ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP က ထိပ်ပိုင်းပါတီခေါင်းဆောင်၂ ဦးဖြစ်ကြတဲ့ ဦးကျော်စောဦးနဲ့ ဦးကျော်လွင်တို့ ဖမ်းဆီးခံထားရပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ်မရသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“ ပြည်သူတွေမပြောနဲ့ ကျနော်တို့ကိုယ်တိုင်က လုံခြုံမှုမရှိဘူး၊ စစ်ကောင်စီက လာပြီဆိုရင် ကျနော်တို့ ထွက်ပြေးရတယ်-အကုန်လုံး၊ သူတို့က ရွာတွေကိုလာရင် လုပ်ချင်သလို လုပ်သွားတယ်။ ဆင်အင်းကြီးကျေးရွာမှာဆိုရင်လည်း အစုလိုက်အပြုံလိုက် အကုန်လုံး အသတ်ခံရတယ်။ ဒါကြောင့် နုတ်ထွက်တာ ဖြစ်ပါတယ်။” (ရပ်/ကျေးအုပ်ချုပ်ရေးမှူး)
“အခုလောလောဆယ်မှာ အခြေခံအကျဆုံး စားနပ်ရိက္ခာဆေးဝါးတွေ အများကြီးလိုအပ်နေပါတယ်။ နောက် အခု စပါးရိတ်သိမ်းတဲ့ရာသီဖြစ်တာကြောင့် ပြည်သူတွေအတွက် အလေးအနက်ထားပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို ဆောင်ရွက်တာဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှမပြောင်းပါဘူး။ နဂို နိုင်ငံရေးရပ်တည်ချက်အတိုင်းပါပဲ။” (ခိုင်သုခ- AA)
“စစ်ကောင်စီဘက်က ထုတ်ပြန်ချက်ကို ကျနော်တို့လည်း တွေ့ပါတယ်။ လွတ်လာရင်တော့ ကောင်းတာပေါ့။ ဒီကိစ္စ အမှန်တကယ် လွတ်လာတာ ဟုတ်မဟုတ် ဆိုတာကို ကျနော်တို့ စိစစ်နေပါတယ်။ အခုအချိန်ထိတော့ လွတ်လာတယ်လို့ ပြောတဲ့ သူတွေထဲက တစုံတယောက်မှ ULA ဌာနချုပ်ကို ဆက်သွယ်လာတာ မရှိသေးဘူးခင်ဗျာ။”(ခိုင်သုခ-အေအေ ပြောခွင့်ရ)
“တနင်္ဂနွေနေ့က တနေကုန်အဲ့ဘက်မှာ ပစ်နေတာလေ။ ညအထိ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတ။ တခါပစ်ရင် ဟားခါးတမြို့လုံးက တုန်သွားတာလေ။ နည်းနည်းအစိုးရိမ်လွန်တဲ့အဖွဲ့တွေကျတော့ ထန်တလန်မြို့လို ဟားခါးကိုမီးရှို့မလားမသိဘူးဆိုပြီး ပုံစံပေါ့နော်။ အဲ့လို စိုးရိမ်တဲ့အဖွဲ့လောက်တော့ရှိတယ်။” (ဒေသံခ)
“ဆီမရှိရင် ဆိုင်ကယ်နဲ့သွားလို့အဆင် မပြေတော့ဘူးလေ၊ ဘေးတွဲတို့ သုံးဘီးဆိုင်ကယ် ကယ်ရီတွေနဲ့သွားမယ်ဆိုရင်လည်း ကုန်ကျစရိတ်က ပိုကြီးသွားတာပေါ့နော်၊ အရင်က ၂,၅၀၀ ဖိုးလောက်ဆိုရင် နှစ်ရက်သုံးရက် လောက်သွားလို့ရပေမယ့် အခု ၂,၅၀၀ ဖိုးဆိုရင် တရက်စာလောက်ပဲသွားလို့ရတော့ တကယ်အခက်အခဲဖြစ်ရတယ်။” (ကိုအောင်နိုင်ဦး)
“လေယာဉ်နဲ့ပစ်နေတဲ့အချိန် ထွက်ပြေးလာတာ၊ လမ်းမှာနှစ်ညအိပ်ခဲ့ရတယ်။ အိုးအိမ်တွေ၊ ကျွဲနွားတိရစ္ဆာန်တွေ၊ ကိုယ့်ဥစ္စာ ကိုယ့်ပစ္စည်းကို စွန့်ပြီးတော့ထွက်ပြေးလာရတော့ ကျမတို့ အများကြီး ဝမ်းနည်းရပါတယ်။ ကိုယ့်အိမ်ကိုယ့်ရွာကို အမြန်ပြန်လို့ရချင်တယ်၊ ပြန်လို့ရအောင်လည်း နေ့တိုင်းဆု တောင်းတယ်။” (ပဒေသရွာ စစ်ဘေးရှောင်)
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU/KNLA နဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ပွဲတွေ၊ မြန်မာစစ်တပ်ဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၈ ရွာက လူပေါင်း ၂၀,၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
“ရွေးကောက်ပွဲ ၂ ကြိမ် ၃ ကြိမ်ဖြတ်သန်းခဲ့ဖူးပါပြီ။ ရွေးကောက်ပွဲ အောင်ပွဲကိုလည်း ရခိုင်ပါတီတွေ ရခဲ့တယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးလက်ထက်မှာရော NLD လက်ထက်မှာရော အများဆုံးနိုင်တဲ့ ရခိုင်ပါတီတွေ အထူးသဖြင့် ANP ပေါ့။ အစိုးရအဖွဲ့မှာ ဝင်ရောက်လုပ်ကိုင်ခွင့်တို့၊ ဝန်ကြီးချုပ်နေရာတို့ဘာမှ မရခဲ့ဘူး။ (ဦးဖေသန်း)
