နှစ်ဖက် ထုတ်ပြန်ချက်တွေကြည့်လိုက်ရင် အစိုးရနဲ့ တပ်မတော်ဘက်က လိုလားတဲ့ ကြေငြာချက် တစ်စောင်ကို လက်နက်ကိုင် ၃ ဖွဲ့က ထုတ်ပြန်ပေးပြီးပြီမို့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးကိစ္စ ဆက်ဆွေးနွေးဖို့ လမ်းပွင့်သွားပါပြီ။
နိုင်ငံ့ပုံရိပ် ကောင်းအောင် ဆိုးအောင် လုပ်နိုင်သူတွေဟာ မြန်မာနိုင်ငံမှာ အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ က အဓိက ဖြစ်ကြပါတယ်။ သူတို့တွေ ပုံဖော်တဲ့နောက် ကျန် ကုန်သည်ပွဲစား တိုင်းသူပြည်သားတွေက လိုက်ပါကြရတာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာ ဆိုတာ နှိုင်းယှဉ်လို့ရတဲ့ အကြောင်းခြင်းရာတွေ မဟုတ်ကြပါဘူး။ သတင်းဌာန ဆိုတာ အများပြည်သူသိအောင် သတင်းတွေကို စုံစမ်း၊ ဖော်ထုတ်၊ တည်းဖြတ်ပြီး ဖြန့်ဖြူးနေတဲ့ လုပ်ငန်းဌာနပါ။
ပြည်တွင်းက အရောင်းဆိုင်တွေ၊ လေကြောင်းလိုင်းနဲ့ ဟိုတယ်တွေ၊ ကျောက်မျက်ရတနာ အရောင်းဆိုင်တွေဟာ သူတို့ ရောင်းကုန်တွေနဲ့ ဝန်ဆောင်ခ ဈေးနှုန်းတွေကို ဒေါ်လာနဲ့ ပုံသေ သတ်မှတ်ထားပြီး၊ မြန်မာငွေနဲ့ လွဲှပြောင်းရယူရာမှာ ငွေလဲနှုန်း ကို ပြင်ပ ပေါက်ဈေးထက် မြှင့်တင်သတ်မှတ်ပြီး ရယူတတ်ကြကြောင်း၊
UNHCR ဘက်က ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံ ပြန်တာဟာ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာမျိုးပဲ ဖြစ်ရမယ်၊ အတင်းအကြပ် ပြန်ပို့တာမျိုး မဖြစ်စေရဘူးလို့ ဆိုထားပြီး တစ်ချို့ပြန်ဖို့ စာရင်းပေးထားတယ် ဆိုတဲ့ ဒုက္ခသည်တွေကို ခေါ်တွေ့ကြည့်တယ်လို့ ဆိုပါတယ်။
အခုကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၇ နေရာပဲ နိုင်တာမို့ အရင် နိုင်ထားပြီးသား ၄ နေရာတောင် ဆုံးရှုံးသွားတာ တွေ့ရပါတယ်။ မဲဆန္ဒနယ် နည်းနည်းလေးမို့ ရာခိုင်နှုန်းနဲ့ တွက်ချက်ပြတာ မသင့်တော်ပေမယ့် ဆုံးရှုံးမှု ကြီးမားတယ် ဆိုတာကိုတော့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း ဝန်ခံကြပါတယ်။
ဒီပြသနာကို ဖြေရှင်းဖို့ ဆိုရင် အစိုးရနဲ့ တပ်မတော်ဘက်မှာ ဘယ်အရာ၊ ဘယ်စာတွေကို ထိပ်တန်းလျှို့ဝှက် ဘယ်စာတွေကို လျှို့ဝှက် အဖြစ် ဘယ်သူက သတ်မှတ်မလဲ ဆိုတဲ့ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုး ရှိဖို့ လိုပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကတော့ သူ့အနေနဲ့ ခွဲထွက်မယ် ဆိုပြီး လာဆွေးနွေးတာ မဟုတ်ကြောင်း၊ ဒီ စကားရပ်ကို ဆွေးနွေးချင်တယ် ဆိုရင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိ ပြန်သွားရမှာဖြစ်ပြီး ပြသနာ ပိုရှုပ်ထွေးတာပဲ အဖတ်တင်မယ် ဖြစ်ကြောင်း၊
