ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် မြန်မာဖက်ကအားထုတ်ဆောင်ရွက်မှုတွေ အရှိန်မြှင့်လုပ်ဖို့ လိုတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြောကြားလိုက်ပါတယ်။
ဧပြီ ၂၉၊ ၂၀၁၈ - ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအပါအဝင် အစိုးရရဲ့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ပါတ်သက်လို့ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်သမ္မတ Donald Trump လက်ထက်မှာ ပထမဆုံး နိုင်ငံတော် ဧည့်သည်အဖြစ် ပြင်သစ်သမ္မတ Emmanuel Macron ရောက်ရှိနေပါတယ်။
မြန်မာနိုင်ငံကို မကြာခင် သွားရောက်တော့မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်း အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ တေ့ွဆုံဖို့ ရိုဟင်ဂျာရှေ့နေ Ms. Razia Sultana ကတိုက်တွန်းလိုက်ပါတယ်။
တောင်အမေရိကတိုက် ချီလီနိုင်ငံဆီကို ကမ္ဘာလှည့်ခရီးသွားတွေလာအောင်စွဲဆောင်ထားတဲ့ထဲမှာ ဝိုင်လုပ်ငန်းလည်း ပါပါတယ်။ ကမ္ဘာ့ဝိုင်ထုတ်လုပ်တင်ပို့မှု အများဆုံး ၅ နိုင်ငံစာရင်းဝင်ချီလီနိုင်ငံမှာ ဝိုင်ဘယ်လိုချက်လုပ်ပါသလဲ။ မစုမြတ်မွန်တင်ဆက်တဲ့ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော်လှို့ှဝှက်ချက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို စွဲချက် ဆက် မတင်ဘဲ အမှုကို ပလပ်သင့်မသင့်ကို ဒီကနေ့ ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။
Belgium နိုင်ငံ Brussels မြို့တော်ထဲက ၁၉ ရာစုနှောင်ပိုင်းလောက်ကနေ ၂၀ ရာစုအစောပိုင်းအထိ ခေတ်စားခဲ့တဲ့ ဗိသုကာ ဒီဇိုင်းတွေကို လူအများသိအောင် နှစ်စဉ်အထူးပွဲတော် ကျင်းပပေးပြီး ပုံမှန်အားဖြင့် အများပြည်သူတွေ ဝင်ခွင့်မရတဲ့ အဆောက်အဦးတွေကို အထဲဝင်လေ့လာနိုင်ကြအောင် စီစဉ်ပေးထားပါတယ်။ မစုမြတ်မွန်တင်ဆက်ထားပါတယ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မြန်မာအစိုးရနဲ့ အခုမှ အစပြုညှိနှိုင်းတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ New York မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက VOA မြန်မာပိုင်းကို ပြောပါတယ်။ တကယ်လို့ ညှိုနှိုင်းမှုတွေ အဆင်ပြေတယ်ဆိုရင် ခရီးစဉ်က April လကုန်လောက်မှ အစောဆုံးဖြစ်နိုင်မယ်လို့ VOA မြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
ကမ္ဘာကျော်စပိန်အနုပညာရှင်ကြီး Pablo Picasso ရဲ့ပန်းချီကားတွေ၊ ပန်းပုရုပ်တုတွေကို လန်ဒန်မြို့က Tate Modern အနုပညာပြတိုက်မှာ ပြထားပါတယ်။ ၁၉၃၂ ခုနှစ်အတွင်း Picasso ဖန်တီးခဲ့တဲ့ အနုပညာလက်ရာပေါင်း ၁၀၀ ကျော်ကိုသာ သီးသန့်ပြသထားတာပါ။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကိုလိုက်ပေးနေတဲ့ ဥပဒေအကျိုးဆောင်အဖွဲ့မှာ နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ Amal Clooney ပါဝင်လာပါပြီ။ သတင်းထောက် ၂ ယောက်ရဲ့ အမှုကိုလေ့လာသုံးသပ်ခဲ့ပြီးနောက် သူတို့မှာ အပြစ်မရှိကြောင်း တေ့ွရတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ ကမ္ဘာမှာလူသိများတဲ့ ရှေ့နေ Amal Clooney က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာနေထိုင်နေတဲ့ ရုရှားသူလျှိူဟောင်းတယောက်နဲ့ သူ့ရဲ့သမီးတို့ကို ရုရှားအစိုးရက အာရုံကြောထိခိုက်စေတဲ့အဆိပ်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ရုရှားသံတမန် ၁၀၀ ကျော်ကို နိုင်ငံထဲကနေ နှင်ထုတ်လိုက်ကြပါတယ်။
ဒီကနေ့စတင်တဲ့ အရှေ့တောင်အာရှ ASEAN အဖွဲ့နဲ့ သြစတြေးလျနိုင်ငံကြား ထိပ်သီးစည်းဝေးပွဲကို လာကြတဲ့ မြန်မာအပါအဝင် အာဆီယံခေါင်းဆောင်တချို့မှာ လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်စရာအခြေအနေတွေရှိနေတဲ့အတွက် ဆန္ဒပြကန့်ကွက်မှုတွေရှိနေပါတယ်။
မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အတွက် မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး ဖိအားပေး ဆောင်ရွက်မှုဟာ အများ မျှော်လင့်တာထက်ကို ကျော်လွန် အောင်မြင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက လူနည်းစုတိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သီးခြားလွတ်လပ်စွာ စုံစမ်းနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာက တိုက်တွန်းနေပါတယ်။
အမေရိကန်သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့တွေ့ဆုံမယ်လို့ ပြောကြားခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်းသာမက နိုင်ငံတကာမှာလည်း အံ့အားသင့်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားကို တောင်ကိုရီးယားအထူးကိုယ်စားလှယ်သွားရောက်နေချိန်မှာပဲ အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယားအစိုးရကြား အနီးကပ်ဆက်သွယ်မှုရှိနေပြီး ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ရေးကို အဓိကဦးစားပေးလုပ်သွားမယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုထဲမှာ တပ်သားသစ်တွေ အရာရှိသစ်တွေ အများကြီးပါဝင်တဲ့အတွက် သူ့တို့အနေနဲ့လည်း စစ်ဆင်ရေး ဘယ်လိုလုပ်သလဲဆိုတာ လေ့ကျင့်ဖို့လိုပါတယ်။ ဒါကြောင့် ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုက ပုံမှန် လုပ်နေကျ လိုအပ်လို့ဆက်လုပ်တဲ့ လေ့ကျင့်မှုပဲဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု New York မြို့အခြေစိုက် သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့ PEN America အဖွဲ့က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၈ ခုနှစ် PEN/ Barbey Freedom to Write ဆုပေးဖို့ရွေးချယ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်