သဘာဝသယံဇာတ ပေါကြွယ်တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေနဲ့ သဘာဝဝန်းကျင်အတွက် လက်ရှိ NLD အစိုးရ ဘာတွေ လုပ်ဆောင်နေပါသလဲ။ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဦးစိုးသူရထွန်းကို ဒေါ်ခင်မျိုးသက် ရန်ကုန် ဗီအိုအေစတူဒီယိုမှာ မေးမြန်းထားပါတယ်။
ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးချယ်မယ့် ရွေးကောက်ပွဲတွေ ကို အင်္ဂါနေ့က ဖလော်ရီဒါ၊ အီလီနွိုင်းနဲ့ အရီဇိုးနား ပြည်နယ် တွေမှာ ကျင်းပရာမှာ ဒုသမ္မတဟောင်း Joe Biden က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ Mile O'Sullivan ပေးပို့တဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အမေရိကန်နိုင်ငံမှာ နိုင်ငံရေးဆိုင်ရာ စုဝေးပွဲ အတော်များများကို ဖျက်သိမ်းကြပေမယ့် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေ ပြည်နယ် ၃ ခုမှာ ဒီကနေ့ ကျင်းပပါတယ်။ ဗီအိုအေ သတင်းထောက် Kane Farabaugh ပေးပို့တဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။
မတ် ၁၅၊ ၂၀၂၀ - တည်ငြိမ်မှု မရှိသေးတဲ့ ရခိုင်ပြည်နယ်ထဲမှာ ဒုက္ခသည် အများအပြားရှိတဲ့ထဲက ၂၀၁၂ အရေးအခင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို ပြန်လည်ခိုလှုံလာတဲ့ ရခိုင်တိုင်းရင်းသားတွေလည်း ပါပါတယ်။
တည်ငြိမ်မှုမရှိတဲ့ရခိုင်ပြည်နယ်ထဲမှာ ဒုက္ခသည် အများအပြားရှိတဲ့ထဲက ၂၀၁၂ အရေးအခင်းမှာ ဘင်္ဂလားဒေ့ရှ် ကနေ မြန်မာနိုင်ငံထဲကို ပြန်လည် ခိုလှုံလာတဲ့ ရခိုင်တိုင်းရင်းသားတွေလည်း ပါပါတယ်။ ထောင်နဲ့ချီတဲ့ဒီရခိုင်တိုင်းရင်းသားတွေ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
မတ် ၈၊ ၂၀၂၀ - ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နဲ့ တပ်မတော်တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ တနေ့တခြားတိုးလာနေပြီး ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေထဲမှာတော့ စစ်ရှောင်တွေ (၄၀၀၀) လောက် ရှိနေပါပြီ။
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ တပ်မတော်တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ တနေ့တခြားတိုးလာနေပြီး ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေထဲမှာတော့ စစ်ရှောင်က ၄၀၀၀ လောက် ရှိနေတာပါ။ ဒေသတွင်း အခြေအနေကို ဒေါ်ခင်မျိုးသက် အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးထားပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဘက်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးကနေ ထွက်ပြေးလာသူ ဒုက္ခသည်တွေ ခိုလှုံနေကြရပါတယ်။ ကျောင်းနေရွယ်တွေအတွက် ပညာရေးနဲ့ တခြားလိုအပ်တဲ့ အထောက်အပံ့တွေကို ဘုန်းတော်ကြီးတွေက ဦးစီး လုပ်ဆောင်ပေးနေရတယ်လို့ အဲဒီစခန်းတွေကို ဒီကနေ့ရောက်ခဲ့တဲ့ ဗွီအိုအေအယ်ဒီတာ ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်တွင်းပြည်ပ သတင်းထောက်တွေ သတင်းယူဖို့ အစိုးရအစီအစဉ်နဲ့ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ဒေါ်ခင်မျိုးသက်ကို အသံမလွှင့်ခင်မှာပဲ မခွာညိုက ဆက်သွယ်မေးမြန်းထားပါတယ်။
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၀ - ရခိုင်ဒေသ လူ့အခွင့်အရေးပြဿနာကြောင့် နိုင်ငံတကာမှာ မြန်မာနာမည်ပျက်နေတာတွေကို ဖြေဖျောက်နိုင်ဖို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားသလဲဆိုတဲ့ နိုင်ငံရေးစကားဝိုင်းကို မြန်မာ့အရေးလေ့လာသူ ဦးမောင်မောင်စိုး၊ သတင်းစာဆရာ ဦးစည်သူအောင်မြင်တို့နဲ့ ဒေါ်ခင်မျိုးသက် ဆွေးနွေးတင်ဆက်ထားပါတယ်။
