“တခြားဘာမှတော့ မပါဘူး၊ ဒုက္ခရောက်နေတော့ ဒီကနေ အစားအသောက်တွေ သွားပို့လို့ မရဘူး။ ထွက်လာလို့လည်း မရဘူးဆိုတော့ ကျနော်တို့က အဲဒီလို တရားဝင်ခွင့်ပြုချက် တောင်းပြီးမှ... ဟိုဘက် (စကစကိုလည်း) ကျနော်တို့က ညှိနှိုင်းမှုရှိပါတယ် KIO ဘက်ကလည်း ဒါကိုတော့ တောထဲမှာရှိတဲ့သူတွေ နေရပ်ပြန် ဖို့ သဘောတူတယ်။” (KBC အကြီးအကဲ)
“ တောင်ပေါ်ကွင်းဖြစ်တဲ့အတွက်ကြောင့် အောက်ကပင့်တဲ့လေပေါ့- ပင့်ပြီးတိုက်တဲ့လေ မိတယ်။ ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁၀၀ လောက်မှာ ရဟတ်ယာဉ်ပြုတ် ကျတဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်။ တပ်က လုံခြုံရေးအဖွဲ့ ၂ ယောက်၊ အရပ်သား ၃ ယောက်။ သူတို့ကတော့ ဒဏ်ရာရရှိတာရှိတယ်။ သူတို့ကိုတော့ ဟားခါးမှာပဲ ကုသနေတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
“...ရှိသမျှ ဆန် ဆီ ဆားလေးတွေကလည်း အိမ်မှာရှိတဲ့ဟာတွေကလည်း စစ်တပ်က ယူသွားပြီဆိုတော့ အိမ်လည်း ပြန်ကပ်လို့လည်းမရဘူး။ ကပ်ပြန်ရင်လည်း အိမ်မှာ စားစရာမရှိ သူများပေးတာလေးနဲ့ စားနေကြရတာ။ အကုန်လုံးကို စားရေးသောက် တာ အခက်အခဲဖြစ်နေတာ။ လူဦးရေနဲ့ဆို ၄ ထောင်ကျော်လောက်ရှိမယ်။” (ဒေသခံ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ခေါက်ဆွဲခြောက်ဆိုင်မှာ ခေါက်ဆွဲအမျိုးပေါင်း ၇၀ ကျော်ရနိုင်၊ ရှီကာဂိုမြို့ အရုပ်ကုမ္ပဏီ ယူကရိန်းသမ္မတ ဇလန်းစကီး ပုံတူ လယ်ဂိုတုံး အရုပ်ထုတ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့သူ Madeleine Albright ဟာမတ်လ ၂၃ ရက်အသက် ၈၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ Madeleine Albright အကြောင်း ဗွီအိုအေ သတင်းထောက် Salem Solomon ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းကတင်ပြပေးပါမယ်။
“(၅) ယောက်အဖမ်းခံထားရတယ်။ တယောက်က ကန်ဘောင်က ရေလုပ်သားတွေပါနော်။ ထောက်ခံစာမရလို့ ဖမ်းတယ်တဲ့။ နှစ်ယောက်ကတော့ ဝေတူးရွာက ရွာခံပေါ့။ ဘိုးဘွားပိုင်လက်နက်အေ ဟာင်းတွေပေါ့ တူမီးသေနတ်တွေ။ နောက်နှစ်ယောက်ကတော့ ဖုန်းမှာ မက်ဆေ့စာပို့ကြတာလေ။ သူတို့ အချင်းချင်း မေးတာပါ။” (မတူပီ ဒေသခံ)
ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ ကျွမ်းကျင်မှုပိုင်းနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး BIMSTEC အဖွဲ့ ငါးကြိမ်မြောက် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ခွင့်မပြုဖို့ အိန္ဒိယအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ကျော်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပါတယ်။
“အရင်တခေါက်ကလည်း ဟွန်ဆန်လာတယ်။ ထူးခြားလာတယ်လို့ မရှိပါဘူး။ စစ်ကောင်စီကတော့ နိုင်ငံတကာအမြင်ကြည်အောင် ၅၀၅ နဲ့ ထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အနုပညာရှင်တွေကို လွတ်ပေးပြီး အမြင်ပန်းလှအောင် ကြီးစားနေတယ်။ ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေအတွက်တော့ ဘာမှ ထူးခြားမှုမရှိဘူးလို့ထင်ပါတယ်။”မချန်း-မန်း
“ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သည်တွေလည်း အနည်းစုပါပဲ။ တပ်မတော်တရပ်လုံးအနေနဲ့ရော၊ အစိုးရအနေနဲ့ရော လုပ်ဆောင်ခဲ့တာမရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြစ်မှုနဲ့ဆိုင်တဲ့ ပြစ်ဒဏ်နဲ့ဆိုင်တဲ့ အရေးယူမှုတွေလည်း ဒါဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့ဘက်ကို ဆန်နဲ့ အစားအသောက်ရိက္ခာခြောက်တွေ သယ်ဆောင်တာ စစ်ကောင်စီက တားမြစ်ပိတ်ပင်နေတာကြောင့် စစ်ပြေးဒုက္ခသည် ၇၀၀ ကျော် ရိက္ခာပြတ်နေကြရပါတယ်။
ဂျပန်မှာ ခေါက်ဆွဲတွေကို အထုပ်ထဲထည့်ပေးတဲ့ လူတုစက်ရုပ်၊ အီတလီမှာတော့ အဝေးက ထိန်းချုပ်ပြီး လူရဲ့ လှုပ်ရှားမှုအတိုင်း လိုက်လုပ်နိုင်တဲ့ စက်ရုပ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
“အောင်ချမ်းသာရွာဆိုတာက ကလေးတောင်ပိုင်း နတ်ချောင်း နတ်မြောင်း ချောင်းခွအနားကပဲ။ အဲဒီရွာကလေ။ သူတို့ကအဲဒီဘက်မှာ စစ်ကြောင်းထိုးနေတယ်ဆိုတော့ တိုက်ပွဲတွေလည်းဖြစ်တယ်ပေါ့။ အောင်ချမ်းသာရွာတော့ အိမ်ခြေ (၂၀) လောက်လို့၊ အလုံး (၂၀) လောက် မီးရှို့တယ်ပေါ့နော်။” (ဦးသန်းအောင်၊ နတ်မြောင်းရွာ)
စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းမှာ တိုက်ခိုက်ရေးသမားတွေ အရေးပေါ်ဆေးသေတ္တာတွေ အရေးတကြီးလိုအပ်နေတာကြောင့် အမေရိကန် ဗာဂျီးနီးယားပြည်နယ်က စေတနာ့ ဝန်ထမ်းအဖွဲ့တဖွဲ့က အကူအညီပေးနေပါတယ်။ Lesia Bakalets သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြပေးပါမယ်။
“.... အဖျက်အမှောင့်လုပ်တဲ့ မရှုစိမ့်နိုင်တဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းကလုပ်တဲ့ ကိစ္စရပ်ပါပဲ။ ၅,၀၀၀ တန် ၁၀,၀၀၀ တန်ကိစ္စတွေကိုပဲ ဒါနဲ့ဆို တတိယအကြိမ် စတုထ္ထအကြိမ် လောက်ရှိပြီ။ ဒီကောလာဟလတွေဟာ ကျနော်တို့အတွက် ဘာမှ Impact မရှိဘူးလို့ပဲ ပြောချင်ပါတယ်။” (ဦးဝင်းသော်-ဗဟိုဘဏ် ဒုဥက္ကဋ္ဌ)
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသကတိုက်ပွဲတွေ အတွင်း စစ်တပ်က လေကြောင်းက ပိုတိုးပြီး တိုက်ခိုက်လာပါတယ်။ ကယားပြည်နယ်ကို အပြင်းထန်ဆုံးတိုက်ခိုက်နေပြီး စစ်ဆေးရေးဂိတ်တွေကြောင့် ပြည်တွင်း စစ်ဘေးဒုက္ခသည် တွေဆီကို အကူအညီတွေ ရောက်ဖို့ ခက်ခဲနေပါတယ်။ Steve Sandford သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
“အရင်ပေးနေကျ လူကယ်ပြန်လည်း မလာသေးဘူး။ WFP လည်းမလာသေးဘူး။ တချို့ကျတော့ နေ့စား အလုပ်ရှိတော့ အဆင်ပြေနေသေးတယ်။ အလုပ်မရှိတဲ့သူတွေကတော့ စားစရာမရှိတော့ဘူး။” (မအေးခိုင်-စစ်ဘေးဒုက္ခသည်)
နိုင်ငံရေးမတည်ငြိမ်တာနဲ့ အထွေထွေကုန်ဈေးနှုန်း ကြီးလာတာကြောင့် နိုင်ငံတွင်း အထည်ချုပ်စက်ရုံ ၂၀ လောက် အခုလထဲမှာ ရပ်နားသွားပြီလို့ အလုပ်သမား အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ နောက်ထပ်လည်း ယာယီရပ်နားဖို့ ပြင်ဆင်နေတဲ့ စက်ရုံတွေကလည်း အများအပြား ရှိနေပါတယ်
အိန္ဒိယအမျိုးသားတဦးက ကွမ်းသီးပင်တက်တဲ့ စက်တီထွင်၊ အမေရိကန်ပြည်ထောင်စုမှာ ပန်းကန်ပြားပျံလို ဒေါင်လိုက်ပျံသန်းနိုင်တဲ့ မိုးပျံယာဉ်အပြားထုတ်ဖို့ စမ်းသပ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ ယူကရိန်း စစ်ပွဲကြောင့် အမေရိကန်မှာ နေထိုင်နေကြတဲ့ ရုရှားပြည်သူတွေအပေါ် ဆန့်ကျင် တိုက်ခိုက်တာတွေ ရှိလာပြီး အကျပ်အတည်းတွေ ကြုံလာရစေပါတယ်။ အမေရိကားရောက်ရုရှားအတော်များများကတော့ရုရှားအစိုးရရဲ့ ရန်လိုမှုတွေကိုဆန့်ကျင်ပြီး ငြိမ်းချမ်းရေးပြောဆိုကြတဲ့အကြောင်း ကိုငြိမ်းချမ်း တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်