NASA အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့က ၂၀၁၈ သြဂုတ်လ ၁၂ ရက်နေ့မှာ လွှတ်တင်လိုက်တဲ့ အာကာသစူးစမ်းရေးယာဉ်ကို အပူရှိန် သိပ်ပြင်းတဲ့ နေနားအရောက်သွားပြီး အနီးကပ်လေ့လာ နိုင်ဖို့ ဘယ်လို ကြံဆထားပါသလဲ။ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
ဒေါက်တာပဒေသာတင်။ ။“ကမ္ဘာထက် နေဟာ အဆပေါင်း ၃ သိန်းကျော် လေးတယ်။ ပြီးတော့ ကမ္ဘာ့အချင်းထက် အဆ တရာမက ကြီးပါတယ်။ နောက် ကမ္ဘာကနေ မိုင် ပေါင်း ၉၃ သန်းဝေးတယ်။ အဲဒီတော့ အလင်းအလျင်နဲ့ တနာရီကို ၁၇၆ ၀၀၀ လောက် မြန်တဲ့ - တစက္ကန့်ကို ပေါ့နော်။ အဲဒီလောက် မြန်တဲ့ အလင်းအလျင်နဲ့ သွားရင် နေကို ဆယ်မိနစ်အတွင်း ရောက်သွားမှာပါ။ ဒါပေမယ့် Parker Solar Probe - ပါကါ နေသုတေသန လုပ်တဲ့ ဂြိုဟ်တုကတော့ နိုဝင်ဘာလ လောက်မှာ နေမျက်နှာပြင်နားကို ပထမဆုံးအကြိမ် စပြီးတော့ ပတ်မှာ ဖြစ်ပါတယ်။ နောက် ၂ လ ၃ လ နေတော့။ အဲဒီအချိန်လောက် ဆိုရင် စပြီးတော့ ရောက်သွားပါပြီ။
ဒီလောက် ဝေးကွာတဲ့နေရာကို ပါကာဂြိုဟ်တုက ဘယ်လိုပုံစံနဲ့သွားဖို့ စီစဉ်ထားတယ် ဆိုတာ ကြည့်ရအောင်ပါ။
ဒေါက်တာပဒေသာတင်။ ။“ သူက ဘယ်လို သွားရသလဲ ဆိုတော့ သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ကို ယူပြီးနေကို ၂၄ ကြိမ် ပတ်မှာ ဖြစ်ပါတယ်။ ဒီပတ်လမ်းကြောင်းကြောင့် နေမျက်နှာပြင်နဲ့ အနီးဆုံးက - နေမျက်နှာပြင်နဲ့ မိုင် ၃ သန်းခွဲ လောက် ရောက်အောင်ကို ကပ်အောင်ကို သွားနိုင်ဖို့ အတွက် သောကြာဂြိုဟ်ကို ပတ်ရင်းပတ်ရင်းနဲ့ တဖြေးဖြေး အနီးဆုံး ရောက်အောင် သွားရတာ ဖြစ်ပါတယ်။ ဆိုတော့ နေနဲ့ အနီးဆုံး ရောက်တဲ့ အခါမှာ တနာရီကို မိုင် ၄ သိန်းလောက် နှုန်းနဲ့ ပျံသန်းမှာ ဖြစ်ပါတယ်။”
“အဲဒီလောက် အမြန် ပျံသန်းနိုင်ဖို့ အတွက်က သူ့မှာ အင်ဂျင်ရယ်လု့ိ မရှိပါဘူး။ ဒါပေမယ် ဒီပတ်လမ်းကြောင်းရဲ့ အရှိန်ကို ယူပြီးတော့ နေဆွဲအားနဲ့ သောကြာဂြိုဟ်က ပတ်လမ်းနဲ့ တွဲပြီး ပတ်ရတဲ့ ပုံစံမျိုးနဲ့ ပတ်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူက ၂၀၁၈ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ဒီပတ်လမ်းကြောင်းကို ၂၄ ခါ နေအနီးဆုံးကို ရောက်အောင် တဖြေးဖြေးနဲ့ ဘဲဥပုံလမ်းကြောင်း နဲ့ ပတ်သွားမှာ ဖြစ်ပါတယ်။”
