ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ၂၀၁၇ တုန်းက ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခုံရုံးဖွဲ့ စစ်ဆေးမယ့်အကြောင်း တပ်မတော်ရဲ့ ကြေညာချက်အပေါ်မှာတော့ အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းအဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။
စာချုပ်သက်တမ်းပြည့် သင်္ဘောသားတွေနဲ့ သင်္ဘောပြန်တက်မယ့်သူတွေ အလဲအလှယ်လုပ်တဲ့နေရာမှာ အရင်က ရန်ကုန်ဆိပ်ကမ်းနဲ့ လေဆိပ်ကနေတဆင့် တခြားနိုင်ငံတွေဆီသွားရောက်တာကနေ အခုလို ကပ်ရောဂါကာလမှာတော့ အရင်လမ်းကြောင်းအတိုင်းသွားဖို့က အခက်အခဲရှိနေပါတယ်။
တာချီလိတ်က ကိုဗစ်ရောဂါပိုး ကင်းစင်သွားလို့ ဆေးရုံဆင်းခဲ့သူ နောက်တကြိမ် ဒီရောဂါပိုးပြန်တွေ့တာဟာ ဘာကြောင့်လဲဆိုတာ အတိအကျမ သိနိုင်သေးပေမဲ့ တခြားပိုးစတွေ့သူတွေလို သီးခြားထားစောင့်ကြည့်ကုသမှု အဆင့်ဆင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
နိုင်ငံတကာခရီးသည်တင် လေယာဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားလို့ ပြည်ပမှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နိုင်ရေး ကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်နေတယ်လို့ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက VOA ကိုပြောပါတယ်။
COVID-19 ရောဂါကြောင့် သေဆုံးသူ ခြောက် ဦး အပါအဝင် ကူးစက်သူ ၃၀၀ လောက် ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေ နည်းပါးတာတွေ့ရပြီး၊ ဒီရက်ပိုင်းအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင်လည်း အတည်ပြုလူနာတွေထဲမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေ များပါတယ်။
မြန်မာရောက် အိန္ဒိယနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်မယ့် လေယာဉ်ဟာ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ရန်ကုန်-လခ်နောင်း-နယူးဒေလီ ပြေးဆွဲမှာသေချာပေမဲ့ အဲဒီလေယာဉ်နဲ့ မြန်မာနိုင်ငံသားတွေ ပြန်လိုက်နိုင်ဖို့ကတော့ မသေချာသေးပါဘူး။
အစီရင်ခံစာရဲ့စာမျက်နှာ ၅ မျက်နှာခွဲလောက် ဖော်ပြထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အစမှာတော့ အစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အခြေခံအကျဆုံး လုပ်သင့်တာတွေကို ပြည့်မီအောင်မလုပ်ခဲ့လို့ အခုလိုအဆင့် ၃ နေရာမှာ ရှိနေခဲ့တာလို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံအသီးသီးက ကျန်းမာရေးတာဝန်ရှိသူတွေ အချင်းချင်း ပုံမှန်အဆက်အသွယ်ရှိနေသလို အခုလိုအခြေအနေမျိုးမှာလည်း ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြည်တွင်းကိုဗစ်ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက အခုလိုပြောပါတယ်။
ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ ပြည်တွင်းမှာ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကိုလည်း ပြည်သူတွေလိုက်နာဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးထားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ ထိုင်းနဲ့မလေးရှားပြန် ၂၃ ဦးကို ကိုဗစ်ရောဂါ အတည်ပြုခဲ့တာပါ။ အဲဒီ ၂၃ ဦးဟာ မြဝတီနယ်စပ်ဂိတ်ကနေ တဆင့်ပြန်ဝင်လာတဲ့ ၃၅ ဦးပါ အဖွဲ့ထဲကဖြစ်ပြီးတော့ သူတို့ကို ဘားအံမြို့က မူးယစ်ဆေးဖြတ်စခန်းမှာ ၈ ရက်နေ့ကစပြီး အသွားအလာ ကန့်သတ်လိုက်တာပါ။
