အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသူ/အကျဉ်းသား အယောက် ၅၀၀ကျော် ဒီကနေ့မနက်ပိုင်းမှာပြောင်းရွှေ့ခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။ ထောင်ပြောင်းခံရသူတွေထဲမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျနေသူ အချို့ပါဝင်သွားတယ်လို့လည်း ပြောပါတယ်။
ရှမ်းနဲ့ ကရင်နီဒေသမှာ လေကြောင်းတိုက်ခိုက်မှု အပါအဝင် ဒီရက်ပိုင်းမှာ တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ အရပ်သားတွေရှိရာ နေရာတွေအနီး လက်နက်ကြီးကျည် ကျရောက်တာတွေလည်း ရှိနေတာကြောင့် စိုးရိမ်နေကြတာပါ။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ ထောက်ပံ့မှုတွေလည်း မရှိတော့သလို အကူအညီပေးရေးအဖွဲ့တွေလည်း မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ကိုစံကျော်က တင်ပြပါမယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စစ်ကောင်စီရဲ့ ထောက်ပံ့မှုတွေလည်း မရှိတော့သလို အကူအညီပေးရေးအဖွဲ့တွေလည်း မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစားနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ဒီကနေ့ မေလ ၃ ရက်နေ့ ရက်စွဲနဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီလို့ ဆိုပါတယ်။
ခင်ဦးမြို့နယ်ထဲက မြို့သစ်ရွာကို စစ်တပ်က နယ်မြေရှင်းလင်းတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် မြို့သစ်ရွာက နေအိမ် ၄၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရပါတယ်။ အိမ်ခြေ ၅၀၀ နီးပါး ရှိတဲ့ မြို့သစ်ရွာဟာ နေအိမ် ၁၀၀ နီးပါးလောက်ပဲ ကျန်ရှိတော့ပြီး ဒေသခံတွေဟာလည်း အကူအညီတွေ လိုအပ်နေပါတယ်။
အာဏာရှင်လက်ထက်မှာ အလုပ်သမားတွေရဲ့ ဘဝဟာ ပိုပြီးဆိုးရွားလာတယ်လို့ ဒီနေ့ မေလ ၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး)မှာ မြန်မာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ယာယီအပစ်ရပ်ထားပေမဲ့ ကန့်သတ်မှုတွေ ရှိနေတာကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညနေ ၅ နာရီကနေ နောက်တရက် မနက် ၅ နာရီအထိ လျှပ်စစ်မီးကိုမသုံးဖို့ တနိုင်တပိုင် အိမ်တွင်းစက်မှု၊ လက်မှု လုပ်ငန်းရှင်တွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းက ဧပြီလ ၂၄ရက်နေ့စွဲနဲ့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံသား သန်းချီရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်) သက်တမ်းတိုးတဲ့အခါ အရင်ထက် ခက်ခဲလာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကိုရောက်နေပြီး နိုင်ငံရေးလှုပ်ရှားမှုကြောင့် အာရုံစိုက်ခံရသူတွေ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း မှတ်ပုံတင်နံပတ် ၅/ ကိုင်ဆောင်ထားသူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖိနှိပ်မှုတွေ လုပ်လာနေပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆိုင်းဖရာရွာမှ ရွာသူ၊ ရွာသား ၅၀လောက်ကို စစ်ကြောင်းနဲ့ အတူခေါ်ဆောင်လာစဉ်မှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မိန်းကလေး တစ်ဦးသေဆုံးပြီး အနည်းဆုံး ၅ ဦးလောက်က ဒဏ်ရာရခဲ့ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါ ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၂ ဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်က ကလေးမြို့ကနေ ကုန်တင်ယာဉ်တွေအပြင် စစ်သုံး သံချပ်ကာကားတွေ ပါဝင်တဲ့ အစီး ၃၀ နီးပါးရှိတဲ့ ယာဉ်တန်းဟာ ဖလမ်းမြို့နဲ့ ဟားခါးမြို့ကြားမှာ ချင်းကာကွယ်ရေးအဖွဲ့တွေနဲ့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေခဲ့တာပါ။
အမေရိကန်သမ္မတ Joe Biden ဇာတိမြေဖြစ်တဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် Scranton မြို့ခံ တချို့ဟာ သမ္မတဘိုင်ဒန် ဒုတိယသက်တမ်းဝင်အရွေးခံဖို့ သတင်းတွေထွက်နေတာနဲ့ ပတ်သတ်လို့ စိုးရိမ်နေကြပါတယ်။ အစိုးရတာဝန်အသီးသီးတာဝန်ယူ အောင်မြင်ခဲ့ပေမယ့်လည်း အသက်အရွယ်နဲ့ ပတ်သတ်ပြီး စိုးရိမ်နေကြတာပါ။ ကိုစံကျော် တင်ပြပေးထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တနင်္လာနေ့ တစ်ရက်တည်းမှာတင် လေကြောင်းက တိုက်ခိုက်မှု ၅ ကြိမ်ရှိကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပါတယ်။
“အဲ့စစ်ကောင်စီဘက်က စခန်းမှာ ပထမဆုံးကြဲတယ်။ ဒုတိယအကြိမ်ကို ဝေဘူလမှာကြဲတယ်။ (မြို့) ဘောလုံးကွင်း ပတ်ချာလည်ပဲကြဲသွားတာ။ ကျောင်းနဲ့ဘောလုံးကွင်းက တဆက်တည်းပဲလေ။ အဲ့ဘောလုံးကွင်းနားက အိမ်တွေအကုန်လုံး မီးတွေလောင်လို့ ပြာကျတဲ့ဟာ ပြာကျနေပြီ။”
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေး တင်သွင်းသူတွေကိုလည်း အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူတာ မရှိတဲ့အပြင် မူယစ်ဆေး အလွယ်တကူ ဝယ်ယူလို့ရတာတွေ၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားနေ တာတွေကြောင့် မူးယစ်ဆေးသုံးစွဲမှုတွေ ပိုများလာတာ ဖြစ်တယ်လို့လည်း ဒေသခံတွေ ကပြောကြပါတယ်။
"အခုမှစပြီး ဆွေးနွေးတာကိုး AD (လိုင်စင်ရဘဏ်တွေနဲ့) ဝိုင်းဆွေးနွေးနေတုန်း၊ ဘယ်တော့စမလဲဆို Pilot project လုပ်ရဦးမှာပေါ့။ ဒါကတော့ သူတို့ အချိန်တစ်ခုသတ်မှတ်ရဦးမှာ။ အခုမှ သူတို့က ဒီလိုလုပ်ချင်တယ်ဆိုပြီး ဆွေးနွေးတော့ ဘဏ်တွေကလည်း သိချင်တာတွေ မေးတာပေါ့နော်။ အဲဒီအဆင့်လောက်ပဲ ရှိပါသေးတယ်။ "
ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ထောက်ပံ့ငွေတချို့ပေးပြီးတော့ နေရပ်ပြန်ခိုင်းခဲ့တာမှာ ထောင်နဲ့ချီတဲ့သူတွေ နေရပ်ပြန်သွားနေကြသလို ပြီးခဲ့တဲ့ မတ်လ အတွင်းမှာပဲ ကျောက်တော်မြို့နယ်က စစ်ဘေးဒုက္ခသည် ၂,၀၀၀ကျော်နေ ရပ်ပြန်သွားကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်