နေကိုစူးစမ်းဖို့ စခဲ့တဲ့ Solar Probe တုန်းက Jupiter - ကြာသပတေးဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူဖို့ စဉ်းစားခဲ့ပေမယ့် အခု Parker Solar Probe ကတော့ Venus - သောကြာဂြိုဟ်ရဲ့ ဆွဲအားနဲ့ အရှိန်ယူမှာ ဖြစ်ပါတယ်။ ဒီစူးစမ်းယာဉ်နဲ့ ယာဉ်ထဲမှာ တပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေ ဘယ်လို အလုပ်လုပ်မှာပါလဲ။
ဒေါက်တာပဒေသာတင်။ ။“ပါကာရဲ့ အလေးချိန်က ကီလိုဂရမ် ၂၀၀ လောက်လေးပါတယ်။ သူ့အပေါ်မှာ ဒီအထဲမှာ ရှိတဲ့ လျှပ်စစ် စက်ပစ္စည်းတွေ အလုပ်လုပ်ဖို့အတွက် လျှပ်စစ်ဓါတ်အား လိုတဲ့ အခါ သူ့မှာ ဆိုလာပြားတွေ ပါသွားပါတယ်။ နေနဲ့ အရမ်းနီး သွားတဲ့ အခါကျတော့ ဒီဆိုလာပြားတွေက အပူမခံနိုင်တဲ့ အတွက် သူတို့ကို ခေါက်ပြီး သိမ်းလို့ရတယ်။ နေနဲ့ အရမ်းဝေးသွားတဲ့ အခါကျရင် ဒီဆိုလာပြားတွေ ပြန်ဖွင့်ပြီး စက်ပစ္စည်းတွေနဲ့ ကွန်ပြူတာတွေ အလုပ်လုပ်ခိုင်း၊ data တွေ ပြန်ပို့ပေး သွားမှာပါ။”
နေနားကို ရောက်သွားတဲ့အခါမှာရော စက်တွေ အရည်ပျော်မသွားအောင် ဘယ်လိုလုပ်ထားပါသလဲ။
ဒေါက်တာပဒေသာတင်။ ။“နေမျက်နှာပြင်နဲ့ အနီးဆုံး နေရာ ရောက်သွားတဲ့ အခါမှာ ဂြိုဟ်တုရဲ့ အပူကာပစ္စည်းက အပူချိန် စင်တီဂရိတ် ၁၄၀၀ လောက်ရှိတဲ့ အပူရှိန်ကို သူခံစားရ လိမ့်မယ်။ ဒါဆိုရင် ၁၄၀၀ ဆိုတဲ့ အရှိန်ဟာ သံအရည်ပျော်လောက်တဲ့ အပူချိန် ဖြစ်နေပြီ။ ဒါပေမယ့် အရည်မပျော်ဘူး။ ဘာကြောင့်လည်း ဆိုတော့ သူက နေဘက်ကို မျက်နှာမူထားတဲ့ ဂြိုဟ်တုရဲ့ အကာက သိပ်ကောင်းတဲ့ အတွက် အဲဒီအကာရဲ့ အနောက်မှာ ရှိတဲ့ စက်ပစ္စည်းတွေက မူလ ကျွန်တော်တို့ အခန်းထဲမှာ ရှိတဲ့ အပူချိန် လောက်အထိ ပဲ နေလို့ရအောင် လုပ်ထားပါတယ်။”
“နေမျက်နှာပြင်ပေါ်မှာ ရှိတဲ့ ဒီပရမာ အဏုမြူတွေ ဖြစ်တဲ့ အီလက်ထရွန်၊ ပရိုတွန်နောက် ဟီလီယမ် အိုင်းရွန်းတွေရဲ့ သိပ်သည်းမှုက ဘယ်လောက် ရှိသလဲ၊ ဘယ်လောက် ကြွယ်ဝ သလဲ ဆိုတာကို တိုင်းတာဖို့ ဖြစ်ပါတယ်။ ဒီပရမာ အဏုမြူတွေက အရှိန်နဲ့ လွင့်ပျံနေတာပါ။ သိပ်ပူလွန်းအားကြီး တဲ့အတွက် ဟိုက်ဒရိုဂျင်ကနေ ဟီလီယမ် ဘဝကို ပြောင်းတဲ့ အခါ ကျရင် ထုတ်လိုက်တဲ့ စွမ်းအင်တွေက သိပ်ပူလွန်းအားကြီးတဲ့ အတွက် သိပ်တောက်ပနေပြီးတော့ ပရမာ အဏုမြူတွေက လွင့်ပျံနေတဲ့အတွက် သိပ္ပံ အသုံးအနှုန်းနဲ့ ဆိုလို့ရှိရင် ဒါကို ဆိုလာ wind လို့ခေါ်ပါတယ်။ နေပေါ်မှာ တိုက်ခတ်နေတဲ့ နေရဲ့လေ လို့လည်း နံမယ်ပေးထားပါတယ်။”
