“ရေဇွာမြို့က တမြို့လုံးရှောင်ထားတာ။ ဆိုတော့ ရေဇွာရဲ့လူဦးရေအကုန်လုံးဟာ စစ်ရှောင်တွေ။ အနီးနားရွာတွေရယ် ဟိုဘက် အိန္ဒိယမီဇိုရမ်ဘက်မှာ ရှောင်တာက အခု အဖွဲ့တွေခွဲပြီးစာရင်းတွေ ကောက်ခံထားတယ်။ မနက်ကအထိ ကျနော်တို့ ကောက်ခံတာက (၃,၀၀၀) နားကပ်နေပြီ။ မီဇိုရမ်ပြည်နယ်ရောက်တဲ့ဟာ။” (ဒေသခံ အကူအညီပေးနေသူ)
“၁၀ ရက်နေ့ ဝန်ထမ်းတွေရွှေ့ခိုင်းတယ်လေ။ ....ကြောက်ပြီးတော့ပြန်ကြတာပဲ။ ထွက်တာတော့မဟုတ်ဘူးလေ။ တရာကျော်လောက်ရှိတယ် ဝန်ထမ်းတွေက။ ကျနော်တို့ ဒီဘက်နယ်ခံတွေကျတော့လည်း သူ့ဘာသာသူ နေတာပေါ့။ သူတို့က လုံခြုံရေး တာဝန်မယူဘူး ပြောကတည်းက ကြောက်ပြီပေါ့ ဝန်ထမ်းတွေကတော့။” (ဒေသခံ)
TNLA တအန်း(ပလောင်)၊ SSPP ရှမ်းပြည်မြောက်ပိုင်းပူးပေါင်းတပ်နဲ့ RCSS ရှမ်းပြည်တောင်ပိုင်းတပ်တွေကြားမှာ ပြီးခဲ့တဲ့လပိုင်းက ကျောက်မဲ၊ သီပေါ၊ မိုင်းကိုင်နဲ့ လဲချားမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာတော့ ရပ်စောက်မြို့နယ်ဘက်မှာပါ ဖြစ်ပွားလာနေတာပါ။
စစ်တပ်ပေါ်တာဆွဲခံရပုံရတဲ့ အရပ်သားကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်မောင်းသူနဲ့ကားပိုင်ရှင်အမျိုးသမီးတို့သေဆုံးသွားတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေး မဟာဝိဇိတာရာမကျောင်းတိုက်ကြီးထဲက တေဇာလင်္ကာရကျောင်းတိုက်မှာ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းက ဆရာတော်တပါးလာရောက် တည်းခိုခဲ့လို့ဆိုပြီး ဖေဖော်ဝါရီ ၅ ရက်နေ့ က ချိတ်ပိတ်ခဲ့ပါတယ်။
လူတွေ စွန့်ပစ်တဲ့ စီးကရက် အတိုအစ အမှိုက်တွေကို သိမ်းဖို့ ကျီးကန်းတွေကို ဆွီဒင်ကုမ္ပဏီက လေ့ကျင့်ပေး၊ ကျုးဘားလူငယ်လေးတယောက် ကျောက လက်ပြင်အရိုးတွေနဲ့ ညှပ်နိုင်စွမ်းပြ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဖားကန့်မြို့နယ်ထဲက ဖားကန့်နဲ့ကာမိုင်း ကားလမ်းတလျှောက်မှာရှိတဲ့ ခွန်ဆိုင်ယန်နဲ့ ဆိုင်းဖရာအကြားမှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းကတည်းက တိုက်ပွဲတွေ စတင်တိုက်ပွဲဖြစ်ပွားနေပြီး ဒီကနေ့နေ့ခင်းမှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်း တစ်နှစ်ပြည့်တဲ့နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအိုမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်းမြို့တွေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်တဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ ကော်သူးလေ အုပ်ချုပ်ရေးစနစ်နဲ့သွားတော့မှာဖြစ်လို့ အစိုးရဆိုင်ရာဝန်ထမ်းတွေ ဖေဖေါ်ဝါရီ ၁၀ ရက်နောက်ဆုံးထား ထွက်သွားကြဖို့ ကေအဲန်ယူ တပ်မဟာ (၅) ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။