ကမ္ဘာ့နေရာအနှံ့မှာ ကပ်ရောဂါကြောင့်ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက နေရပ်ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေပေမယ့်၊ အသွားအလာအကန့်အသတ်တွေနဲ့အခြားအခြေအနေတွေကြောင့် နိုင်ငံသားတချို့ နေရပ်ပြန်ဖို့ ခက်ခဲနေဆဲပါ။
၂၀၁၈-၂၀၁၉ ခုနှစ်မှာ မြန်မာပြည်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည် ၄,၀၀၀,၀၀၀ ကျော်ရှိခဲ့ပြီး သူတို့သုံးစွဲခဲ့တဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိခဲ့ပေမဲ့ အခုကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀ မှာတော့ ခရီးသွားလုပ်ငန်းအားလုံး ရပ်တန့်လိုက်ရတဲ့အခြေအနေကို ရောက်ခဲ့တာပါ။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲလောက် အနိုင်မရနိုင်ပေမဲ့လည်း အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နိုင်မယ်လို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ စစ်ရှောင်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ သူတို့နေရပ်ပြန်နိုင်ဖို့အတွက် အစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကူညီရေးအဖွဲ့အစည်းတွေကို စစ်ရှောင်ကော်မတီတွေဘက်က တောင်းဆိုလိုက်တာပါ။
ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ မလေးရှားမှာ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားအများစုဟာ သူတို့ရဲ့လုပ်ငန်းခွင် ပိတ်သိမ်းမှုတွေကြောင့် ပြည်တွင်းကို အလုံးအရင်းနဲ့ ပြန်ဝင်လာကြတာ ၁၀၀,၀၀၀ ကျော် ရှိထားပါပြီ။
ဧရာဝတီတိုင်းက ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေလို့ ဒါတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရဆီ တိုင်ကြားဖို့ပြင်ဆင်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မေလလယ်လောက်က စက်ရုံလုပ်သား ၁၀၀ ကျော်ကို ဥပဒေမဲ့ အလုပ်သမားလျှော့ချမှု နောက်ဆက်တွဲအခြေအနေကြောင့်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတွင်း ကိုဗစ်ရောဂါ ကူးစက်နှုန်းတိုးလာတဲ့ အခြေအနေတွေကြောင့် ဧပြီလပိုင်းလောက်ကစပြီး ပိတ်သိမ်းထားခဲ့တဲ့ အလုပ်ရုံတွေမှာရှိနေတဲ့ မြန်မာလုပ်သားတွေဟာ သူတို့ထည့်ဝင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေကြေးကို စောင့်ဆိုင်းခဲ့ကြတာပါ။
ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့အချိန် ပြည်ပရောက် မြန်မာအလုပ်သမားတွေ အလုံးအရင်းနဲ့ နေရပ်ကို ပြန်လာကြတာပါ။ ပြည်တွင်းမှာလည်း ပိုလျှံနေတဲ့ အလုပ်အကိုင်နည်းသလို သူတို့ လုပ်ငန်းမကျွမ်းကျင်မှာကိုလည်း ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
ကိုဗစ်လူနာအသစ်တွေထဲမှာ ပြည်တော်ပြန်တွေသာ တိုးလာနေပေမယ့်လို့ ခရီးသွားရာဇဝင်မရှိသလို၊ လူနာနဲ့ဆက်စပ်နေသူလည်းမဟုတ်တဲ့ ပြည်တွင်းကူးစက်ခံရသူမတွေ့တော့တာ နှစ်ပတ်ရှိလာပါပြီ။
အခုနှစ်အစပိုင်းမှာ ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ရဲ့အဖွဲ့ဝင်အသစ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်ကိုင်တွယ်လိုတဲ့စိတ်ရင်းနဲ့ ဆန္ဒကင်းမဲ့နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့ ၂၂ ဖွဲ့ က မေလ ၂၇ ရက်နေ့တုန်းက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်