နိုင်ငံတကာ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို မြန်မာနိုင်ငံ ချိုးဖောက်ရာရောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုအတွက် ကြားနာမှုကို ဒီကနေ့ ဒုတိယနေ့အဖြစ် နိုင်ငံတကာတရားရုံး ICJ မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
အီတလီနိုင်ငံ ရေပေါ် Venice မြို့မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဆုံးရေကြီးမှုကို ကြုံခဲ့ရသလို သြစတေးလျှ နိုင်ငံမှာလည်း မိုးခေါင်ရေရှားမှု၊ ပူပြင်းချောက်သွေ့မှုတို့ကြောင့် နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး တောမီးလောင်ကျွမ်းမှုတွေဖြစ်နေပါတယ်။ Henry Ridgwell ရဲ့ သတင်းလွှာကို မစုမြတ်မွန်က ပြောပြပါမယ်။
ကမ္ဘာမှာနာမည်ကျော်တဲ့ စပိန် ဝိုင်အရက်လုပ်ငန်းက အာရှဈေးကွက်မှာ ပိုပြီးထိုးဖောက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အပြည့်အစုံကို AP သတင်းကိုအခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။
ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာနေတဲ့ ကမ္ဘာကြီးမှာ မုန်တိုင်းတွေ မကြာခဏဖြစ်လာသလို လေပြင်းဒဏ်ခံနိုင်အောင် ကြိုတင်ပြင်ဆင်နိုင်ဖို့ လေ့လာမှုတွေလည်း လုပ်နေကြပါတယ်။ Maryland ပြည်နယ်မှာရှိတဲ့ သုတေသနနေရာတခုကို VOA သတင်းထောက် Iacopo Luzi ကိုယ်တိုင်သွားရောက်ပြီး လေ့လာခဲ့တာကို မစုမြတ်မွန်က ပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စု California ပြည်နယ်မြောက်ပိုင်းမှာ လေပြင်းတိုက်လို့ ဓါတ်တိုင်တွေပြိုလဲပြီး တောမီးလောင်မှာကို ကာကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ စုစုပေါင်း အိမ်ခြေ ၈ သိန်းလောက်ကို ဗုဒ္ဓဟူးနေ့က စပြီး မီးအားဖြတ်တောက်ထားပါတယ်။
Indonesia နိုင်ငံ အရှေ့ Java ပြည်နယ်က ရွာတရွာမှာ လယ်သမားတွေ လယ်အလုပ်ကို မလုပ်ကြတော့ပဲ လက်ငင်းဝင်ငွေရတဲ့ ပြန်သုံးနိုင်မယ့် အမှိုက်ရွေးချယ်တဲ့ အလုပ်ကို လုပ်နေကြပါတယ်။ Reuters သတင်းတပုဒ်ကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
အမေရိကန် ထောက်လှမ်းရေး အဝေးထိန်း Drone ယာဉ်ကို အီရန်က ပစ်ချခဲ့ပြီးနောက် အီရန်အပေါ် နောက်ထပ် ဒဏ်ခတ် အရေးယူမှုတွေကို ဒီကနေ့ တနင်္လာနေ့ အစောဆုံးထား ချမှတ်မယ်လို့ သမ္မတ Donald Trump က ပြောကြားထားပါတယ်။
ကမ္ဘာပေါ်မှာ လွတ်လပ်တယ်လို့ သတ်မှတ်ခံလာရတဲ့ နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့် ကျဆင်းလာတယ်လို့ ကမ္ဘာတဝန်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေကို လေ့လာမှတ်တမ်းတင်နေတဲ့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အစီရင်ခံထုတ်ပြန်လိုက်ပါတယ်။
မေလ ၂၆ ရက်နေ့က ပြီးသွားတဲ့ ဥရောပပါလီမာန်ရွေးကောက်ပွဲတွေမှာ ရွှေ့ပြောင်းအခြေချသူတွေကို မလိုလားတဲ့ အများကြိုက်ဝါဒီ လက်ယာစွန်းပါတီတွေ တော်တော်လေး အနိုင်ရခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ အကောင်းဆုံးချောကလက်နဲ့ နာမည်ကျော်တဲ့ Belgium မှာ ကိုကိုးစေ့ကနေ ချော့ကလက်ဖြစ်တဲ့အထိ ထုတ်လုပ်ပုံ အဆင့်အဆင့်ပြသထားတဲ့ ပြတိုက်ကို Antwerp မြို့ မှာဖွင့်ထားပါတယ်။ ကမ္ဘာကျော် Belgium ချော့ကလက်တွေကို ကိုယ်တိုင်လည်းမြည်းနိုင်ပါတယ်။ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ပေးထားပါတယ်။
Trumpရဲ့စည်းရုံးရေးတာဝန်ရှိတွေက၂၀၁၆ရွေးကောက်ပွဲမှာရုရှားနဲ့ပေါင်းကြံခဲ့ခြင်းရှိ မရှိနဲ့တရားစီရင်ရေးအပေါ်Trumpနှောင့်ယှက်ဟန့်တားခဲ့ခြင်းရှိ မရှိအထူးစုံစမ်းရေးမှူးရဲ့စုံစမ်းတေ့ွရှိချက်တွေကိုဘယ်လိုဆက်ဆောင်ရွက်မယ်ဆိုတာဒီမိုကရက်နဲ့ရီပါဘလစ်ကန်ကြားသဘောကွဲနေပါတယ်။Zlatica Hokeရဲ့သတင်းကိုမစုမြတ်မွန်တင်ပြပါမယ်။
လူထုအုံကြွမှုတွေဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ သမ္မတကို ကျားကန်ပေးနေတဲ့စစ်တပ်ဘက်ပြောင်းလာအောင် နိုင်ငံထဲကအဓိကကျတဲ့ပုဂ္ဂိုလ်တွေ ကြားဖြတ်သမ္မတကိုထောက်ခံဖို့လိုကြောင်း အမေရိကန်အစိုးရပြောပါတယ်။ Maduro ကတော့ လူထုအုံကြွမှုတွေကို အရေးမကြီးသလို ပြောခဲ့ပြီး အမေရိကန် လိမ်ညာနေတယ်လို့ ပြောပါတယ်။ မစုမြတ်မွန် တင်ပြပါမယ်။
ဗင်နီဇွဲလားသမ္မတMaduroကိုဖြုတ်ချနိုင်ဖို့ အမေရိကန်က စီးပွားရေးပိတ်ဆို့မှုအပါအဝင်ဖိအားတိုးမြှင့်ပေးခဲ့တာ ၃ လကြာလာပေမယ့် အာဏာရှင်သမ္မတကတော့ ခုချိန်ထိ အာဏာကို ခိုင်မာစွာ ဆုပ်ကိုင်ထားဆဲဖြစ်တာကြောင့် အမေရိကန်လုပ်ရပ် ထိရောက်ရဲ့လား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ Brian Padden ရဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။
Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီး မီးလောင်ပျက်စီးသွားတဲ့အတွက် သူ အင်မတန် စိတ်ထိခိုက်ရတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားလိုက်ပါတယ်။ ပြင်သစ်လူမျိုးတွေ အမြတ်တနိုးထားကြတဲ့ Cathedral ဘုရားကျောင်းကြီးကို ၅ နှစ်အတွင်း ပြန်လည်ပြင်ဆင်မယ်လို့ သမ္မတ Emmanuel Macron က အင်္ဂါနေ့က ကတိပြုပါတယ်။
Indonesia နိုင်ငံ Sumatra ကျွန်းပေါ်မှာ ဒေါ်လာ ၁.၆ ဘီလျံကုန်ကျမယ့် ရေအားလျှပ်စစ်စက်ရုံနဲ့ ရေကာတာဆောက်လုပ်ရေးကြောင့် မျိုးတုန်းတော့မယ့် မျောက်ဝံတွေ နေထိုင်ရှင်သန်ရေးကို ထိခိုက်စေတယ်လို့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေ သတိပေးနေကြပါတယ်။ Jack Hewson ရဲ့ သတင်းလွှာကို မစုမြတ်မွန်က တင်ပြပါမယ်။
အမေရိကန်ရဲ့ ၂၀၂၀အစိုးရအသုံးစရိတ်ထဲမှာသံတမန်ရေးရာနဲ့နိုင်ငံတကာကူညီထောက်ပံ့မှုအသုံးစရိတ်သန်းထောင်နဲ့ချီဖြတ်တောက်ထားတဲ့အပေါ်လွှတ်တော်အမတ်တွေအပြင်းအထန်ဝေဖန်နေပေမယ့်နိုင်ငံခြားရေးဝန်ကြီး Pompeo ကTrump အဆိုပြုထားတဲ့ အသုံးစရိတ်လျှော့ချမှုကို ခုခံခဲ့ပါတယ်။ Cindy Saine ရဲ့သတင်းကို မစုမြတ်မွန် တင်ပြပါမယ်။
ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အစိုးရတပ်တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ကမ္ဘာလှည့် ခရီးသည်တချို့ ရှိနေပါတယ်။
တရုတ်နိုင်ငံလူ့အခွင့်အရေးအခြေအနေအပြင်မြန်မာနိုင်ငံမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပိုကန့်သတ်ခံရတဲ့အခြေအနေအပါအဝင်ကမ္ဘာ့နိုင်ငံပေါင်း၂၀၀နီးပါးက လူ့အခွင့်အရေးအခြေအနေတွေကိုအမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ လူ့အခွင့်အရေးအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ Zlatica Hoke ရဲ့သတင်းကို မစုမြတ်မွန် တင်ပြပါမယ်။
DACA လို့ခေါ်တဲ့ အမေရိကန်ကို ကလေးဘဝထဲက မိဘတွေနဲ့အတူ တရားမဝင်ရောက်လာသူ သိန်းနဲ့ချီကို Trump က နေရပ်ပြန်ပို့မယ့်အခြေအနေဖြစ်နေတာကြောင့် သူတို့ကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ ဒီမိုကရက်အမတ်တွေ စတင်လုပ်ဆောင်တော့မှာပါ။ Katherine Gypson ရဲ့ သတင်းကို မစုမြတ်မွန် ပြောပြပါမယ်။
မက္ကစီကိုနဲ့နယ်စပ်မှာ အရေးအပေါ်အခြေအနေ ဖြစ်နေပြီလို့ သမ္မတ Trump ကြေညာထားတဲ့ ကြေညာချက်ကို ပယ်ချမယ့် ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်မှာ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။ အထက်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ရင်တောင် သမ္မတ ဗီတိုအာဏာသုံးပယ်ချမယ့် အလားအလာရှိနေတဲ့အကြောင်း Katherine Gypson သတင်းကို မစုမြတ်မွန် တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်