ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ထောက်ခံတယ်လို့ ဆွစ်ဇာလန် သမ္မတက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၂၁၊ ၂၀၁၈ - ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စိန်ခေါ်မှုတွေပဲလို့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ေ
သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ို ဒုတိယအကြိမ်ရုံးထုတ်တဲ့တရားခွင်ဆီကို နိုင်ငံတကာသံတမန်တော်တော်များများလာရောက်ခဲ့ကြပါတယ်။ သတင်းထောက် ၂ ယောက်အနေနဲ့ မျှတတဲ့တရားစီရင်မှုရရဲ့လားဆိုတာကို လာရောက်လေ့လာလို့ EU သံတမန်ကပြောပါတယ်။ခရိုင်တရားရုံးမှာ ကိုယ်တိုင်သတင်းသွားယူတဲ့ မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။
သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဒုတိယအကြိမ် ရုံးထုတ်တဲ့ တရားခွင်ဆီကို နိုင်ငံတကာသံတမန်တော်တော်များများလာရောက် ခဲ့ကြပါတယ်။ သတင်းထောက် ၂ ယောက်အနေနဲ့ မ ျှတတဲ့တရားစီရင်မှုရရဲ့လားဆိုတာကို လာရောက်လေ့လာတာဖြစ်ပြီး ဒီအမှုကို မြန်မြန်ဆန်ဆန်စစ်ဆေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်း EU ဥရောပသမဂ္ဂသံတမန်က ပြောပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇေယျသူ၊ နိုင်ငံရေးသုတေသီ ကိုအမရသီဟ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက ကိုမြတ်သူတို့နဲ့ သုံးသပ်ဆွေးနွေးထားပါတယ်။
ဒီဇင်ဘာ ၃၁၊ ၂၀၁၇ - ကုန်ဆုံးတော့မယ့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေကို ဆွေးနွေးသုံးသပ်ထားပါတယ်.
ဒီဇင်ဘာ ၂၄၊ ၂၀၁၇ - ရန်ကုန်မြို့မှာ ၁၉၉၆ ခုနှစ်ကုန်ကတည်းက ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရဲ့ ကျောင်းဆောင်တချို့ကို အခု ၂၀၁၇ ဒီဇင်ဘာလမှာ ပြန်ဖွင့်လိုက်တဲ့အကြောင်းကို မစုမွန် က အထူးအစီအစဉ်အဖြစ် တင်ဆက်ထားပါတယ်။
"လူငယ်တွေဟာ ဘုရားသခင်ရဲ့ အဆုံးအမတွေ ဝမ်းမြောက်စရာသတင်းကောင်းတွေကို သယ်ဆောင်ပေးတဲ့ ဘုရားသခင်ရဲ့ တမန်တော်တွေဖြစ်ကြတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းဆိုတဲ့ သတင်းကောင်းကို ယုံကြည်ကြ သူတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် ကမ္ဘာကြီးအတွက် မေ ျှာ်လင့်ခြင်းတွေ ကို သယ်ဆောင်ပေးသူတွေဖြစ်တယ်"လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဒဏ်ရာတွေ ခံစားနေကြရသူ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ ခွင့်လွှတ်သည်းခံခြင်းနဲ့သာ ဒဏ်ရာတွေ ပျောက်ကင်းအောင်လုပ်နိုင်လိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ မစ္ဆားတရားပွဲကို သွားရောက် သတင်းယူခဲ့တဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
လူတိုင်းရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုတိုင်းနဲ့ သူတို့ရဲ့ ထုံးစံဓလေ့တွေအပေါ် လေးစားမှုကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေးရအောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကျေအေးခြင်းနဲ့ကုသဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။