အရင်တုန်းက ဒီလိုမျိုး နေဆီကို လွှတ်တင်ချင်ပေမယ့် လွှတ်တင်လို့ မရခဲ့ဘူး။ အခုတော့ နည်းပညာ အသစ်တွေ တိုးလာမှ လွှတ်တင်လို့ ရတယ် ဆိုတော့ ဘာနည်းပညာတွေကြောင့် အဓိက လွှတ်တင်လို့ ရတာပါလဲ။
ဒေါက်တာပဒေသာတင်။ ။“အဓိက နည်းပညာက ကွန်ပြူတာ နည်းပညာပါ။ ဥပမာ ကွန်ပြူတာ နည်းပညာ ဘယ်လောက်တောင် တိုးတက်လာသလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ သုံးနေတဲ့ ဆဲလူလာဖုံး ရဲ့ တွက်ချက်နိုင်တဲ့ အရည်အချင်း efficiency သူ့အစွမ်းက ဘယ်လောက်တောင် ကောင်းသလဲ ဆိုရင် ၁၉၆၀ လောက်မှာ လကမ္ဘာကို ပစ်တင်လိုက်နိုင်တဲ့ Saturn အမှတ် ၅ ဒုံးပံျကြီး တခုလုံး ကို ထိန်းချုပ်တဲ့ ကွန်ပြူတာ ထက် အဆပေါင်း များစွာ သာနေလောက်အောင်ကို တိုးတက်လာပါတယ်။ အဲဒီလို ကွန်ပြူတာ နည်းပညာ တိုးတက်လာတာ က သိပ်အဓိက ကျပါတယ်။”
“နောက်တခုက communication ပေါ့နော်။ ဆက်သွယ်ရေး ဂြိုဟ်တုတွေရဲ့ ဆက်သွယ်မှု နောက် လျှပ်စစ် ပညာ electronic နည်းပညာ တိုးတက်မှု အများကြီးစောင့်ရ ပါတယ်။ ဒီသိပ္ပံသုတေသန အချက်အလက်တွေကို ဒီလောက် ဝေးတဲ့ နေရာကနေ ပို့ပေးဖို့။ နောက်တခုက material science လို့ ခေါ်တဲ့ သတ္တုဗေဒ ပညာကို တော်တော်ကို ကျွမ်းကျင် နားလည် ပြီး၊ နည်းပညာတိုးတက်လာမှ သာလျင် လုပ်လို့ရပါတယ်။ ဥပမာအားဖြင့် ရိုးရိုး အာကာသယာဉ်ကို နေပေါ်လွှတ်တင်လိုက်ရင် ချက်ချင်း မီးလောင်ပြီး ပြုတ်ကျလာမှာပါ။ ဒါကြောင့် ဒီလောက် မြင့်တဲ့ အပူရှိန်ကို ခံနိုင်ဖို့ အတွက်က သတ္တုရောတွေ၊ alloys တွေ ပေါ့နော်။ အဲဒါတွေကို တီထွင်နိုင်တယ်။ အပူချိန် အမြင့်ကြီး ခံနိုင်တယ်၊ ပြီးတော့ ပိုပြီးတော့ ပေါ့လည်း ပေါ့ပါးတဲ့ သတ္တုရောတွေကို သုတေသန လုပ်နိုင်တာ အများကြီး ပါလာ ပါတယ်။”
“နောက်တခုက ကင်မရာပေါ့။ ကင်မရာနည်းပညာ ဆိုလို့ရှိရင် ဒီကင်မရာကို ရိုက်တဲ့ CCTV ပေါ့နော်။ မြင်လွှာ အချပ်ကလေး ဆိုလို့ ရှိရင် အခုဆိုလို့ရှိရင် ရိုးရိုး CCD နဲ့ မဟုတ်ပဲနဲ့ CMOS လို့ခေါ်တဲ့ Complementary metal–oxide–semiconductor လို့ခေါ်ပါတယ်။ အဲဒီ CMOS – CCD အချပ် ကလေးက ရိုးရိုး နေကနေပြီးတော့ ထွက်လာတဲ့ ဒီ လေမုန်တိုင်း၊ X- ray ရောင်ခြည်၊ cosmic ရောင်ခြည် တွေကနေ ဆို ရိုးရိုး CCD ကင်မရာရဲ့ မြင်လွှာကို တဖြေးဖြေး ပျက်သွားအောင် တဖြေးဖြေး ချို့ယွင်း သွားအောင် လုပ်နိုင်ပါတယ်။ အဲဒီတော့အဲဒီလို ပျက်မသွားအောင် လုပ်နိုင်တဲ့ ကင်မရာ တခု ကို စထွင်လာတယ်။ အဲဒါကို CMOS ကင်မရာလို့ ခေါ်ပါတယ်။ အခု စသုံးနေကြပါပြီ။ အဲဒီတော့ ဒီ နည်းပညာတွေ မရှိခဲ့လို့ ရှိရင်တော့ ဒီလောက်တောင် အပူချိန် မြင့်တဲ့ နေရာ၊ ဒီလောက်တောင် ဝေးတဲ့ နေရာ၊ ဒီလောက်တောင် လင်းထိန်နေတဲ့ နေရာမှာ တိုင်းထွာဖို့ စက်တွေ တီထွင် နိုင်ဖို့ ဆိုတာက သိပ္ပံ နည်းပညာ တိုးတက်မှု အများကြီး လိုပါတယ်။”
ဒီယာဉ်နဲ့အတူ ရူပဗေဒ ပါမောက္ခ ပါကာရဲ့ပုံတွေနဲ့ သူ့ရဲ့ ၁၉၅၈ စာတမ်းမိတ္တူ အပြင် လူပေါင်း ၁.၁ သန်းရဲ့ နံမယ်တွေပါတဲ့ memory ကပ်ပြားလေးပါ ပါသွားတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
Journey to the Sun
• Launch: Aug. 12, 2018
• Launch Site: Cape Canaveral Air Force Station, Florida
• Launch Vehicle: Delta IV-Heavy with Upper Stage
In order to unlock the mysteries of the Sun's atmosphere, Parker Solar Probe will use Venus’ gravity during seven flybys over nearly seven years to gradually bring its orbit closer to the Sun. The spacecraft will fly through the Sun’s atmosphere as close as 3.8 million miles to our star’s surface, well within the orbit of Mercury and more than seven times closer than any spacecraft has come before. (Earth’s average distance to the Sun is 93 million miles.)
Flying into the outermost part of the Sun's atmosphere, known as the corona, for the first time, Parker Solar Probe will employ a combination of in situ measurements and imaging to revolutionize our understanding of the corona and expand our knowledge of the origin and evolution of the solar wind. It will also make critical contributions to our ability to forecast changes in Earth's space environment that affect life and technology on Earth.