အပြစ်ရှိတာ မရှိတာ တရားရုံးက ဆုံးဖြတ်မယ်၊ လတ်တလောတော့ ထောင်ထဲကနေပဲ တရားရင်ဆိုင် ဆိုတာမျိုးဟာ လွတ်လပ်စွာ ပြောဆို ရေးသားပိုင်ခွင့်ကို တစ်နည်းအားဖြင့် ခြိမ်းခြောက်ရာ ရောက်စေပါတယ်။
တရုတ်သမ္မတ နဲ့ တွေ့ဆုံမှုကနေ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရင် ကတိကဝတ် ရှိပြီးသား၊ လက်ရှိလည်း လုပ်ဆောင်နေဆဲ ကိစ္စတွေအပေါ် ထပ်လောင်း အတည်ပြုချက် ရလိုက်တာကလွဲပြီး သိပ်ပြီး ထူးခြားတာတွေကိုတော့ မတွေ့မြင်ကြရပါဘူး။
စစ်သည် အင်အား ၇၆၀၀ အသုံးပြုပြီး ပြတဲ့ အဲဒီ စစ်ရေးပြပွဲမှာ တစ်ဦးချင်း ကိုင်ဆောင်နိုင်တဲ့ လက်နက်ငယ် အင်အားကို မြင်တွေ့နိုင်ရုံမက လေယာဉ်ပစ် စက်သေနတ်ကြီးတွေ၊ လေကြောင်းရန် ကာကွယ်တဲ့ အမြှောက်တွေ၊ မောင်းသူမဲ့ ဒရုန်း လေယာဉ်တွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတာ၊ ဖြစ်စဉ်အတွင်း အရပ်သားတွေ သေကြေဒါဏ်ရာရမှုတွေလည်း ရှိလာနေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြရတဲ့ စစ်ဘေးရှောင် အရည်အတွက်ဟာလည်း ၂ သောင်းခွဲ ကျော်သွားပါပြီ။
ဒီဖြစ်စဉ်ကိုကြည့်ရင် ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်စိုးဟာ ဝန်ကြီးဌာန တာဝန်ရှိသူတွေ ဒုက္ခရောက်အောင် အကွက်ကျကျ အချိန်ယူ စီစဉ်ဆောင်ရွက်ခဲ့တာ တွေ့မြင်ရပါတယ်။
အာဏာသိမ်း ထိုင်းစစ်အစိုးရဟာ အရင် သူတို့ဖွဲ့စည်းပုံမှာပါတဲ့ ရွေးကောက်ခံကိုသာ ဝန်ကြီးချုပ် တင်မြှောက်ခွင့်ရှိတယ် ဆိုတာကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ရွေးကောက်ခံ ဖြစ်ဖြစ် ဘယ်သူ ဖြစ်ဖြစ် အမတ်တွေ ရွေးချယ်တဲ့ မဲအလုံအလောက်ရရင် ဝန်ကြီးချုပ် ဖြစ်နိုင်ပါတယ်။
ကျနော်တို့ AA ကတော့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေးဟာ ကျနော်တို့ တာဝန်လို့ သတ်မှတ်ထားတယ်၊ ဒါကြောင့် ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ်မှာ အခြေချရေးပဲ၊
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခ ပြသနာတွေထဲမှာ တပ်မတော်နဲ့ ရခိုင်AA တပ်ဖွဲ့ လက်နက်ကိုင်ပဋ္ဋိပက္ခက ထိပ်ရောက်နေတာ တွေ့မြင်နိုင်ပါတယ်။ သောင်းကျန်းမှု နှိမ်နင်းရေး လို့ နာမည်ပေးပြီး စစ်ပွဲဆင်နွဲှနေတဲ့ တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသား အရပ်သားတွေရဲ့ မယုံကြည်မှု၊
ဆွေးနွေးပွဲ အဖွင့်နဲ့ အပိတ် မိန့်ခွန်းပြောခဲ့ကြတဲ့ ကေအဲန်ယူ ဥက္ကဌ စောမူတူးစေးဖိုးနဲ့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောခဲ့တာတွေကိုကြည့်ရင် လက်ရှိ တပ်မတော်ဘက်က တောင်းဆိုနေတဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရ ဆိုတဲ့ ကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ကိစ္စ စတာတွေကိုပဲ အလေးထား ပြောဆိုသွားတာ တွေ့ကြရပါတယ်။
ဒါတင်မက သူ့ရဲ့ အထူးကော်မရှင်က လူ ၁၂ ယောက်လောက်ကလည်း အဲဒီ ပါတီ ခေါင်းဆောင်တွေ ဖြစ်နေတယ်၊ အဓိပ္ပါယ်အရ လွှတ်တော် အနေနဲ့ ပါတီ တစ်ခုရဲ့ အကြံပေးတာ၊ အကူအညီ ပေးတာကို ယူရမယ့် သဘောမျိုးဖြစ်နေပြီး အဲဒါဟာ မသင့်တော်တဲ့ အတွက် ကော်မရှင်ကို ရပ်ဆိုင်းလိုက်ရတာလို့ ပြောပါတယ်။