တရုတ်နှစ်ကူးအထိမ်းအမှတ် ဝက်ခေါင်း၊ ဘဲကင်၊ ကြက်ပေါင်းပုံ ဂျယ်လီတွေ ထိုင်းမှာရောင်း၊ ကျားနှစ် အထိမ်းအမှတ် ကျားရုပ်ထောင်ချီထုမယ့် ပန်းပုဆရာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာဖို့ နှစ်ချီ ကြာနိုင်တယ်လို့ စစ်အာဏာရှင်အဆုံးသပ်ရေး ကြိုးစားနေကြတဲ့ သပိတ်ကော်မတီတွေက ပြောပါတယ်။ ရေရှည်ဆက်ပြီးကြိုးစားသွားမယ်လို့ ဇန်နဝါရီ ၂၇ ရက်ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပြည်သူ့ညီလာခံမှာ ပြောကြားခဲ့ကြတာပါ
အိန္ဒိယမှာ ခေါင်း ၂ လုံးနဲ့ နွားလေး တကောင် ပေါက်ပါတယ်။ နယ်သာလန်နိုင်ငံ ကိုဗစ်ကန့်သတ်ချက် ဆန္ဒပြပွဲမှာ ဆံပင်ညှပ်ပေးပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး၊ ကျေးရွာတွေ၊ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာတွေကို အန္တရာယ်မပြုတဲ့နေရာတွေအဖြစ် သတ်မှတ်ဖန်တီးပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးနိုင်ရေး လမ်းကြောင်းတွေသတ်မှတ်ဖို့ း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ အိုးအိမ်စွန့်ထွက်ပြေးနေရတဲ့ ဒုက္ခသည်လူငယ် ၆၀၀၀ ကျော်ကို ကြားကာလပညာရေးအဖြစ် စေတနာ့ဝန်ထမ်းတွေက ပညာသင်ကြားပေးနေကြပါတယ်။
ကမ္ဘာ့ အလုပ်အကိုင်ဈေးကွက်ဟာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် အခြေအနေ ပြန်ရောက်ဖို့ ထင်ထားတာထက် ပိုကြာနိုင်ပြီး အလုပ်လက်မဲ့နှုန်း ဟာလည်း ကပ်ရောဂါ အခြေအနေကြောင့် အနည်းဆုံး ၂၀၂၃ ခုနှစ်အထိ မြင့်နေမယ့်အကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ရိုက်တာသတင်းကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းအိုလံပစ်ပွဲတော်လာတဲ့ သတင်းသမားတွေကို စက်ရုပ်စားပွဲထိုးတွေ၊ စက်ရုပ်စားဖိုမှူးတွေနဲ့ ကျွေးမွေးဧည့်ခံ၊ ဂျပန်၊ တိုကျိုမြို့တော် တိရစ္ဆာန်ရုံမှာ ပန်ဒါအမွှာလေး ပထမဦးဆုံးအကြိမ် လူရှေ့ထုတ်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကပ်ရောဂါ ကာလကြီးအတွင်း တန်ဇေးနီးယား နိုင်ငံမှာ အမျိုးသမီးတွေ အပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက် ရိုက်နှက်မှုတွေ တိုးလာခဲ့တာကြောင့် တချို့ အမျိုးသမီးတွေဟာ ပြန်လည် တုံ့ပြန်ဖို့ ကိုယ်ခံပညာသင်ကြားနေပါတယ်။ Charles Kombe သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ချင်းပြည်နယ် အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ချင်းလူမျိုး အများအပြားဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ အဲ့ဒီထဲက ဒုက္ခသည် ချင်းမိသားစု တခု အကြောင်း ရိုက်တာ သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အသက် ၇၄ နှစ်အရွယ် ပြင်သစ်အမျိုးသား အတ္တလန်တိတ် သမုဒ္ဒရာကို ကနူးလှေငယ်လေးနဲ့ ဖြတ်သန်းနေပါတယ်။ နှစ်ဟောင်းနဲ့ နှစ်သစ် သက္ကရာဇ်မတူဘဲ မွေးတဲ့ အမွှာတစုံ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဖိုင်ဇာ COVID-19 ကုသဆေး စားဆေးဖြစ်တဲ့ Paxlovid ကုထုံးအပြည့် ဆေး ၁၀ သန်း နောက်ထပ် ထပ်ဝယ်ဖို့ သူ့ အစိုးရကို ညွှန်ကြားထားပါတယ်။ Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်