စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က တနေ့လည်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်တဲ့အထိ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ကုန်လမ်း၊ ရေလမ်းနဲ့ ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ အခက်ကြုံရပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသတွေထက် မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူတွေ ကုန်စည်ပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ပြီးနောက်ပိုင်း ဒေသခံပါလက်စတိုင်းလူမျိုးတွေအပေါ် အခြေချနေထိုင်သူဂျူးလူမျိုးတွေရဲ့တိုက်ခိုက်မှုက ပိုမိုများပြားလာပြီး ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရဲ့ တောင်ဘက်ဒေသက ဒါဇင်နဲ့ချီတဲ့ ကျေးရွာတွေဖျက်ဆီးခံခဲ့ရ၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
တရုတ်နိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီး တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲလို့ မြို့မဈေးတခုလုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ပေါက်တော မြို့ပေါ်မှာလည်း ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတွေကနေ ဗုံးကြဲ တိုက်ခိုက်နေတာပါ။ စစ်ကောင်စီပိုင် ခရီးသည်တင် သင်္ဘောနှစ်စီးကို သိမ်းပိုက်ထားတယ်လို့ AAအဖွဲ့က ပြောပါတယ်။
ပေါက်တောမြို့ပေါ်မှာ စစ်ကောင်စီနဲ့ AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း ရေကြောင်းတွေကနေ ဗုံးကြဲ တိုက်ခိုက်နေသလို မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ရခိုင်ဘက်ကိုသွားတဲ့လမ်းတွေ အကုန်လုံးကို ပိတ်ထားတာကြောင့် ပြည်တွင်းပြည်ပ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားသလို စစ်ဘေး ဒုက္ခသည်တွေလည်း စားဝတ်နေရေး အခက်ကြုံနေရပါတယ်။
ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေတာ ဒီကနေ့ဆိုရင် ၄ရက်အထိရှိလာပြီဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်လမ်း ရေလမ်းတွေအားလုံးကို ပိတ်ဆို့ထားတာကြောင့် ခရီးသွားပြည်သူတွေ အခက်ကြုံနေကြရတာပါ။
ရခိုင်မြောက်ပိုင်းက မြို့နယ်တွေ အပြင် တဆက်တည်းရှိနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ရသေ့တောင်မြို့နယ်က ချိန်ခါလီ နယ်ခြားစောင့်စခန်းကို ဒီကနေ့ မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံထဲ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ပြန်လည်ပြုပြင်ဖို့အတွက် ဒေါ်လာ ၅၆ ဘီလီယံကျော် ကုန်ကျနေပါပြီ။ Kakhovka ဆည်ပေါက်ကွဲမှုဟာလည်း ဆိုးရွားတဲ့ သဘာဝကပ်ဘေးတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်လို့ ယူကရိန်း အစိုးရရှေ့နေအဖွဲ့ အကြီးအကဲက ပြောလာပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက် နက်ကိုင်AAအဖွဲ့ကြား ဒီကနေ့ မနက်ပိုင်းကစတင်တိုက်ပွဲဖြစ်ပွားနေပြီး စခန်းတချို့ သိမ်းဆည်း ရမိတာရှိသလို အရာရှိတချို့ ကိုဖမ်းဆီးထားတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့နယ် ပျားကျေးရွာအနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး နေအိမ်တွေ မီးရှို့ခံရသလို အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး ဒီကနေ့ ကိုးကန့်နယ်မြေထဲက တပ်စခန်း ၃ ခုနဲ့ မုန်းကိုးဒေသ တပ်စခန်းတခုကို ထပ်မံသိမ်းယူခဲ့ကြောင်း MNDAA ကိုးကန့်တပ်ဘက်က ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ရှမ်းမြောက်ဒေသ စစ်ဆင်ရေး ၁၁ ရက် မြောက်နေ့မှာတော့ ကိုးကန့်ဒေသ၊ ကွမ်းလုံ၊ နမ့်ခမ်းနဲ့ နောင်ချိုဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာလူတွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက အတည်ပြုပြောဆိုလိုက်ပါတယ်။ တလမှာ တကြိမ်၊ တကြိမ်ကို ၂၅ မိနစ်ကြာ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံ ဒုက္ခသည်စခန်းတွေ ကနေ ခိုးဝင်လာတဲ့ မွတ်ဆလင်တွေကို ရခိုင်ပြည် နယ်မြောက်ပိုင်းက ဘူးသီးတောင် မောင်တောဘက်တွေမှာ မြန်မာအာဏာပိုင်တွေက မကြာခဏ ဆိုသလို ဖမ်းဆီးတာတွေရှိနေတာပါ။
မိုခါဆိုင်ကလုန်း မုန်တိုင်းအလွန် ၅လကြာတဲ့အထိ ရခိုင်ပြည်နယ်မှာ ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးတာကြောင့် ဒေသခံတွေအတွက် နေထိုင်ရေးကစပြီး အစစ အခက်ကြုံနေရဆဲ ဖြစ်ပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ဒီဒေသတဝိုက်နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ တွေအတွက် သူတို့ မိသားစုဝင်တွေက စိုးရိမ်မှုတွေတိုးနေသလို နှစ်ဘက် ဆိုးရွားတဲ့ ပဋိပက္ခဖြစ်လာတဲ့ အပေါ် အစ္စရေးပြည်သူတွေ ပူပန်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်