လက်တွေ့အခြေအနေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေဘက်က ကောင်းကောင်း မစွမ်းဆောင်နိုင်တဲ့အခါ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေဟာ အစိုးရဘက်က ငြိမ်းချမ်းရေး ဦးဆောင်သူတွေ သဖွယ် ဖြစ်လာပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေးကို ဖွဲ့စည်းပုံပါ နည်းလမ်းအတိုင်း တင်လာပြီဆို လွှတ်တော်ဘက်က လက်ခံ ဆွေးနွေးပေးရမှာ သေခြာပါတယ်။ ပြည်ခိုင်ဖြိုးက ပြင်ဖို့ တင်လာတဲ့ ပုဒ်မ ၂၆၁ ကို တကယ်လို့ အင်န်အယ်လ်ဒီ ဘက်က ထောက်ခံတယ် ဆိုရင် ပြုပြင်ရေး အောင်မြင်မှာပါ။
သူပြင်စေချင်တာသာ ပြင်နိုင်ခဲ့ရင် သူရဦးရွှေမန်း သမ္မတ ဖြစ်ဖို့ လမ်းစ ပွင့်ကောင်း ပွင့်လာနိုင်ပါတယ်။ ဒါပေမယ့် သူပြင်ချင်တဲ့ အချက်ဟာ တပ်မတော်ခေါင်းဆောင်တွေကို အမျက်ဒေါသ ထွက်စေပြီး နောက်ဆုံး ၂၀၁၅ သြဂုတ်လ ၁၂ ရက်နေ့ ညမှာ ပါတီခေါင်းဆောင် နေရာကပါ အတင်းအကြပ် ဖယ်ရှားခံလိုက်ရပါတော့တယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ရင် အင်န်အယ်လ်ဒီ မှာ လုပ်စရာ နည်းလမ်း များများစားစား မရှိပါဘူး။ ပထမ တဆင့် အချိန်အခါ ကာလ နဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်လောက်ကိုပဲ ပြင်မယ် ဆိုတဲ့ လမ်းညွှန်မြေပုံ တစ်ခု တိတိကျကျ ရှိထားဖို့ လိုပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေးကို အင်န်အယ်လ်ဒီ ထဲမှာ အရင် ဆွေးနွေးပြီး အကောင်အထည် ဖော်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်း ထောက်ခံဖို့ ပြောတာလား၊ ဒါမှမဟုတ် တပ်မတော်နဲ့ ညှိနေတဲ့ကိစ္စ အဆင်ပြေရင် ပြည်သူတွေက မဲပေး ထောက်ခံပေးဖို့ ဆိုလိုတာလား သိပ်မရှင်းလင်းပါဘူး။
မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အစိုးရ ကြုံရတဲ့ အခက်အခဲက စီမံကိန်းကို ပြန်စမယ် ဆိုရင် တိုင်းရင်းသား ပြည်သူလူထု အများစုကြီးနဲ့ ထိပ်တိုက် ရင်ဆိုင် တိုးရပါလိမ့်မယ်။ ပြိုင်ဘက်တွေရဲ့ နိုင်ငံရေး အမြတ်ထုတ်တာကိုလည်း ခံရပါလိမ့်မယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု(၂) ကြိမ်နဲ့ အတော်လေးကို ခြားနားတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်အပြီး နားလည်လို့ရနိုင်တာကတော့ ရခိုင်ပြည်နယ်မှာ အခြေချပြီးဖြစ်တဲ့ AA လက်နက်ကိုင် အဖွဲ့အင်အားဟာ သေးသေးမွှားမွှား မဟုတ်တော့ဘူးဆိုတာ မှန်းဆ နိုင်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အန်တုမယ့်သူတွေ ဆိုရင် ကျောင်းသူကျောင်းသားတွေ၊ ဝန်ထမ်းတွေ၊ ပြည်သူတွေ အားလုံး ဘယ်သူတွေကိုမဆို ရန်သူလို့ သတ်မှတ် ချေမှုန်းခဲ့သူတစ်ယောက်ပါ။ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ အတွက် ပညာရေးစနစ်ကို ဖျက်ဆီးရာမှာလည်း တက်တက်ကြွကြွ ဦးဆောင်ခဲ့သူလို့ ဆိုရင်လည်း မမှားပါဘူး။
တပ်မတော်ဘက်က လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ဗိုလ်ချုပ်တစ်ယောက်ကို ဦးဆောင်စေပြီး သီးသန့် အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်တာဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်မလဲ ဆိုတာ သိပ်ပြီးတော့ မရှင်းလင်းပါဘူး။
အိန္ဒိယ သမ္မတ ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယ ဘက်က အကောင်အထည် ဖော်နေတာ ကာလ ကြာနေပြီဖြစ်တဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သဘောတူညီချက် ရယူခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်