COVID-19နဲ့ ပတ်သက်တဲ့ အရေးပေါ်ကြေညာချက်ကို ဂျပန်အစိုးရက ပြန်လည်ရုပ်သိမ်းပြီးတဲ့နောက် ဂျပန်ရောက်မြန်မာတွေရဲ့ လတ်တလောအခြေအနေ ကို တင်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက်အခြေခံလုပ်သားတွေအတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေဖန်တီးပေးနိုင်မလဲ VOA က စုံစမ်းမေးမြန်းထားပါတယ်။
ပြည်တွင်းက ကိုဗစ်လူနာတွေကို ကုသပေးဖို့ ဆောင်ရွက်နေတဲ့ သွေးရည်ကြည် ကုထုံးရဲ့အခြေအနေဟာ ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာကို ဒီကုထုံး ကုသနိုင်ဖို့ဆောင်ရွက်နေတဲ့အကြံပေးအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ပါမောက္ခဒေါက်တာရဲမြကို မစုစုက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဗစ်လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအပါအဝင် ပြည်ပကနေ ပြန်ဝင်လာသူတွေထဲက ရောဂါလက္ခဏာရှိသူတွေကိုသာ အရင်က စစ်ဆေးပေးခဲ့ပေမဲ့ ဧပြီလ ၁၅ ရက်နေ့ကစပြီး မေလ ၁၆ ရက်နေ့အတွင်း Q ဝင်သူဦးရေ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ စစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။
အခုလာမယ့် ပညာသင်နှစ်မှာ သင်ရိုးသစ်စတင်မယ့် ၄တန်း၊ ၇တန်းနဲ့ ၁၀တန်း။ အဲဒီအတန်းတွေကို သင်ကြားပေးမယ့် ဆရာ၊ဆရာမတွေအတွက် သင်ရိုးသစ်သင်တန်းပို့ချတာကို အွန်လိုင်းအခြေပြုစနစ်နဲ့ ကိုယ်တိုင်လေ့လာသင်ယူမှုအစီအစဉ်ကို ဒီကနေ့ကစပြီး လေ့လာနိုင်မှာပါ။
ကိုဗစ်ရောဂါရှိသူတွေနဲ့ အနီးကပ်ထိတွေ့မှုရှိ၊ မရှိ ကွင်းဆင်းရှာဖွေတဲ့လုပ်ငန်းကို တိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနတို ပူးပေါင်းပြီး လူထုကြားမှာ ဆောင်ရွက်နေတာ အင်းစိန်၊ လှိုင်သာယာ၊ တာမွေနဲ့ ဗဟန်းအပါအဝင် တောင်ဥက္ကလာပမြို့နယ်တို့မှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ကယားပြည်နယ်မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးတဲ့အခြေအနေမှာ ပြည်နယ်တွင်းရောဂါပိုးကူးစက်မှုကာကွယ်ရေးအတွက် ကျန်းမာရေးဌာနတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ပူးတွဲအရှိန်မြှင့်ဆောင်ရွက်နေပါတယ်။
ဖမ်းဆီးထောင်ချခံထားတဲ့ သပိတ်မှောက်အလုပ်သမားတွေနဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနဲ့ အရေးယူခံထားရသူတွေအပါအဝင် အကြောင်းပြချက်မရှိ လျော်ကြေးမရဘဲ အလုပ်ထုတ်ခံခဲ့ရတဲ့ စက်ရုံအလုပ်သမားတွေအတွက် တရားမျှတမှု ရရှိစေဖို့ အကူအညီတောင်းခံခဲ့တာပါ။
ဇူလိုင်လအတွင်းမှာ ကျောင်းတွေပြန်ဖွင့်မှာ ဖြစ်လို့ အသုံးပြုခွင့်ပေးထားတဲ့ ဒီကျောင်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ပိုးသတ်ဆေးဖြန်းပြီး ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံဖို့ကို ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
COVID-19 ကပ်ရောဂါ နောက်ဆက်တွဲဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးဆက်တွေကို ခန့်မှန်းပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေတဲ့အကြောင်းကို ပြောပြမှာပါ။
