သမ္မတဂျိုးဘိုင်ဒန်ရဲ့ အဓိက မူဝါဒဖြစ်တဲ့ ဖုန်းကနေကားအထိ အသုံးပြုရတဲ့ ကွန်ပျူတာ ချစ်ပ်ပြားကဏ္ဍမှာ နိုင်ငံရပ်ခြားထုတ်လုပ်မှုအပေါ် အမှီအခိုကိုလျှော့နိုင်ဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်တဲ့ ထိုင်ဝမ် တပိုင်းလျှပ်ကူးပစ္စည်း ချစ်ပ်ထုတ်လုပ်တဲ့ စက်ရုံကို ဖီးနစ်မြို့မှာ တည်ထားပါတယ်။
စစ်အာဏာသိမ်းမှုကို ခုခံနေတဲ့ ချင်းပြည်နယ်မှာ ၃ နှစ် နီးပါးကြာလာချိန် စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေသာ တိုးလုပ်နေလို့ အရပ်သားထိခိုက်မှု မြင့်တက်လာပြီး နေရပ်စွန့်ခွာထွက်ပြေးရသူတိုးလာနေတယ်လို့ ချင်းလူ့အခွင့်အရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ခုခံနေတဲ့ ချင်းပြည်နယ်မှာ ၃ နှစ် နီးပါး ကြာလာချိန် စစ်တပ်ဘက်က မြေပြင်စစ်ဆင်ရေးတွေ မလုပ်နိုင်တော့ဘဲ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေသာ တိုးလုပ်နေလို့ အရပ်သားထိခိုက်မှုနဲ့ နေရပ်စွန့်ခွာရသူတွေ တိုးလာနေတယ်လို့ စောင့်ကြည့်နေသူတွေက ပြောလိုက်ပါတယ်။
မြန်မာငြိမ်းချမ်းရေး ဖြစ်စဥ်မှာ အိန္ဒိယက ကူညီမယ်ဆိုပြီး အိန္ဒိယ ထိပ်တန်းအရာရှိတဦးက လတ်တလောမှာ ပြောဆိုခဲ့တာက ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာကို တန်ပြန်ဖို့ ပြောဆိုတာမျိုး ဖြစ်နိုင်ပေမယ့် အိန္ဒိယအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံနေတာက လက်တွေ့ကျ တဲ့ ပြဿနာ ဖြေရှင်းနည်းမဟုတ်ဘူးလို့ လေ့လာသူတွေက ဝေဖန်လိုက်ပါတယ်
“တရုတ်က မြန်မာ့ပဋိပက္ခမှာ အမြဲတမ်း အဓိက ကြားဝင်စေ့စပ်ပေးနေတာပါ။ ဒါကို အိန္ဒိယက ပြိုင်ချင်တဲ့သဘောပါ။ သူ့မှာ ဒီလို ရပ်တည်ချက်ရှိပြီး ယုံကြည်ကိုးစားခံထိုက်သူ ဖြစ်ကြောင်း ပြလိုတာပါ။" (Angshuman Choudhury နယူးဒေလီ အခြေစိုက် မူဝါဒသုတေသနစင်တာက သုတေသီတဦး)
မြန်မာစစ်ကောင်စီဟာ ကမ္ဘာ့မျက်နှာစာမှာ ထိုးဖောက်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားနေလို့ အထူးသတိထားဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ နိုင်ငံတကာမှာ မြန်မာ့အရေး အခန်းကဏ္ဍ၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာဆီယံနိုင်ငံတွေရဲ့ အရွေ့တွေကို ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
အရင်လက အာဆီယံ ထိပ်သီး အစည်းအဝေးအပြီး မြန်မာ့အရေးမှာ အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ trioca ယန္တရားကို ကြေညာခဲ့ပေမယ့် အဓိက လုပ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံက ဥက္ကဋ္ဌရာထူး လာအိုကို လွှဲပြောင်းပေးရမှာဖြစ်လို့ မြန်မာ့အရေး အားလျော့ သွားနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။
အရင်လက အာဆီယံထိပ်သီးအစည်းအဝေးအပြီး အလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံပူးပေါင်းပြီး မြန်မာ့အရေးဆောင်ရွက်မယ်ဆိုတဲ့ trioca ယန္တရားကို ကြေညာခဲ့ပေမယ့် အဓိက လုပ်နေတဲ့ အင်ဒိုနီးရှားက ဥက္ကဋ္ဌရာထူးကနေ လာအိုကို လွှဲပြောင်းပေးရမှာဖြစ်လို့ တချို့ကတော့ မြန်မာ့အရေး အားလျော့သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။
မြန်မာစစ်တပ်ဟာ အရင်က စစ်မျက်နှာ အမြောက်အမြား ဖွင့်တိုက်နေရပြီး လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် အင်ဒိုနီးရှားက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အလေးထားစုံစမ်းဖို့ အရှေ့တောင် အာရှ နိုင်ငံရေးနဲ့လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ အရင်ကတခါမှမကြုံဖူးတဲ့အနေအထားနဲ့ စစ်မျက်နှာ အမြောက်အမြား ဖွင့်တိုက်နေရပြီး လက်နက်ခဲယမ်း လိုအပ်နေတာကြောင့် အင်ဒိုနီးရှားက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အလေးထားစုံစမ်းဖို့ အရှေ့တောင် အာရှ နိုင်ငံရေးနဲ့လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရအနေနဲ့ မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်ဖို့ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။
