Green New Deal လို့နာမည်ပေးထားတဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအစီအစဉ် ဥပဒေကြမ်းကို Democrat လွှတ်တော်အမတ်တချို့က အဆိုပြုနေကြပါတယ်။ အမေရိကန်တနိုင်ငံလုံးရဲ့ စွမ်းအင်ရရှိသုံးစွဲမှုကို အသွင်ပြောင်းလိုက်မယ့် အငြင်းပွားစရာအစီအစဉ်အကြောင်း Steve Baragona တင်ပြထားပါတယ်။ မစုမြတ်မွန်က ဆက်ပြီးပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ Democrat ပါတီကိုထောက်ခံသူတွေနဲ့ Republican ပါတီထောက်ခံသူတွေကြား သိသိသာသာ သဘောထားကွဲနေချိန်မှာ သက်တမ်းဝက်ရွေးကောက်ပွဲတွေကို ကျင်းပနေတာပါ။
ဇွန်လ ၂၃ ရက်နေ့ထဲက ထိုင်းလှိုဏ်ဂူထဲမှာ ပိတ်မိနေကြတဲ့ လူငယ်ဘောလုံးအသင်းသား အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီနေ့မှာ စတင် အဆုံးသတ်တော့မှာဖြစ်ပါတယ်။ ဂူထဲမှာ ပိတ်မိနေတာ ၁၈ ရက်အကြာမှာ လူငယ် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြတို့အားလုံးကို ဂူပြင်ရောက်အောင် ကယ်ဆယ်နိုင်ခဲ့တာပါ။
အသက်စွန့်လွှတ် အနစ်နာခံသွားကြတဲ့ အမေရိကန်စစ်သည်တွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ လွတ်လပ်မှုကိုခံစားနေကြရတာဖြစ်တယ်လို့ သမ္မတ Donald Trump ကပြောကြားဂုဏ်ပြုလိုက်ပါတယ်။
နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်တဲ့ ဓနသဟာယနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ကြာသပတေးနေ့က စတင်ခဲ့ပါတယ်။ တချိန်က ဗြိတိသျှကိုလိုနီ လက်အောက်ခံဖြစ်ခဲ့တဲ့နိုင်ငံများနဲ့ ဖွဲ့စည်းထားတဲ့ ဓနသဟာယ အသင်းကြီးဟာ ဗြိတိသျှအင်ပါယာရဲ့ နောက်ဆုံးလက်ကျန် ပြရုပ်သာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေ အတွက် တာဝန်ရှိတဲ့ မြန်မာစစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေကို လာမယ့် သီတင်းပါတ်တွေအတွင်း EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ဖို့ရှိတယ်လို့ ဗြိတိန်အစိုးရက ပြောကြားလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲမှာ ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုအငြင်းပွားမှုကြောင့် နိုင်ငံတကာခုံသမာဓိအဖွဲ့အထိတက်ပြီး အဆုံးအဖြတ်ယူခဲ့တဲ့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြားမှာ အခုတော့ ဆက်ဆံရေး အတော်လေးနွေးထွေးလာနေပါတယ်။
Afghanistan နိုင်ငံသမ္မတ Ashraf Ghani ရဲ့ ဖိတ်ကြားချက်နဲ့ Pakistan ဝန်ကြီးချုပ် Abbasi ဒီနေ့ သောကြာနေ့မှာ Afghanistan နိုင်ငံကို နေ့ချင်းပြန်သွားမယ်လို့ Pakistan အစိုးရက ပြောပါတယ်။
Mongolia နိုင်ငံမြောက်ပိုင်းမှာ ဆောင်းရာသီဆို ကန်တွေခဲကုန်တဲ့အထိ အရမ်းအေးတာကြောင့် ရေခဲကန်ကြီးတခုပေါ်မှာ ရေခဲပွဲတော်ကို နှစ်စဉ်ဆင်နွဲပါတယ်။ စွပ်ဖားလှည်းပြိုင်ပွဲ၊ စကိတ်စီးပြိုင်ပွဲနဲ့ ရိုးရာဝတ်စုံပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့တွေ့ဆုံမယ်လို့ ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားတို့ဖက်က တစုံတရာတုံ့ပြန်ခြင်းမရှိသေးပေမဲ့ ခေါင်းဆောင် ၂ ယောက်တေ့ွဆုံကြမယ့် ထိပ်သီးစည်းဝေးပွဲအတွက် ပြင်ဆင်မှုတွေကိုတော့ လုပ်ဆောင်နေပုံရပါတယ်။
ဗြိတိန်နိုင်ငံကို အလည်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အမှတ်တရဝယ်ကြတဲ့ပစ္စည်းတွေထဲမှာ အင်္ဂလန်လုပ် ကြွေထည်ပစ္စည်းတွေလည်းပါပါတယ်။ ပန်းကန်ခွက်ယောက်တွေ တော်ဝင်မိသားစုအထိမ်းအမှတ်ပစ္စည်းတွေအပြင် နိုင်ငံရေးအရသရော်ထားတဲ့ ကြွေ္ဂရုပ်လေးတွေပါ ဖန်တီးထုတ်လုပ်တာပါ။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
