွက်မှာပါ။ လမ်းကြောင်း သာယာမှုမရှိဘူး၊ ခရီးသည် စီးနင်းမှုကလည်း စထွက်တဲ့ဘူတာလောက်ပဲ စီးတယ်။ လမ်းဘူတာတွေက ကာဖျူးရှိတဲ့အတွက် စီးနင်းမှု အားနည်းတဲ့အတွက် ကျနော်တို့က ခဏယာယီ ဖျက်သိမ်းထားတာပါ။" (မီးရထားဌာနတာဝန်ရှိသူတဦး)
ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင်း ဒီရက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင် နုတ်ထွက်နေကြတာဟာ ရခိုင်ပြည်နယ်တွင်း အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်မှုဟာ ဒေသခံပြည်သူတွေအတွက် အခက်အခဲရှိသလို စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကိုလည်း ပျက်ပြားစေတယ်လို့ ရခိုင်နိုင်ငံရေးသမားတဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီနဲ့ AA ရခိုင်တပ်ဖွဲ့ကြား နှုတ်အားဖြင့် အပစ်ရပ်ထားတဲ့အခြေအနေမှာပဲ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့ကို စစ်ကောင်စီကကျင်းပပေးပေမဲ့ ရခိုင်ပြည်နယ်နေ့ဆိုတာဟာ ရခိုင်တွေအတွက် အနှစ်သာရတစုံတရာမရှိဘူးလို့ ရခိုင်နိုင်ငံရေးသမားတွေကြား ယူဆတာတွေရှိပါတယ်။
“ရိက္ခာပေးတာလည်း ငွေပေးတယ်ဆိုတော့ ဆန်ဈေးတွေ၊ ကုန်ဈေးနှုန်းတွေ တအားတက်နေတော့ ပေးတာနဲ့ အဆင်မပြေဘူးလေ။ ရိက္ခာအတွက်ပေးတဲ့ ပိုက်ဆံနဲ့ပဲ မနက်စာရော၊ နေ့လည်စာရော၊ ညစာရော လုပ်နေရတော့ အဲဒါနဲ့ လုံလောက်မှုမရှိတော့ တရက်ထက်တရက် ကလေးတွေ ကျန်းမာရေးချို့တဲ့တာတွေ ပိုဆိုးလာနေတယ်။” (ဦးမောင်လေး- သက်ကယ်ပြင်စခန်းတာဝန်ခံ)
“ စစ်တွေက အဲလောက်မဆိုးဘူးဗျာ။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော- အဲဒီဘက်တွေမှာ စစ်တွေကတဆင့် ရောက်တာဆိုတော့ ပိုပြီးတော့ ခက်ခဲတာပေါ့။ ပတ်တီးတွေ၊ သောက်ဆေး ထိုးဆေးတွေရော၊ သွေးတိုး ဆီးချိုဆေးတွေကအစ အကုန်ပြတ်နေတယ်လို့ ကြားတယ်။”(စေတနာ့ဝန်ထမ်းဆရာဝန်)
တိုက်ပွဲအခြေအနေကတော့ ကိုယ့်ဘက်ကတော်တော်လေး စခန်းနား အခြေတက်နေပြီးပေါ့နော။ လက်မတင်လေးမှာ ဂျက်ဖိုက်တာရောက်လာတော့ ကျနော်တို့ ဘာမှလုပ်မရတော့ဘူးဆိုတော့ အကုန်ရှောင်ရတော့တာပေါ့၊ သူတို့က ဗုံးကြဲမှာကိုး။ ဒီဘက်ကတော့ ၄ ဦး ဒဏ်ရာ ရတယ်။ တဦးကျဆုံးတယ်ပေါ့။ PDF ဘက်က ကလေးတွေ။” (စစ်ရေးတာဝန်ခံ)
Qatar နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အမာခံ ပရိသတ်တွေ ဘောလုံးပွဲ လက်မှတ်ရဖို့ အခက်အခဲတွေ ကြုံခဲ့ရသလို ပွဲလက်မှတ်တွေကို သတ်မှတ်ဈေးထက် အဆမတန် ပိုပေးပြီး ဝယ်ယူခဲ့ရတာတွေ ရှိခဲ့တဲ့အကြောင်း ပြောပြကြပါတယ်။ Qatar နိုင်ငံ Doha မြို့ကနေ သတင်းပေးပို့ထားတာကို ကိုစံကျော်တင်ပြပါလိမ့်မယ်။
“လူတွေပဲ သွားလို့ရတယ်။ စားနပ်ရိက္ခာရယ်၊ ဆေးဝါးရယ် စတဲ့ အဓိကအကြောင်းအရာတွေကို မယူရဘူး၊ မသယ်ရဘူးဆိုရင် ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ။ အဓိက အရေးကြီးတာက စားနပ်ရိက္ခာနဲ့ ဆေးဝါးရယ်၊ အဲဒါတွေ မသယ်ရတော့ လူတွေလည်း အဆင်မပြေဘူး။” (မောင်တော ဒေသခံ)
နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့စနစ် ကန့်သတ်ဆိုင်းငံ့ထားမှုကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့အလုပ်အကိုင်အရ နိုင်ငံကူးလက်မှတ် အရေးပေါ်လိုအပ်နေသူတွေအတွက် အခက်ကြုံလာရပြီး အထူးသဖြင့် နိုင်ငံရပ်ခြားဆေးကုသမှုယူဖို့ အရေးပေါ်လိုအပ်သူတွေအတွက် နိုင်ငံကူးလက်မှတ်ချက်ခြင်းရရေး လိုအပ်တာပါ။
နောက်ထပ်ကြည့်ရှုရန်