“ဖလမ်း-ဟားခါးကြား ဖေဖော်ဝါရီ ၂၇ ကနေ မတ်လ ၇ ရက်နေ့ ကြားပေါ့။ တိုက်ပွဲ အကြိမ်ရေက ၁၅ ကြိမ်ရှိတာပေါ့။ အဓိက သူတို့ အသေအပျောက်များတာက ကျည်ကွယ် မျက်ကွယ်ဆိုပြီးတော့ ချောက်ကမ်းပါးအောက်မှာနေတဲ့အချိန် ကျနော်တို့က အဲဒီချောက်ကမ်းပါးအပေါ်ကနေ မိုင်းနဲ့ ဖြိုခွင်းလိုက်တာ။ (ပူးထက်နီ- CNF ပြောခွင့်ရ)
“ပါတီကို အရေးယူမယ်ဆိုရင်လည်း ဘာမှ မတတ်နိုင်ဘူးပေါ့၊ သူူတို့ကလည်း သူတို့ လုပ်ပိုင်ခွင့်နဲ့ သူတို့ လုပ်တာကို၊ ကျနော်တို့ပါတီကတော့ သွားရောက်ပြီးတော့ စစ်ဆေးမခံဘူးလို့ ဆုံးဖြတ်ထားပါတယ်။” (ဦးမြတ်ထွန်း-ALD ပါတီ ပြောခွင့်ရ)
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့က မသန်စွမ်းသူ ၁ ယောက်အပါအဝင် မြို့ခံအရပ်သား ၁၂ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပေမယ့် ဘာအကြောင်းကြောင့်ဖမ်းဆီးသွားလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မျက်မမြင်အမျိုးသား အားကစားဝေဖန်ရေးလုပ်သူအနေနဲ့ အောင်မြင်၊ နိုင်ဂျီးယားမိတ်ကပ်ပညာရှင် နာမည်ကျော်ကြား ထင်ရှားသူတွေရဲ့ ပုံတွေကို ရင်ဘတ်ပေါ်မှာ ဖန်တီးရေးချယ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
“ထိခိုက်မှုတွေကတော့ အများကြီးရှိတာပေါ့နော်။ မီးစက်တော့ရှိတယ်။ ဆီဈေးကတက်နေတော့ အဆင်မပြေဘူးပေါ့နော်၊ လုပ်ငန်းမှာဆိုရင်လည်း မီးက တနေ့ကို လေးငါးနာရီလောက် ပျက်တယ်။ အလုပ်လုပ်ရတာ ဧည့်သည်တွေ (ဆံပင်ပြုပြင်ရန်လာသူ) တွေနဲ့ဆိုတော့ ကသိကအောက်ဖြစ်တယ်လေ၊ မီးမလာတဲ့အတွက်ကြောင့်ပေါ့လေ။” (မချောစု-ဆံပင်ဆိုင်ပိုင်ရှင်)
“မီးသွေးရော၊ ဖယောင်းတိုင်တွေရော၊ အကုန်ဈေးတက်တယ်။ ဆီတပုလင်းကို ၄,၄၀၀ ဝယ်နေရတယ်။ အဲဒါတောင် ရိုးရိုးဆီပဲနော်၊ အဲဒါ ဝယ်စားနိုင်ဖို့ အခြေအနေမရှိဘူး။ မိုးတွင်းတောင် မရောက်သေးဘူး၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာ။” (ဒေါ်သိန်းမေ-ဒေသခံ)
စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာက နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်ဆီးခဲ့တဲ့အပြင် ဒေသခံတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်အတွင်းမှာရှိတဲ့ ကျောင်းသားသမဂ္ဂရုံးကို အာဏာပိုင်တွေက ဖယ်ရှားခိုင်းတာကြောင့် မနေ့က ဖယ်ရှားလိုက်ရတယ် လို့ စစ်တွေ ကျောင်းသားသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။
တောင်အာဖရိကနိုင်ငံ မှာ ဆင်ချေးတုံးကနေ အရက်ချက်လုပ်ရောင်း၊ တူရကီနိုင်ငံက အမျိုးသား ၁၄ လ ကြာ ကိုရိုဗိုင်းရပ်စ် ပိုးရှိနေ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေတာ၊ နိုင်ငံရေးနဲ့ လုံခြုံရေးမတည်ငြိမ်မှုကြောင့် တရုတ်လုပ်ငန်းသေးတွေ ရပ်နားကုန်တာ၊ နယ်စပ်လုံခြုံမှု မရှိတော့တာ စတာတွေကြောင့် တရုတ်ဟာ မြန်မာနိုင်ငံထဲက သူ့ရဲ့အကျိုးစီးပွားတွေအတွက် စိုးရိမ်နေပုံရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
