ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အခြေနေဆိုင်ရာ ကြေညာချက် ထုတ်ပြန်၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ ဆက်ပြီး ပြောပြပေးပါမယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးနဲ့ ထိုးစစ်တွေကြောင့် ၂ နှစ်ကြာတဲ့အထိ စစ်ဘေးရှာင်နေရသူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စိုက်ပျိုးရေးမလုပ်နိုင်တာကြောင့် ရိက္ခာရှားပါးမှုဒဏ်တွေ ခံစားနေကြရသလို ဆေးဝါးပြတ်လပ်မှုနဲ့ ကလေးငယ်တွေ ပညာသင်ကြားရေးအခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စတဲ့ မြို့နယ်တွေ မှာ ဒီလဆန်းပိုင်းကစလို့ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ကုလားတန်နဲ့ လေးမြို့ မြစ်ရေတွေ မြင့်တက်လာတာကြောင့် ဒေသတလွှား ရေကြီးရေလျှံမှုအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
မလေးရှားနိုင်ငံ ပီနန်း မြို့မှာ (၈) လေးလုံးအထိမ်းအမှတ် အခမ်းအနားနဲ့ တော်လှန်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲတခုကို ကွာလ္လာမ်ပူ အပါအဝင် မလေးရှားပြည်နယ်အသီးသီးက မလေးရှားရောက်မြန်မာတွေ ပူးပေါင်းပြီး သြဂုတ်လ ၆ ရက်နေ့ကကျင်းပခဲ့ပါတယ်။
MoU ရော၊ MoU ပြင်ပလုပ်သားရော သွားရင် round about က ၂၅ ရာခိုင်နှုန်း ပြန်လွှဲရမယ်။ အေဂျင်စီနဲ့ ချိတ်ဆက်ပြီး သွားတဲ့သူတွေကတော့ ဒီစနစ်မှာလိုက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ (မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်း)
ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ အရင်တုန်းက ထုတ်ပြန်ထားတဲ့ အတိုင်း “စစ်တပ် နိုင်ငံရေးက မထွက်မချင်း၊ စစ်တပ်နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ ဘာအကြောင်းမှ မရှိဘူး” လို့ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေနဲ့ သီးသန့် မေးမြန်းချက်မှာ ဖြေကြားလိုက်ပါတယ်။
စစ်အာဏရှင် စနစ်ကနေ ပြောင်းလဲလာတဲ့ အင်ဒိုနီးရှားနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေချိန်မှာ ကျန်နေတဲ့ အချိန်အတွင်း မြန်မာအရေး ဦးဆောင်ဖြေရှင်းဖို့ အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။
စစ်အာဏာရှင်စနစ်ကနေ ပြောင်းလဲလာတဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနေ ချိန်မှာ ကျန်နေတဲ့အချိန်အတွင်း မြန်မာအရေးဦးဆောင်ဖြေရှင်းဖို့ အရေးကြီးကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတဒူဝါလရှီးလ ကဗွီအိုအေနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောလိုက် ပါတယ်။
မြန်မာ့အရေးကိစ္စ စစ်ကောင်စီနဲ့ရော NUG နဲ့ပါ တွေ့ဆုံဆွေးနွေးနေကြောင်း အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က အာဆီယံ နိုင်ငံခြားရေးအစည်းအဝေး မကျင်းပမီ အရင်အပတ်က ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာ့အရေးကိစ္စ စစ်ကောင်စီနဲ့ရော NUG နဲ့ပါ တွေ့ဆုံဆွေးနွေးနေကြောင်း အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudi က အာဆီယံနိုင်ငံခြားရေး အစည်းအဝေး မကျင်းပမီ အရင်အပတ်က ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်သစ်နိုင်ငံမှာ မြောက်အာဖရိကနွယ်ဖွား လူငယ်လေးတဦးကို ရဲက ပစ်သတ်ခဲ့တဲ့ဖြစ်စဥ်အပြီး ဆူပူလှုပ်ရှားမှုအတွင်း လူသေဆုံးမှုဖြစ်ခဲ့သလို ဒေါ်လာ ဘီလျံနဲ့ချီပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တနိုင်ငံလုံးအနှံ့ ကျယ်ပြန့်ခဲ့တဲ့ ဒီဖြစ်ရပ်အပေါ် ပြင်သစ်ရောက် မြန်မာတချို့ရဲ့အမြင်တွေကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြမှာပါ။
ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က မြောက်အာဖရိကနွယ်ဖွား ဆယ်ကျော်သက် လူငယ်လေးတဦးကို ရဲက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဥ်အပြီး စတင်ခဲ့တဲ့ ဆူပူလှုပ်ရှားမှုတွေအတွင်း နောက်ဆက်တွဲ လူသေဆုံးမှုတွေ ဖြစ်ခဲ့သလို ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
အာဖရိက အကြမ်းဖက်မှုနှိမ်နင်းရေးမှာ အမျိုးသမီးတွေ ပိုပါလာ အနောက်အာဖရိကရှိ အကြမ်းဖက်မှုတွေ အမြင့်ဆုံးဖြစ်နေတဲ့နေရာတွေမှာ အကြမ်းဖက်မှုနှိမ်နင်းရေး ပိုထိရောက်ဖို့ အမျိုးသမီးတွေ ရှေ့တန်းကပါဝင်နိုင်ရေး အမေရိကန်ကဦးဆောင်ပြီး လေ့ကျင့်ပေးနေပါတယ်။ ဟင်နရီ ဝီလ်ကင်စ်ရဲ့ သတင်းကိုး ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။
ဥရောပသမဂ္ဂ (EU) အနေနဲ့ Everything But Arms (EBA) လို့ ခေါ်တဲ့ လက်နက်မှအပ ကျန်တဲ့ စီးပွားရေး ဆက်သွယ်မှု အရောင်းအဝယ်တွေ ဆက်ထားရှိတဲ့ ချဥ်းကပ်မှု အပါအဝင် မြန်မာ စစ်ကောင်စီ အပေါ် အရေးယူမှု ပုံစံ တွေကို ပြန်လည် သုံးသပ်ဖို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်ဖွား လူမျိုးစုံ ဘာသာစုံ နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု အနောက်ခြမ်းက ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ မြို့တော် Sacramento က ပြည်နယ် လွှတ်တော် အဆောက်အအုံ State Capitol မှာ မြန်မာ-အမေရိကန် တွေရဲ့ အထိမ်းအမှတ်နေ့ Burma Day ကို ပထမဆုံး အကြိမ် အနေနဲ့ ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် အမေရိကန်နိုင်ငံဘက်ခြမ်းမှာလည်း အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်နဲ့ အနောက်အလယ်ပိုင်းဒေသတွေမှာ လေထုအရည်အသွေးသတိပေးချက်ကို နောက်ထပ်တစ်ရက် ထပ်တိုးလိုက်ကြောင်း အမေရိကန်အမျိုးသား မိုးလေဝသဌာနက ကြေညာထားပါတယ်။
အန္တရာယ်ရှိတဲ့နှလုံးခုန်နှုန်း မူမှန်တာကို ပိုမို ထိရောက် ကောင်းမွန်အောင် ကုသနိုင်ဖို့ အတွက် ဆရာဝန်တွေဟာ ပုံမှန်ဆိုရင် ကင်ဆာရောဂါမှာ အသုံးပြုတဲ့ ဓာတ်ရောင်ခြည်ကို နှလုံးကုသရာမှာ စမ်းသပ် အသုံးပြုနေကြပါတယ်။
လူအများနဲ့ ဆက်သွယ် ဖြေကြားပေးတဲ့ ChatGPT ဉာဏ်ရည်တု Chatbot ခေတ်မှာ Artificial Intelligence လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာ အကြောင်း သတိပေး နှိုးဆော်တာတွေကို အများအပြား တွေ့လာရပါတယ်။
အာရှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်တွေဟာ မြန်မာနိုင်ငံက မက်သာဖက်တမင်း စိတ်ကြွဆေးတွေကို ခိုးထုတ်ဖို့ ပင်လယ်လမ်းကြောင်းကို ပိုမို အသုံးပြုလာကာ၊ သူတို့ရဲ့လုပ်ငန်းကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေတာကြောင့် ကက်တမင်း မူးယစ်ဆေး ထုတ်လုပ်မှုက အရှိန်မြင့်လာနေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
မမှူးရတနာခက်မို့မို့ထွန်းဟာ စုစုပေါင်းထောင်ဒဏ် ၁၃ နှစ် အထိချခံရဖို့ ရှိနေတယ်လို့ မိသားစုဝင် တဦးနဲ့သူ့ရဲ့ ရှေ့နေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်