စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ကို တအာင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ TNLA က နောက်ထပ် နယ်မြေသိမ်းပိုက်နိုင်ကြောင်း ကြေညာလိုက်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ခရစ်ယာန် သီလရှင်လို ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစု ဆေးခြောက်အကျိုး မြှင့်တင်ရေး လုပ်ဆောင်၊ အမေရိကန်အဝေးပြေးလမ်း ကားမှောက်ပြီး ၆ ရက် ကားထဲမှာ ပိတ်မိနေသူကို ကယ်တင်နိုင်၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုစံကျော်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးနဲ့ ပေါက်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲပြင်းထန်နေတာမှာ ၅ရက်အတွင်း အရပ်သား ၁၈ဦးထက်မနည်းသေဆုံးပြီး ၂ဝကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက နမ္မတူမြို့ကို တအာင်းတပ် TNLA က ဒီကနေ့ သိမ်းယူလိုက်ပြီလို့ TNLA ပြောရေးဆိုခွင့် ရှိသူက ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ အတည်ပြုပါတယ်။ မနက် ၁ နာရီကျော်မှာ နမ္မတူအခြေစိုက် ခမရ ၃၂၄ကို သိမ်းယူပြီး တမြို့လုံးကို ထိန်းချုပ်လိုက်နိုင်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်က မြို့တချို့မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေဆဲဖြစ်ပါတယ်။ မနေ့က ဆိုရင်လည်း မြောက်ဦးမြို့ပေါ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ဘေးဒုက္ခသည် ၅ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့နယ်တချို့မှာ နေရပ်စွန့်ခွာထွက်ပြေး နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ တနေ့တခြား များလာနေပြီး စားနပ် ရိက္ခာ အခက်ကြုံနေရတာပါ။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အရပ်သား ထိခိုက်ဒဏ်ရာရမှု တိုးလာနေပြီး၊ နေရပ်စွန့်ခွာသူတွေလည်း အများအပြား ရှိလာနေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော် အဖွဲ့ကြား တနေ့ထက်တနေ့ တိုက်ပွဲတွေ ပြင်းထန်လာနေသလို အရပ်သား ထိခိုက် သေဆုံးတာတွေလည်း တိုးလာနေပါတယ်။ ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွါးမှုတွေကလည်း ရခိုင်တောင်ပိုင်းအထိ ကျယ်ပြန့်လာနေတာပါ။
ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒေသခံ အရပ်သား ၄ဝဝကျော် ဖမ်းဆီးခံထားရတယ်လို့ AA က ထုတ်ပြန်ထား ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ စစ်တွေ၊ ပေါက်တော၊ မြောက်ဦးတဲ့ စတဲ့မြို့နယ်တွေက ရခိုင်ဒေသခံ ၅ဝ ကျော်လောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
ရခိုင်မြောက်ပိုင်းက မြို့နယ် ၆ခုလောက်မှာ ဒီကနေ့ မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီ ကြည်း၊ ရေ၊ လေ တပ်တွေ အားလုံးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ AA ရက္ခိုင့်တပ်တော်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော် ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တွေပေါ် လက်နက်ကြီးကျည်တွေ မကြာခဏကျရောက် လေ့ရှိတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
ဒီကနေ့ နေ့လည်ပိုင်းကလည်း ပလက်ဝမြို့ပေါ်ကို လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် ပလက်ဝမြို့နယ်မှာ ရှိတဲ့စစ်ကောင်စီ အထိုင်ချ နှုံးဗူး ဗျူဟာကုန်းကို AA တပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ပါတယ်။
ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ အစားအစာထုတ်လုပ်မှု ပုံစံသစ်က သန်းနဲ့ချီတဲ့ အငတ်ဘေးဒုက္ခကြုံနေရမှုကို ဖြေလျှော့စေနိုင်တယ်လို့ အစားအစာ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဝေဖန်ရေးသမားတွေကတော့ ဒီစနစ်ဟာ လက်တွေ့မကျဘူးလို့ ဝေဖန်ထောက်ပြနေကြတာပါ။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်တို့ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ရခိုင်လက်နက်ကိုင် AA အဖွဲ့က ရက်ပေါင်း ၂ဝ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ထရွန်အိုင် ဗျူဟာစခန်းကို ဒီရက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ အရပ်သားထိခိုက် ဒဏ်ရာရတာတွေအပြင် ဖမ်းဆီးခံရတာတွေနဲ့ ကျေးရွာတွေ မီးလောင် ပျက်စီးတာတွေ ရှိနေပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ဒီကနေ့ အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြားဒေသခံတွေ ထိခိုက်သေကြေမှုတွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သြစတေးလျမှာ ခုတော့ ကြိုးလေးချောင်းသာတပ်ဆင်ထားတဲ့ ဂီတတူရိယာလေးတစ်ခုက နိုင်ငံအဝှမ်းက အရက်ဆိုင်တွေ၊ လူမှုရေး စင်တာတွေနဲ့ ခန်းမတွေထဲက သာမန်နေထိုင်လှုပ်ရှားမှုတွေကို ပြောင်းလဲပြစ်လိုက်ပါတယ်။ AP ဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ကိုစံကျော် ပြောပြပါမယ်။
“အခုက ဆီတလီတာကို နေရာတခုနဲ့ တခုတော့ မတူဘူးဗျာ၊ နေရာခုမှာ တလီတာကို ၁ဝ,ဝဝဝဆိုရင် နောက်တနေရာမှာ ၁၂,ဝဝဝ ဖြစ်သွားတယ်။ အဲလိုဖြစ်နေတယ်။ အနိမ့်ဆုံးစျေးကတော့ ၁ဝ,ဝဝဝ ဗျာ။ ဆိုင်ကြီးတွေကတော့ မရောင်းဘူး၊ အကုန်လုံးပိတ် ထားတယ်။ အချိန်တိုင်း ပိတ်ထားတယ်။ ...”
တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ပညာရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။ စစ်ကောင်စီ အာဏာပိုင်တွေက ပညာရေးလုပ်ငန်းတွေ ပုံမှန်အတိုင်းလုပ်ဖို့ ဖိအားပေးနေပေမဲ့ လုံခြုံရေးအတွက် ဝန်ထမ်းတွေ စိုးရိမ်နေကြသလို၊ ဒေသခံတွေလည်း တိမ်းရှောင်နေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်