“ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ မငြိမ်သက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာတာဝန်အပြည့်အဝရှိနေတယ်။ သူကတော့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီမှာလိုအပ်တဲ့ လမ်းညွှန်မှုတွေပေးသွား မှာဖြစ်ပါတယ်။ တကယ်လို့ပြောတဲ့ ကြားထဲမှာဖြစ်လာခဲ့ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အင်အားက အနည်းလေးပဲ။ အဲ့တော့ တပ်ကိုလိုလို့ရှိရင် သူကိုထိန်းခိုင်းဖို့အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့်ရဲ့ လုပ်ဆောင် ရမဲ့တာဝန်ဖြစ်တယ်။
၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပင်လယ်ကူး သင်္ဘောတွေ ဝင်ထွက် ဆိုက်ကပ် ကုန်တင်ကုန်ချ လုပ်နိုင်တဲ့ ဆိပ်ကမ်းတွေဆိုတာ ပင်လယ် ၀ မှာပဲ ရှိသင့်တယ်၊ အခု ရန်ကုန်မြစ်ထဲ၊ မြို့လည်မှာ ရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို ပင်လယ်၀ ကို ပြောင်းရွှေ့ဖို့ သင့်တယ် ဆိုပြီး မှတ်ချက်ပေးပြီးသား ဖြစ်ပါတယ်။
ညီလာခံ ဖွင့်ပွဲနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကို လေ့လာကြည့်ရင် တပ်မတော်စစ်ခေါင်းဆောင်တွေရဲ့ တင်းမာတဲ့ သဘောထားကို မြင်တွေ့ကြရပါလိမ့်မယ်။ သူ့မိန့်ခွန်းထဲမှာ ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်လာတာ၊ ပြည်တွင်း ပဋိပက္ခတွေ ဖြစ်ပွားလာတာ တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး၊ တပ်မတော်က ဘာ အမှားမှ မလုပ်ခဲ့ဘူးလို့ ဆိုထားပါတယ်။
မိန့်ခွန်း တနေရာမှာ သူဟာ ပထမအကြိမ် လွှတ်တော် သက်တန်းကာလတုန်းက တရားဥပဒေ စိုးမိုးရေးကော်မတီ အတွင်းရေးမှူး အနေနဲ့ ပြည်နယ်နဲ့ တိုင်းတွေကို သွားရောက်ခဲ့တဲ့အကြောင်း၊ အဲဒီမှာ ကျောင်းသားကျောင်းသူတွေဟာ ကျောင်းချိန်အတွင်းမှာကိုပဲ မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတာကို စိတ်မကောင်းဖွယ်ရာ ကြားသိ တွေ့ရှိခဲ့ရကြောင်း၊ စာသင်ကျောင်းတွေမှာတောင် မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်တွေ အဖိုးနည်းနည်းနဲ့ လက်လှမ်းမီ လွယ်လင့်တကူ သုံးစွဲနေကြတဲ့ သတင်းတွေ ကြားသိခဲ့ရပြီး ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျရှုံးမှု နွံတွင်းထဲ တွန်းပို့နေသလို သူ ခံစားရတယ်လို့ ဆိုပါတယ်။
အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင် အစိုးရလက်ထက်မှာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက NLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံခဲ့တာ မဟုတ်ပါဘူး။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်နိုင်တဲ့အထိ အရေးယူနိုင်မယ့် အထူးဥပဒေ ရေးဆွဲပြဋ္ဌာန်းပေးရေး အဆိုကို ပြည်သူ့လွှတ်တော်တွင်း တင်သွင်းသူကတော့ ရသေ့တောင် အမတ် ဒေါ်ခင်စောေ၀ ဖြစ်ပါတယ်။
အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်ရဲ့ တင်ပြချက်မှာတော့ အထက်တန်း ကျောင်းသား ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော် ကျူရှင်ယူရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ စာသင်ခန်းတွေဟာလည်း ပညာသင်ပေးနေတာ၊ ပညာသင်ယူနေတာ ဆိုတဲ့ ပုံစံမျိုးထက် စာမေးပွဲမှာ မေးနိုင်ခြေရှိတာတွေကို ရွေးနှုတ်၊ အမှတ်ရနိုင်ခြေ ရှိတဲ့ မေးခွန်းနဲ့ အဖြေတွေကို လေ့ကျင့်၊ အင်္ဂလိပ်ဘသာစကားကိုလည်း ကောင်းကောင်း မတတ်တော့ အဖြေတွေကို အာဂုံဆောင် အလွတ်ကျက် တဲ့ အခြေအနေ ရောက်လာတာပါပဲ။
အကြောင်းရင်းကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတန်း ကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းကနေ တဆင့် မြန်မာအစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပေးပို့တဲ့ စာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။ အဲဒီစာမှာ အချက် (၄) ချက်ပါပြီး ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကုလသမဂ္ဂ အေဂျင်စီတွေ ဝင်ခွင့်ပေးဖို့ တောင်းဆိုတာ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး အရေးယူပေးဖို့ တောင်းဆိုတာ၊ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတာ၊ မကြာခင် မြန်မာနိုင်ငံရောက်လာမယ့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နဲ့ မြန်မာနိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတာ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရ ဆောင်ရွက်ချက်တွေဟာ အဲဒီစာပါ အချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ယူဆရပြီး တပ်မတော်ဘက်က လက်ခံလာအောင် အရေးပေါ် အစည်းအဝေး မဖြစ်မနေ ကျင်းပရတာလို့ နားလည်နိုင်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းဟာ သူ့အရင် ရှေ့က စစ်ဗိုလ်ချုပ်ဟောင်းတွေလိုပဲ သူ လုပ်ခဲ့ကိုင်ခဲ့တဲ့ လုပ်ရပ်တွေကို လုပ်ရပ်ကောင်းတွေ အဖြစ် ပုံဖော်ကြရာမှာတော့ တူညီကြပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ အဖြစ်မှန်နဲ့ ကွဲလွဲတဲ့ အချက်တွေလည်း တွေ့ကြရပါတယ်။ ဥပမာ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း ကြိုးပမ်းတဲ့ ကိစ္စမျိုးပါ။
ဒါပေမယ့် AI ရဲ့ အစီရင်ခံစာမှာ ARSA အဖွဲ့ကိုပဲ အပြစ်ပုံချထားတာ မဟုတ်ပါဘူး။ အကြမ်းဖက်မှု ကာလ၊ တန်ပြန်နှိမ်နင်းစဉ် ကာလအတွင်း ARSA အဖွဲ့နဲ့ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေ၊ နှစ်ဖက်စလုံးရဲ့ ကျူးလွန်မှုတွေ ဖော်ထုတ်နိုင်အောင် အဲဒီ ဒေသထဲကို သတင်းထောက်တွေ၊ AI လို အဖွဲ့မျိုးတွေ၊ ကုလသမဂ္ဂ စုံစမ်းရှာဖွေရေး အဖွဲ့လိုမျိုးတွေကို သွားရောက်ခွင့်ပေးသင့်တယ် ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။
အစိုးရဘက်က ရစရာရှိတာကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ ပိသာ ၁၂၀၀ ကျော်ရှိတယ်လို့ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က မေလ ၁၇ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေ မေးတာကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လက်တွေ့အခြေအနေ ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု အတော်လေး အားနည်းနေပြီး၊ ဈေးကွက်ကလည်း ကျဉ်းနေသေးတာ တွေ့နိုင်ပါတယ်။ ဒီအတွက် အဓိက လုပ်ရမှာက