ဖေဖေါ်ဝါရီ ၉၊ ၂၀၂၀ - Corona ဗိုင်းရပ်ပိုး အန္တရာယ်အတိုင်းအတာကို သိနိုင်ဖို့ သဘာဝတောရိုင်းတိရိစ္ဆာန်တွေဆီကနေ လူတွေကို ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အကြောင်း သုတေသနလုပ်နေတဲ့ ဒေါက်တာအောင်သန်းတိုးကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ ICJ တရားရုံးကို သွားရောက်ခဲ့သူ ၄ ဦးက ဒီကနေ့ ICJ တရားရုံး ဆုံးဖြတ်ချက်တွေအကြောင်း ရှင်းလင်းပြောဆိုပါတယ်။ ရှင်းလင်းပွဲတက်ရောက်လာတဲ့ ဒေါက်တာခင်မောင်ညိုကို VOA မြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
မြေအောက်ရေ အလွန်အကျွံထုတ်ယူ သုံးစွဲနေတဲ့အတွက် မြေအောက်ကို ကျွံကျတဲ့ မြို့တွေထဲမှာ ရန်ကုန်မြို့ကြီး ပါနေပါသလား။ အိမ်နီးချင်း ဘန်ကောက်မြို့ကြီးရဲ့ မြေအောက်ကျွံကျတဲ့ အခြေနေနဲ့ ဘယ်လိုကွာပါသလဲ။
မြန်မာ့ရာဇဝင်ကို ပြောနိုင်မယ့် ဧရာဝတီမြစ်ဝ အနည်တွေကို ပညာရှင်တွေ စတင် လေ့လာနေကြပါပြီ။ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး သဘာဝအတိုင်း ကျန်နေသေးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ။ ဘာအန္တရာယ်ရော ရှိနေပါသလဲ။ ဂျပန်အဏ္ဏဝါ ဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကပြောပြပေးမှာပါ။
မြန်မာနိုင်ငံ့ အနောက်ဖက် ရခိုင်ပြည်နယ်ဟာ သယံဇာတ ပေါကြွယ်ဝသလို၊ ဒေသတွင်းမှာလည်း မဟာဗျူဟာအရ အရေးပါတဲ့ဒေသတခု ဖြစ်ပါတယ်။
ဧရာဝတီမြစ်စီးဝင်ရာ ကမ်းလွန်ပင်လယ်က အနည်ကျကျောက်တွေကို လေ့လာရင် မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှု သမိုင်းကို သိနိုင်တယ်လို့ ဂျပန်အဏ္ဏဝါ ဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူက ပြောပါတယ်။ ဒီလိုသိနိုင်ဖို့ လေ့လာမှုတွေ လုပ်နေတဲ့ အကြောင်း ပာပြပေးမှာပါ။
နိုဝင်ဘာလ ၁၂ ရက် မနေ့ အင်္ဂါနေ့ညက တိုက်ကြီးအနောက်တောင် ၁၃ မိုင်အကွာမှာ မြေအောက် အနက် ၆ မိုင်ကျော်လောက်မှာ ဗဟိုပြုပြီး ပြင်းအား ၄.၁ ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတာကို ရန်ကုန်တမြို့လုံးနဲ့ ပတ်ဝန်းကျင်က ခံစားသိရှိခဲ့ကြရပါတယ်။
အီဂျစ်နိုင်ငံမှာ မံမီရုပ်အလောင်းတွေပါတဲ့ သစ်သားခေါင်းတလား အလုံး ၃၀ ကို Luxor မြို့ အနောက်ဘက်ကမ်းက ရှေးဟောင်းသင်္ချိုင်းတခုမှာ မကြာသေးခင်ကတွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်က အနုပညာလက်ရာတွေနဲ့ ချယ်မှုန်းထားတဲ့အခေါင်းတွေပါ။ ရိုက်တာသတင်းကိုအခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump သမ္မတအဖြစ် ရွေးကောက်ခံရတာ ဒီလ ၈ ရက်နေ့ဆိုရင် သုံးနှစ်ပြည့်ပါပြီ။ အမေရိကန်နိုင်ငံရေးမှာ အင်အား ခိုင်မာသူတယောက်အဖြစ် ရှိနေဆဲဖြစ်ပေမဲ့၊ သူ့ကိုတရားစွဲဆိုဖို့ အောက်လွှတ်တော်က စုံစမ်းတာတွေလည်း ရှိနေပါတယ်။ VOA သတင်းထောက် Jim Malone ပေးပို့တဲ့သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ဒီနှစ်နိုဝင်ဘာလဟာ ဂျာမနီနိုင်ငံ ဘာလင်တံတိုင်းကြီးကို ဖြိုချခဲ့တဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဖြစ်ပါတယ်။ တံတိုင်းကြီးကို ဖြိုချခဲ့တာ ကြာပြီဖြစ်ပေမဲ့ ဂျာမနီနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဘဝကို အရိပ်ထိုးနေဆဲဖြစ်တဲ့ အကြောင်း Charles Maynes သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိူးသက် ကတေင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်