ချစ်ချင်းမေတ္တာနဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့ သတင်းစကားနဲ့အတူ ပုပ်ရဟန်းမင်းကြီး Francis ဒီကနေ့ မြန်မာနိုင်ငံကိုရောက်ရှိလာပါပြီ။ ရန်ကုန်လေဆိပ်ကနေ ပုပ်ရဟန်းမင်းကြီးတည်းခိုတဲ့နေရာအထိ ရန်ကုန်မြို့လမ်းတလျှောက်မှာ ကက်သလစ်ဘာသာဝင် အမြောက်အများ စောင့်ကြိုနှုတ်ဆက်ခဲ့ကြတဲ့အကြောင်း မစုမြတ်မွန် တင်ပြထားပါတယ်။
၁၃ ကြိမ်မြောက် ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီကနေ့စတင် ကျင်းပပါတယ်။ ကမ္ဘာတဝန်း ပဋိပက္ခတွေ မတည်ငြိမ်မှုတွေရှိနေချိန်မှာ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးဟာအရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးဟာအရေးကြီးတယ်လို့ နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ ၁၃ ကြိမ်မြောက် ASEM အာရှ ဥရောပနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ကိုယ်တိုင်သတင်းယူနေတဲ့ မစုမြတ်မွန် တင်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ ဒီကနေ့ မနက်ပိုင်းမှာဘဲ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson ဟာ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးများနဲ့ တွေ့ဆုံပြီး မီဒီယာ သမား တချို့ကိုလည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ဒေသခံမူစလင်တွေအပေါ် မြန်မာစစ်တပ်က နှိပ်စက်ညှင်းပမ်းတာမျိုးမရှိဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွန်ကြားရေးမှုးရုံး ဒုတိယညွှန်ကြားရေးမှုး ဗိုလ်မှူးချုပ်အေးလွင်က ဗွီအိုအေကို ပြောပါတယ်။ မစုမြတ်မွနု်က တွေ့ဆုံမေးမြန်းထားပါတယ်။
"အခုကတော့ တော်တော်လေးတည်ငြိမ်သွားပါပြီ။ အရင်ကထက်စာရင်တော့ ကျနော်တို့လည်း ကင်းစခန်းတွေကို လူအင်အားတွေ ပြန်ဖြည့် ၊ တိုင်းရင်သားတွေကိုလည်း ထား တာဖြစ်တဲ့အတွက် တော်တော်လေးလည်း တည်ငြိမ်သွားပါပြီ။"
ရခိုင် မြောက်ပိုင်းဒေသမှာ ဒေသခံမွတ်ဆလင်တွေကို မြန်မာစစ်တပ်က နှိပ်စက်ညှင်းပမ်းတာမျိုးမရှိပဲ၊ သူတို့ဟာ ပြင်ပ ပယောဂတွေကြောင့် ဘင်္ဂလားဒေရ်ှနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွန်ကြားရေးမှုးရုံး ဒုတိယညွှန်ကြားရေးမှုး ဗိုလ်မှူးချုပ်အေးလွင်က ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ကြုံခဲ့ရတာ ၂ လကျော်လာတဲ့ အချိန်အထိ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဒုက္ခသည်တွေ ဆက်လက် ထွက်ခွာနေဆဲ ဖြစ်ပါတယ်။ ဘာကြောင့်အခုလို ထွက်ခွာနေရသလဲ ဆိုတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှၤနိုင်ငံဖက် သွားချင်ရတဲ့ အဓိကအကြောင်းက နေထိုင်စားသောက်ရေးအခက်အခဲနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိမရှိ NVC ကဒ်တွေ လုပ်ရမှာကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကပြောပါတယ်။ တချိန်ထဲမှာပဲ လုံခြုံရေးအာမခံချက်ရမယ်ဆိုရင်တောင် အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ တနေရာထဲမှာ ပြန်မနေနိုင်တော့ဘူးလို့ ရခိုင်တိုင်းရင်းသားတွေဖက်ကလည်းပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေဟာ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပြီး မြန်မာစစ်တပ်နဲ့ စစ်ဘက်အရာရှိတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အမေရိကန်ပြည်ထောင်စုက ချမှတ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်