၁၆ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို အခုလ ၁၈ ရက်နေ့ကစပြီး နေပြည်တော်မှာ ကျင်းပမှာဖြစ်လို့ တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးပေးတာကို သုံးရက်တာ လုပ်ဆောင်သွားမှာပါ။
ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြားသဘောတူညီချက်အရ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အထောက်အကူပေးရေး အစီအစဉ်ကို ယာယီအားဖြင့် ရပ်ထားပြီး၊ ကိုဗစ် ကျန်းမာရေးပညာပေးကို ဦးစားပေးဆောင်ရွက်နေပါတယ်။
COVID-19 နဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို အခမဲ့ မေးမြန်းနိုင်တဲ့ National Call Center စတင်ခဲ့တာ ဒီကနေ့ မေလ ၉ ရက်နေ့ဆို တလပြည့်ပြီ ဖြစ်ပါတယ်။
စက်ရုံပေါင်း ၂,၀၀၀ ကျော်ရှိတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ အခုအချိန်ထိ စက်ရုံ ၉၀၀ လောက်ပဲ စစ်ဆေးနိုင်ပါသေးတယ်။ ကုန်အမှာမရှိ၊ ကုန်ကြမ်းလည်းမရတဲ့အခြေအနေမှာ စက်ရုံကို ပိတ်ထားဖို့ လုပ်ငန်းရှင်တွေက ပိုပြီး ဆန္ဒရှိကြတာပါ။ လှိုင်သာယာ အခြေအနေကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပြပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ထားတဲ့ စာရင်းအရ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၆၂ ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၅၀ အထိ ရှိထားပြီဖြစ်ပါတယ်။ ဒါဟာ ဓာတ်ခွဲနမူနာပေါင်း ၁၀,၀၀၀ ကျော်ကို စစ်ဆေးပြီးခဲ့တဲ့ အခြေအနေပါ။
COVID-19 ရောဂါပိုးပြန့်ပွားမှု တားဆီးရေးအတွက် မြန်မာနိုင်ငံမှာ လူစုလူဝေးနဲ့သွားလာကန့်သတ်မှုတွေကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ထားပေမဲ့ အခု မေလဆန်းမှာ လူအများအပြား ပုံမှန်လို ပြန်လည်သွားလာနေမှုတွေ ရှိလာတာကြောင့် ရောဂါကာကွယ်ရေးအတွက် မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးလာတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဓာတ်ခွဲစစ်ဆေးခဲ့တဲ့အထဲ အတည်ပြုရမယ့် ထပ်တိုးလူနာသစ် လုံးဝ မရှိခဲ့တဲ့ ရက်တွေဆက်ခဲ့သလို ဒီကနေ့ မနက်အစောပိုင်းမှာလည်း ဓာတ်ခွဲနမူနာ ၂၀၈ ခုကို စစ်ဆေးအပြီးမှာ အတည်ပြုလူနာသစ် ၁ ဦးကိုသာ တွေ့ရှိခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း သာမန်ဖျားနာမှုတွေကို ကုသပေးနိုင်ဖို့ ရန်ကုန်တိုင်း မြို့နယ်တချို့မှာ အခမဲ့ဆေးခန်းတွေ ဖွင့်လာပါတယ်။ အဲဒီဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆရာဝန်တွေက ကုသပေးနေပြီး လိုအပ်တဲ့ ကာကွယ်ကုသရေးပစ္စည်းနဲ့ တခြားလိုအပ်ချက်တွေကို အလှူရှင်တွေရဲ့ထောက်ပံ့မှုတွေနဲ့ ရပ်တည်နေကြတာပါ။
ကိုဗစ်ကာလအတွင်း ခရီးသည်တင် YBS ယာဉ်လိုင်းတွေ လိုက်နာရမယ့်ညွှန်ကြားချက်တွေကို ဆောင်ရွက်ရာမှာ အခက်အခဲရှိနေပါတယ်။ ရုံးတွေပြန်ဖွင့်တော့မယ့် ကာလမှာ ခရီးသည်တွေ တိုးလာနိုင်ပေမယ့် ယာဉ်လိုင်းအားလုံး အစီးရေ လုံလုံလောက်လောက်ပြေးဆွဲနိုင်ဖို့ အခက်ကြုံနေရပြန်ပါတယ်။
လာမယ့် မေလအတွင်းမှာ လေကြောင်းနဲ့ နယ်စပ်ဂိတ်တွေကနေတဆင့် ပြည်တွင်းကို ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေ ရှိနေတာကြောင့် သူတို့ကို ကိုဗစ်ရောဂါစောင့်ကြည့်နိုင်ဖို့အတွက် ကျန်းမာရေးဌာနက စီစဉ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်