"ဒါတွေကို ၁၉၈၈ ခုနှစ်ကတည်းက တောင်းဆိုခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းတလျှောက်မှာ ဒီလို သတ်ဖြတ်မှုတွေ ရှိခဲ့တာပါ။ ရိုဟင်ဂျာမှ မဟုတ်ပါဘူး။ ကရင်၊ ကရင်နီ၊ မွန် စတဲ့ တိုင်းရင်းသားတွေ အပေါ်မှာ နယ်စပ်တလျှောက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။" (ဦးအောင်မျိုးမင်း-NUG)
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းက အခြေအနေတွေဟာ မြန်မာပြည်မှာ သူတို့ကြုံတွေ့ခဲ့ရတာထက် ပိုဆိုးနေတယ်လို့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းပြီး ရိုဟင်ဂျာလူငယ်ကွန်ဂရက် (YCR)က သောကြာနေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အွန်လိုင်းကနေ တက်ရောက် သတင်းယူခဲ့တဲ့ ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာတွေဟာ မြန်မာပြည်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေထက် ပိုခက်ခဲနေတယ်လို့ ပြီးခဲ့တဲ့ တနှစ်အတွင်း ဒုက္ခသည် ရာနဲ့ချီကို တွေ့ဆုံမေးမြန်းပြီး ရိုဟင်ဂျာလူငယ်ကွန်ဂရက် (YCR) က သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာတွေ ဘယ်လို ကြုံတွေ့နေရပါသလဲ။
ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဋိပက္ခ ဖြစ်ပွားမှု အဆင့်က ယူကရိန်းထက်ကျော်ပြီး နံပါတ် (၁) နေရာမှာ ရှိနေတယ်လို့ လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ ဖြစ်ရပ်တွေကို အချိန်နဲ့တပြေးညီ မှတ်တမ်းပြုစုနေတဲ့ အမေရိကန် အခြေစိုက် ACLED သုတေသန အဖွဲ့က ပြောလိုက်ပါတယ်။
မြန်မာ့အရေး အဓိကဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ လာအိုနိုင်ငံကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခဲ့သလို ၊ မြန်မာ့အရေးအတွက် အလှည့်ကျဥက္ကဋ္ဌ(၃)နိုင်ငံက ပူးတွဲ ကိုင်တွယ်ဖြေရှင်းသွားဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ လေ့လာသူရဲ့အမြင်ကို ကိုငြိမ်းချမ်းအေး တင်ပြထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးပွဲအပြီး ဆက်တိုက်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေပါ ပါဝင်တဲ့ လုံခြုံရေးနဲ့ကုန်သွယ်ရေး ထိပ်သီးဆွေးနွေးပွဲမှာ ၂၀၂၃ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က “မြန်မာအရေးမှာ အာဆီယံက ကြားက ဓားစာခံ အဖြစ်မခံဘူး” လို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။
“အာဆီယံ ထရွိုက်ကာ” အနေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သူတို့ကိုအပ်နှင်းထားတဲ့ကိစ္စတွေကိုကျော်လွန်ပြီး အာဆီယံကို ကိုယ်စားပြုနိုင်မှာမဟုတ်ပါဘူး။ ‘အဖွဲ့ဝင်အားလုံး သဘောတူညီမယ်ဆိုတာနဲ့ ‘ဝင်ရောက်မစွက်ဖက်ရဘူး’ ဆိုတဲ့ အခြေခံမူတွေက “ထရွိုက်ကာ ယန္တရား” မှာတည်ဆောက်ထားပြီး ဖြစ်ပါတယ်။" (ဒေါ်မိုးသူဇာ)
မကွေးတိုင်း ဆောမြို့ပေါ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ပြီး နေအိမ်တွေအပေါ် လက်နက်ကြီးကျရောက်တဲ့အတွက်လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သလို နောက်ထပ် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
“ဒီမနက်ကနေတက်သွားတာ ကျနော်တို့ရွာအထက် အူထန်ယန်ရွာမှာ၊ ရွာအထက် တံတားညီနောင်ပေါ့။ အဲဒီနားမှာ ချနေကြတယ်တဲ့။ နည်းနည်းအထိနာလို့ပေါ့။ အခု လေယာဉ်ပျံနဲ့ ဗုံးကြဲနေတယ်။ အူထန်ယန်အထက်မှာလေ။ သူတို့ အူထန်ယန်ကဟာတွေလည်း နွမ်းလန်းမှာ ရောက်ကုန်ကြပြီ။” (နွမ်းလန်းဒေသခံတဦး)
နောက်ထပ်ကြည့်ရှုရန်