ပြည်တွင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူတွေထဲ ခရီးသွားရာဇဝင် မရှိသလို ရောဂါရှိထားသူနဲ့လည်း ထိတွေ့ခဲ့သူတွေထဲက မဟုတ်ဘဲ ဒီရောဂါဖြစ်လာသူတွေ ရှိနေတာကြောင့် ကိုယ်တိုင်က ကျန်းမာပြီး ဒီရောဂါပိုးကိုသယ်ဆောင်လာတဲ့ Silent Carrier တွေပါ ရှိနေပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါကိုကာကွယ်နိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်နည်းလမ်းတွေကို လိုက်နာနေရတဲ့အချိန်မှာပဲ မိုးတွင်းကာလအစမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကိုလည်း အခုကတည်းက ကြိုတင်ကာကွယ်ထားဖို့လိုတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး စီမံချက် ကျန်းမာရေးအကြံပေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာစောဝင်းက သတိပေးထားပါတယ်။
သံသယလူနာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိဆိုတာကို စစ်ဆေးပေးနေတဲ့ ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှာ တနေ့ကို ဓာတ်ခွဲနမူနာပေါင်း ၃၀၀ ကနေ ၄၀၀ ကြား စစ်ပေးနေတယ်လို့ သိရပါတယ်။ လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို PCR နည်းပညာနဲ့ အဆင့်ဆင့်ဓာတ်ခွဲစမ်းသပ်ပြီး စစ်ဆေးနေတာပါ။
ပြည်တွင်းက ကိုဗစ်လူနာတွေထဲ ကျန်းမာရေး ဝန်ထမ်းတွေကိုပါ ရောဂါကူးစက်မှုတွေ ရှိလာနေပြီး ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့မှု ရှိခဲ့လို့ အသွားအလာကန့်သတ်ခံရတဲ့ ဆရာဝန်တွေနဲ့ တိုက်နယ်ဆေးရုံတွေမှာ ရောဂါကာကွယ်ရေးအတွက် ပစ္စည်းလိုအပ်ချက်တွေရှိနေတဲ့အကြောင်းကို တင်ဆက်ပေးပါမယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ၁၀ နာရီထုတ်ပြန်ချက်ထဲမှာ ဓာတ်ခွဲအတည်ပြုလူနာ ၁၁ ဦး ထပ်တိုးလာတာကို ဖော်ပြထားပါတယ်။ အဲဒီထပ်တိုးလူနာ ၁၁ ဦးထဲက လူနာနံပါတ် ၇၉ နဲ့ ၈၅ ဟာ ပြည်ပခရီးသွားထားတဲ့ ရာဇဝင်မရှိသလို၊ ကိုဗစ်ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ခဲ့သူတွေ မဟုတ်ဘူးဆိုတာကို ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီကနေ့မနက် ၁၀ နာရီခွဲအထိ စာရင်းတွေအရ မြန်မာပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာ ၇၄ ဦးအထိ ရှိထားပြီး၊ အဲဒီထဲက ရောဂါပျောက်ကင်းသူ ၃ ဦးနဲ့ သေဆုံးသူ ၄ ဦးအထိရှိထားပြီး တဦးကိုတော့ အထူးကြပ်မတ်ကုသပေးနေရတယ်လို့ သိရပါတယ်။
မြန်မာပြည်တွင်း COVID- 19 ရောဂါ စမ်းသပ်မှုမြှင့်တင်ဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများ ဆိုင်ရာရုံး (UNOPS) က စမ်းသပ်ကိရိယာ ၂၀,၀၀၀ ကျော် မြန်မာနိုင်ငံကိုရောက်ရှိလာပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) နဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန (MOHS) တို့ကို ပေးပို့သွားမှာပါ။
COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲအပြင်သွားတာမျိုးကို ရှောင်ကြဉ်ပြီး နေအိမ်အဝင်အထွက်များတာဟာ အန္တရာယ်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက သတိပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ရှိကြောင်း ဓါတ်ခွဲအတည်ပြုခံရသူတွေထဲမှာ ဒီရောဂါလက္ခဏာ မပြသလို၊ သတ်မှတ်စောင့်ကြည့်ခံရတဲ့ ၁၄ ရက်ကို ကျော်လွန်ပြီးမှ ရောဂါဖြစ်လာသူလည်း ရှိနေပါပြီ။ ဒီလိုအချိန်မှာ ပြည်သူတွေအနေနဲ့ အရေးတကြီးသတိထားဖို့ လိုနေကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သတိပေးထားပါတယ်။
သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ ညွှန်ကြားချက်တွေထုတ်ပြန်ထားပြီး ဒီအစီအစဉ်ကိုကြပ်မတ်ဆောင်ရွက်ဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို အစိုးရတွေက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ နေအိမ်အပြင် မထွက်ဖို့ကိစ္စမှာ ဥပဒေအရ တင်းကြပ်တဲ့သဘောတော့ မတွေ့ရပါဘူး။
မြန်မာနိုင်ငံထဲ COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးထဲ သုံးဦးသေဆုံးခဲ့ပြီး ရောဂါပျောက်ကင်းသွားသူဟာလည်း နှစ်ဦးအထိ ရှိလာပါတယ်။ ကျန်ရှိနေသေးတဲ့ လူနာတွေရဲ့ ရောဂါအခြေအနေကောင်းမွန်တယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ လူနာနံပါတ် ၄ ဟာ ပထမဆုံး COVID-19 ပျောက်ကင်းသူဖြစ်လာပါပြီ။ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၇ ဟာလည်း ဒီရောဂါပျောက်ကင်းမယ့် အလားအလာရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နေတဲ့ ကာလမှာ ပြည်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို လိုက်နာနေချိန်မှာပဲ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့အတွက် စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေက လမ်းညွှန်ပေးထားပါတယ်။
COVID-19 အတည်ပြုလူနာတွေ ထားရှိဖို့ ရန်ကုန်တိုင်းဒေသကြီးမှာ နောက်ထပ် နေရာနှစ်နေရာ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ နောက်ထပ်တိုးလာနိုင်မယ့် လူနာအရေအတွက်ပေါ် မူတည်ပြီးတော့လည်း ဆေးရုံကြီးတွေမှာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
COVID-19 ရောဂါ အတည်ပြု လူနာတွေစာရင်းထဲမှာ ကျန်းမာရေးဝန်ထမ်း တဦး စတင် ကူးစက်ခံရတာကြောင့် မြန်မာနိုင်ငံတွင်း ဆေးရုံဆေးခန်းတွေရဲ့ ရောဂါစောင့်ကြည့်ရေးနဲ့ ကာကွယ်ရေး အစီအမံတွေ ဘယ်လိုရှိနေသလဲ တင်ဆက်ပေးပါမယ်။
မြန်မာနိုင်ငံတွင်းက COVID-19 ရောဂါအတည်ပြုလူနာ ၁၄ဦးထဲက နဂိုရောဂါအခံရှိသူ ၂ဦးကို အထူးကြပ်မတ်ကုသပေးနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူကပြောပါတယ်။
COVID-19 ရောဂါရှိ၊ မရှိ မြန်မာနိုင်ငံတွင်းက စောင့်ကြည့်နဲ့ သံသယလူနာတွေကို ဓာတ်ခွဲအတည်ပြုပေးနေတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL က သူတို့ရဲ့ဓာတ်ခွဲအဖြေတွေဟာ တိကျမှု ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း COVID-19 ရောဂါကုသရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အတိုင်းအတာနဲ့ဆိုရင် ဒီရောဂါကုသရေးအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေလည်း မြန်မာနိုင်ငံမှာ အလုံအလောက်ရှိတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူကပြောပါတယ်။
မြန်မာပြည်ထဲကို ပြန်ဝင်လာတဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် ခွဲခြားဆက်ဆံပြီး အပြစ်တင်တာမျိုးတွေ မလုပ်ဘဲ ဒီရောဂါကို အတူ တိုက်ထုတ်နိုင်ဖို့အတွက်လည်း ပြည်သူတွေပါဝင်ပေးဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။
COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ တဦးဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံက လူနာအခြေဟာ ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။
နောက်ထပ်ကြည့်ရှုရန်