“အစိုးရရဲ့အဓိကရည်ရွယ်ချက်က ဒီမီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ဘယ်နှစ်ဦးရှိသလဲဆိုတာ သေသေချာချာ စာရင်းပြုစုချင်တာပါတယ်။ နောက်တခု က ဒီမီဇိုရမ်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ မီဇိုရမ်မှာနေထိုင်တဲ့အခိုက် သူတို့အတွက်ပိုပြီးတော့မှ လုံခြုံမှု ရှိစေဖို့ပေါ့နော်။...” ( ဒုက္ခသည်တွေကိုကူညီသူ ကိုရစ်ချတ်)
ရခိုင်ပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဖြစ်တဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေး ဂိတ်နဲ့ စစ်တွေ နယ်စပ်ကုန်သွယ်ရေးတွေမှာ ဖေဖော်ဝါရီလအစောပိုင်းကတည်း ကုန်ပစ္စည်းအမှာနည်းပါးလာတာနဲ့ ပြည်မဘက်က ကုန်ဈေးနှုန်းနဲ့သယ်ယူစရိတ်မြင့်တက်လာနေတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ကုန်တွေ ကျဆင်းလာနေပါတယ်။
အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ လူသိများထင်ရှားသူတွေဖြစ်ကြတဲ့ စာရေးဆရာ မောင်သာချိုကို ထောင်ဒဏ် ၂ နှစ်နဲ့ ဆရာထင်လင်းဦးကို ထောင်ဒဏ် ၃ နှစ်နဲ့ ထောင်တွင်းတရားရုံးတွေက ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဒီရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က တပ်အင် အား ထပ်မံဖြည့်တင်းနေတာကြောင့် စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
အာရေးဘီးယားနိုင်ငံ ရီယာဒ်မြို့တော်မှာ ဇွန်ဘီတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ တည်ခင်းရောင်းချတဲ့ စားသောက်ဆိုင်၊ ကမ္ဘာ့အလေးချိန်အများဆုံးနဲ့ တန်ဖိုးအကြီးဆုံး အပြာရောင်စိန်ကြီး ဟောင်ကောင်မှာ လေလံတင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) တို့အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဖာပွန်ခရိုင်ဘက်မှာ ဒေသခံတွေ သွားလာရေး အခက်တွေ့နေကြပါတယ်။
“ဆောက်လုပ်ရေးလုပ်ငန်းတွေက အမှန်တကယ်လည်း ရပ်ဆိုင်းသွားတာတွေရှိပါတယ်။ ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းက အရင်တုန်းက ဘိလပ်မြေတအိတ်ကို ၆,၅၀၀ ဆိုလို့ရှိရင် အခုက တသောင်းခွဲ နီးပါးအထိ တက်သွားပါတယ်။ ဆိုတော့... တော်ရုံလူုတွေက မလုပ်နိုင်တော့ဘူး။“ (ဦးစိုးလွင်-ဆောက်လုပ်ရေးလုပ်ငန်းရှင်)
“အခုဒီ Hunger strike ကတော့ အပြည့်အဝ အစာအငတ်ခံ ဆန္ဒပြတယ်ပေါ့လေ၊ လုံးဝ ရေကလွဲပြီးတော့ အစားအစာလုံးဝ စားသုံးမှုမပြုတဲ့ လှုပ်ရှားမှုတခု လုပ်ကြတယ်၊ ၁၂ ရက်ကနေ ၁၃-၁၄ သုံးရက်၊ ၇၂ နာရီ လုပ်နေတယ်လို့ အကြမ်းဖျင်း သိထားပါတယ်။” (ရှေ့နေ)
အင်ဒိုနီးရှားနိုင်ငံမှာ ၆ နှစ်ကြာ တာယာကွင်း လည်ပင်းမှာ စွပ်မိနေတဲ့ မိချောင်းကြီးတကောင်ကို ကယ်တင်၊ ထိုင်းမြန်မာနယ်စပ်တောထဲမှာ ခြေထောက်သုံးချောင်းနဲ့ ကျားမကလေးကို စောင့်ရှောက်ပေးဖို့အတွက် ထိုင်းသစ်တောဝန်ထမ်းတွေက လိုက်ရှာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်