ပြသနာရှိတာကတော့ NCA လက်မှတ်ထိုးထားတဲ့၊ ငြိမ်းချမ်းရေး ဆွေးနွေးဖက်လည်း ဖြစ်တဲ့ RCSS/SSA အဖွဲ့ကို တိုက်ရိုက် နာမည်တပ် ရည်ညွှန်းပြီး တိုင်းသိ ပြည်သိ ပြစ်တင်ရှုတ်ချတဲ့စကား ပြောတာကတော့ ဆွေးနွေးပွဲကို အခက်အခဲ တွေ့စေပါတယ်။
ရန်ကုန်တိုင်း အစိုးရဟာ အခြား လုပ်နိုင်ကိုင်နိုင်တာ အများကြီး ရှိနေပါလျက် တခုမှ မလုပ်ပဲ အယ်ဒီတာတွေ ဖမ်းဆီး၊ ထောင်ထဲ အပို့ခံရအောင် တရားစွဲတာကတော့ အမှန်တရား၊ ဒါမှမဟုတ် တရားမျှတမှုကို လိုချင်တာ ဟုတ်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော် အမတ်တွေ ဝေဖန်တာကိုအနှစ်ချုပ်ကြည့်လိုက်ရင် လက်ရှိ ရန်ကုန်တိုင်း အစိုးရနဲ့ ရန်ကုန်မြို့တော် စည်ပင် တာဝန်ရှိသူတွေဟာ အစိုးရ ဒါမှမဟုတ် ပြည်သူတွေဘက်က ကျပ်ငွေ ဘီလျံပေါင်းများစွာ နစ်နာနေတာတွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ပုံ မရဘူးလို့ ဆိုပါတယ်။
နောက်ထပ် ကြုံရတဲ့ Deadlock နှစ်ခုကတော့ အဲဒီထက် ခက်ခဲမယ့် သဘောရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူး ဆိုတဲ့အချက် ညှိမရတဲ့ကိစ္စနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို နောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ ကိစ္စပါ။
Multi Level Marketing လို့ခေါ်တဲ့ ဆင့်ပွားစနစ်နဲ့ ဈေးကွက် ဖြန့်ချီတယ် ဆိုတာ ကုန်စည် တခုခု၊ ဒါမှမဟုတ် အများအပြားကို ကြော်ငြာတွေ၊ သာမန် ဖြန့်ချီရေး စနစ်တွေနဲ့ ဖြန့်ချီတာမျိုး မဟုတ်ပဲ လူတွေကို သိမ်းသွင်းပြီး ဖြန့်ချီရောင်းချတဲ့ စနစ်လို့ လွယ်လွယ် ပြောနိုင်ပါတယ်။
အခု သရုပ်ဆောင် အောင်ရဲထွေး အမှုကြောင့် တရားစီရင်ရေးစနစ် ပျက်စီးမှုမှာ ရဲတပ်ဖွဲ့နဲ့ တရားသူကြီးတွေချည်းပဲ တာဝန်ရှိတာ မဟုတ်ပဲ နောက်ကွယ်က ဥပဒေအရာရှိတွေ၊ ဥပဒေချုပ်တွေလည်း တာဝန်ရှိတယ် ဆိုတာ အများပြည်သူကို သိမြင်စေခဲ့ပါတယ်။
တရားသူကြီးရဲ့ ဆင်ခြင်တုံတရားကို မေးခွန်း ထုတ်စရာ ရှိလာပါတယ်။ သူတို့ရဲ့ အချက်အလက် စုဆောင်းမှုဟာ အစိုးရရန်သူ ရခိုင် လက်နက်ကိုင်တွေ အတွက်ပဲ ဖြစ်နိုင်သလား၊ သူတို့ အလုပ်လုပ်တဲ့ မိခင် သတင်းဌာန ရိုက်တာ သတင်းဌာန အတွက်ရော မဖြစ်နိုင်ဘူးလား ဆိုတာပါ။ ဒီနေရာမှာ တရားလို ရဲတပ်ဖွဲ့ဘက်က တင်ပြချက်တွေ၊ စီရင်ချက်မှာပါတဲ့ အချက်အလက်ပေါင်းများစွာမှာ ပါတဲ့ ငြင်းလို့မရတဲ့ အချက်တစ်ခုကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း အင်းဒင်ရွာ လူသတ်မှုနဲ့ ရွာတွေကို မီးရှို့မှုတွေ၊ မောင်တောဘက်က အခြေအနေတွေကို သိလား၊ ရှိသလား၊ စတာတွေကို မေးမြန်းခဲ့တယ် ဆိုတာပါပဲ။