မြန်မာနိုင်ငံထဲကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ နောက်ထပ် အများကြီး ဝင်လာအောင် စနစ်တကျ စီမံချက် ဆွဲပြီး၊ ဈေးကွက်ကျယ်အောင် လုပ်ရမှာ ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြဿနာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်အထိ ရောက်သွားပြီ ဆိုတာကို အတည်ပြုရာ ရောက်သလို၊ အဲဒီ အခြေအနေကို မြန်မာနိုင်ငံ အစိုးရဘက်ကလည်း လက်ခံလိုက်ပြီ ဆိုတဲ့ သဘော သက်ရောက်ပါတယ်။
NLD အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် မျှော်မှန်းသလောက် မတိုးတက်ခဲ့တဲ့ အဓိက ပြသနာကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ ပါတီ၊ အားလုံးက မီဒီယာတွေ အပေါ် ယုံကြည်မှု သိပ်မရှိတဲ့ ကိစ္စကနေ မြစ်ဖျားခံပါတယ်။
အခုနောက်ဆုံး တရားရုံးကို ရုံးထုတ်လာတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ သတင်းထောက်တွေကို ပြောကြားချက်၊ တရားရုံးမှာ ထွက်ဆိုချက်တွေနဲ့ အရင်က ဖြစ်ပျက်ခဲ့တာတွေ ဆက်စပ်ကြည့်လိုက်ရင် ဒီ အမှုဟာ ထောင်ချောက်ဆင် ဖမ်းဆီးပြီး တည်ဆောက်ခဲ့တယ် ဆိုတာ သေခြာသလောက် ဖြစ်သွားစေပါတယ်။
ဒီဖြစ်စဉ် တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကရင်လက်နက်ကိုင်တွေဘက်က သဘောတူချက် မရပဲ တပ်မတော်က လမ်းဖေါက်လုပ်လို့ ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ရတယ် ဆိုတာ ထင်ရှားပါတယ်။
လက်ရှိ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ NLD ပါတီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမယ့် ခေါင်းဆောင် ဖြစ်လာမှာပါ။ ဒါတင်မက နိုင်ငံရဲ့ အထွဋ်အထိပ် နိုင်ငံတော် သမ္မတ ရာထူးကိုလည်း ရယူထားပြီမို့၊ ဒေါ်အောင်ဆန်းစုကြည် အနားယူလိုက်ရင် ဖြစ်စေ၊ ရုတ်တရက် နာမကျန်း ဖြစ်ရင် ဖြစ်စေ ဦးဝင်းမြင့်ဟာ နံပတ်တစ် ခေါင်းဆောင်အဖြစ် အခိုင်အမာ ကျန်ရစ်မယ့် သဘောဖြစ်ပါတယ်။ ဒါဟာ အတော့်ကို ထူးခြားတဲ့ အနေအထားပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ လုပ်သမျှ တပ်မတော်ရဲ့ ခေါင်းစဉ်အောက်မှာ အားလုံး ကောင်းတယ်၊ တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်လို့ လုပ်ခဲ့ရတာချည်း ဖြစ်တယ် ဆိုတာမျိုးပဲ ပြောဆိုတာ တွေ့ခဲ့ကြရပါတယ်။
နောင် တက်လာမယ့် သမ္မတဟာ အင်န်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းမြင့် ဖြစ်မယ်ဆိုယင်တော့ သိပ်ပြီး အပြောင်းအလဲကြီး မဟုတ်ဘူးလို့ ပြောရမှာပါ။ အရင်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာပဲ သမ္မတအနေနဲ့ အလုပ်လုပ်သွားမှာမို့လို့ပါ။
စုစုပေါင်း ၆၇၈၁ ဒေါ်လာပဲ ရှိတာပါ။ မြန်မာငွေနဲ့ဆို ကျပ်ငွေ သိန်း ၉၀ နီးပါးလောက်ပဲ ရှိပါတယ်။ ဒါဟာ ရခိုင်အရေး ပြသနာကို ဖြေရှင်းဖို့ ကိုယ့်ပြည်တွင်းအင်အား၊ ပြည်ပရောက် မြန်မာတွေရဲ့ အင်အားကိုပဲ အသုံးပြုမယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာရပ်ခံ၊ လှုံ့ဆော်လို့ ထည့်ဝင်ကြတဲ့ လှူဒါန်းငွေပမာဏပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ထင်သလောက် မရဘူး ဆိုတဲ့ သဘောပါ။
နောက်ထပ်ကြည့်ရှုရန်