တရုတ်နိုင်ငံမှာ သမ္မတရာထူးသက်တမ်း အကန့်အသတ်မရှိတော့တဲ့အတွက် ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းအောင်လုပ်မယ်လို့ ကတိပြုထားတဲ့ သမ္မတ Xi Jinping အနေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အချိန်ပိုရသွားပါတယ်။
အီတလီဖက်ရှင်လောကကြောင့် 1970 ပြည့်နှစ်ပိုင်းတွေကစလို့ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းအထိ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ခဲ့သလဲဆိုတာကို Milan မြို့က ပြတိုက်တခုမှာ ပြသထားပါတယ်။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
နျူးကလီးယား ကင်းစင်ပပျောက်ရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့ လိုလားတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ပြောခဲ့တဲ့အပေါ် အမေရိကန်က သတိထား တုံ့ပြန်နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ အချိုကြိုက်တဲ့သူတွေအတွက် Dessert Museum ဆိုတဲ့ အချိုပွဲပြတိုက်တောင် ဖွင့်ထားတာပါ။ ငှက်သိုက်မုန့်၊ ရေခဲမုန့်၊ သကြားလုံး ဒီလိုချိုပေ့ဆိုတဲ့ မုန့်တွေပြထားတဲ့အပြင် ဧည့်သည်တွေကိုလည်း အချိုပွဲနဲ့ တည်ခင်းပါတယ်။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
Switzerland နိုင်ငံ Geneva မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၃၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ မြန်မာအပါအဝင် နိုင်ငံစုံက အဆင့်မြင့် ကိုယ်စားလှယ်တွေက လူ့အခွင့်အရေးဆိုင်ရာသဘောထားမှတ်ချက်တွေ ပေးခဲ့ကြပါတယ် ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပါတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို နိုင်ငံတချို့က ထောက်ပြသွားကြပါတယ်။
တရုတ်နိုင်ငံမှာ ၅ နှစ်စီ သမ္မတသက်တမ်း ၂ ကြိမ် ထမ်းဆောင်ရမယ်ဆိုတဲ့အချက်ကို ဖွဲ့စည်းပုံထဲကနေ ပယ်ဖျက်ဖို့ အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီက အဆိုပြုကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန် အနောက်ဖက်ခြမ်းမှာရှိတဲ့ Malibu ကမ်းရိုးတန်းမြို့ဟာ ကမ္ဘာကျော် ရုပ်ရှင်၊ ရုပ်သံဇတ်လမ်းတွဲနဲ့ ဂီတတွေ ဖန်တီးရာမြို့တမြို့ ဖြစ်ပါတယ်။ Hollywood အကျော်အမော်တွေကိုမွေးထုတ်ပေးရာ Malibu မှာသူတို့ဘယ်လို သွားလာနေထိုင်ကြပါသလဲ။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
Brazil နိုင်ငံမှာ ပွဲတော်ရာသီရောက်ပြီဆိုရင် Carnival ဖက်ရှင်ဒီဇိုင်နာတွေက ပွဲတော်မှာ ပါဝင်ဆင်နွဲသူတွေအတွက် ထူးခြားဆန်းပြားတဲ့ ဝတ်စုံတွေ၊ အသုံးအဆောင်ဖက်ရှင်တွေ ရောင်းချပေးပါတယ်။ Rio မြို့က Carnival အရောင်းပြခန်းတွေအကြောင်း မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ဒေသထွက်သယံဇာတတွေကို ခွဲဝေသုံးစွဲရေး ပြည်နယ်အစိုးရက ဆုံးဖြတ်ခွင့်မရှိတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA လက်မှတ်မထိုးရသေးတာက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေပဲလို့ ကယားပြည်နယ်လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်စည်သူက ပြောပါတယ်။ မစုမြတ်မွန် တေ့ွဆုံမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်