ကချင်ပြည်နယ် ပန်ဝါနဲ့ ကမ်ပိုင်တီ နယ်စပ်မှာ ဖွင့်လှစ်လိုက်တဲ့ လောင်းကစားရုံမှာဆို ပြင်ပက တရုတ်တွေ လာကစားတာ နည်းနည်း ဒေသခံတွေ ဝင်ကစားတာ များများ၊ နောက်ပိုင်း အဲဒီ ဒေသခံတွေ ငွေကြေးဆုံးရှုံး၊ စီးပွားရေး ချွတ်ခြုံကျ၊ အတော်များများလည်း ဘိန်းစားတွေ ဖြစ်ကုန်တာ ဒီကနေ့အချိန်ထိ ကုစားလို့ မရနိုင်သေးပါဘူး။
တရက် လူ ၇၀ လောက်သေဆုံးသည် အထိ နှိမ်နင်းတာမို့ ဘယ်လောက် ပြင်းထန်တဲ့ နှိမ်နင်းမှုလည်း ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ နောက်ဆက်တွဲ ပေါ်ပေါက်လာတာကတော့ မူဆလင် ကျေးရွာသား ၅-၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးကြတဲ့ ပြသနာ၊ မူဆလင် နေအိမ်ပေါင်းများစွာ မီးလောင်တဲ့ပြသနာ စတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။
နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေ ရှိတာက မြန်မာငွေကြေး တန်ဘိုး မတည်မငြိမ် ဖြစ်လေလေ လုပ်ငန်းရှင်တွေရော၊ ပြည်သူလူထု တစ်ရပ်လုံးကပါ မြန်မာကျပ်ငွေကို ယုံကြည်မှု ပိုနည်းသထက် နည်းလာပြီး ကျပ်ငွေ မကိုင်တော့ပဲ၊ ဘဏ်ထဲမှာလည်း မထားတော့ပဲ ဒေါ်လာလို၊ အခြား နိုင်ငံခြားငွေကြေး တစ်မျိုးမျိုးလို၊ ရွှေလို တန်ဘိုး ခိုင်မာတာတွေကို ဝယ်ယူ စုဆောင်းလာကြတော့မယ့် အရေးပါပဲ။
၁၉၈၈ ခုနှစ်က အခြေအနေကို တစေ့တစောင်း ပြန်ကြည့်ရင် အဲဒီအချိန်က ဒီမိုကရေစီကို လိုလားတောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်သူလူထု တစ်ရပ်လုံးတင်မကပဲ ဝန်ထမ်းလို၊ ရဲတပ်ဖွဲ့လိုမျိုးကတောင် ပါဝင်တာ တွေ့နိုင်ပါတယ်။
အမှုကို အမိန့်ချနိုင်တဲ့ တရားသူကြီး၊ အမှုတည်ဆောက်တဲ့ ရဲတပ်ဖွဲ့လိုမျိုးပဲ အဲဒီ ဥပဒေအရာရှိတွေ၊ ဥပဒေချုပ်တွေကလည်း တရားစီရင်ရေးမှာ အရေးပါသလို၊ အဂတိလိုက်စားတဲ့ စက်ဝန်းထဲမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေကြသူတွေပါ။ အခု အောင်ရဲထွေးကို လွှတ်ပေးလိုက်တဲ့ အမှုမှာ အဲဒီ ဥပဒေအရာရှိတွေ၊ ဥပဒေချုပ်တွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား မြင်နေရပြီး မကြာခင် ဒီထက်ပို တွေ့မြင်လာရနိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်