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား နေ့တိုင်းနီးပါးတိုက်ပွဲပြင်းထန်နေတယ်လို့ AA ဘက်က ပြောသလို နှစ်ဘက်တိုက်ပွဲတွေဟာ ရခိုင်တောင်ပိုင်းအထိ ကျယ်ပြန့်လာနေတာကြောင့် ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ ပိုမြင့်တက်လာနေတယ်လို့ ရခိုင်အရေးလေ့လာနေသူတွေကပြောပါတယ်။
လနဲ့ချီကြာနေပြီဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံ Kharkiv ဒေသ Kupyansk မှာ လျှပ်စစ်၊ ဓါတ်ငွေ့ နဲ့ ရေ ရှားပါးလာနေပါတယ်။ ဒီဒေသတွေမှာ နေထိုင်သူ ဒေသခံတွေအနေနဲ့ အသက်ရှင်သန်ဖို့ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတဲ့အကြောင်း Anna Kosstutschenko သတင်းပေးပို့ထားပါတယ်။
“စခက ၉ တပ်မ အဲဒီနေရာက ပစ်တယ်။ အဲဒီနားမှာ ကုလားတန်မြစ်ကမ်းစပ်ရှိတာပေါ့ အဲဒီကမ်းစပ်မှာ နေဗီ ကမ်းထိုးယာဉ်ဆိုတာရှိတယ်။ အဲဒီနေရာက ညရော နေ့ရော အကုန်လုံးဗျာ အချိန်မရှိဘူး၊ သူတို့ပစ်ချင်ရင် ထပစ်တယ်။ ပြီးတော့ သူတို့ လက်နက်ကြီးတည်ထားတဲ့ တောင်ပေါ်၊ ၉၉ တောင်ပေါ် အဲဒီနေရာတွေက ပစ်တာပေါ့။”(ကျောက်တော်ဒေသခံ)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကနေ စက်သုံးဆီ သယ်ယူတာကို ပိတ်ပင်ထားသလို ဖားကန့်မြို့မှာရှိတဲ့ အရောင်းဆိုင် အတော်များများမှာလည်း ရောင်းချခွင့် ပိတ်လိုက်တာကြောင့် စက်သုံးဆီ ပြတ်လပ်နေရပါတယ်။
“ရခိုင်ဒေသမှာ စပါးတွေ ပျက်စီးသွားတာတော့မှန်ပါတယ်။ ဒါပေမယ့် ကျနော့်ဆီမှာတော့ အချက်အလက်တွေ အကုန်မရောက်သေးဘူး။ ခန့်မှန်းခြေကတော့ ၈ သောင်းနဲ့ ၁ သိန်း ကြားလောက်တော့ ဒီရေတက်ပြီးတော့ လယ်တွေဆုံးရှုံး နစ်နာမယ့်အခြေအနေရှိပါတယ်။” (ဦးအောင်ကျော်မြ- ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ပြေခွင့်ရ)
“ဗျူဟာမှူးပါတယ်။ ရဲက မြို့နယ်မှူးပါတယ်။ အောက်တိုဘာလကုန်ရင် ခင်ဗျား ပြန်ရမယ်တဲ့။ အဲလိုပြောတယ်။ မပြန်လို့ရှိရင်တော့ ကျူးကျော်မြေအဖြစ် တရားစွဲမယ်လို့ပြောတယ်။ ပုဒ်မတော့မပြောဘူး။ တရားစွဲမယ်လို့သာ ပြောတာ။ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးပြန်ခိုင်းတယ်။” (ဒုက္ခသည်စခန်းတာဝန်ရှိသူတဦး)
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း SITRANG ကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး ရေကြီးနေပါတယ်။
“ မနေ့ကစလို့ ရွေပြည်တန်လည်းမထွက်ရဘူး။ လိုင်းဘုတ်တွေလည်း မထွက်ရဘူး။ ဘုတ်သေးသေးလေးတွေလည်းမထွက်ရဘူး။ ကျန်းမာရေးအတွက်တောင်မထွက်ရဘူး။ မနေ့က အရေးပေါ်ဖြစ်လို့ ဆေးရုံကိုသွားတာ မသွားရလို့ ပြန်လှည့်လာရတယ်၊ သူတို့ကဘယ်လိုလဲမသိဘူး AA ကို မကြေနပ်တာနဲ့ ပြည်သူတွေကိုပဲ ဒုက္ခပေးနေတာ။” (ပေါက်တောကုန်သည်တဦး)
မြန်မာအပါအဝင် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ဒီနေ့ ထုတ် အစီရင်ခံစာမှာ ဖော်ပြထားသလို လက်ရှိလည်း ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ အင်တာနက်ပိတ်ပင် ကန့်သတ်ထားတာတွေကြောင့် နေ့စဉ်လူမှုဘဝတွေမှာ အခက်ကြုံနေရတယ်လို့ ပြောကြပါတယ်။
ဆားဓါတ်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့ မြေအောက်ရေကို နေရောင်ခြည်စွမ်းအင် အသုံးပြုပြီး သန့်စင်နိုင်တဲ့ မိုဘိုင်းလ်ရေသန့်စင်စနစ်တခုကို အီဂျစ်ရေသန့်စင်ရေးကုမ္ပဏီတခုက တီထွင်ဖန်တီးခဲ့ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုစံကျော် ပြောပြပေးပါမယ်။
ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့နယ်တချို့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာစစ်တပ်ဘက်ကဖမ်းဆီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေသခံတွေ ဒီရက်ပိုင်းမှာတိုးလာနေကြောင်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်