မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထူးသဖြင့် အမျိုးသမီးတွေ နဲ့ မိန်းကလေးငယ်တွေဟာ ခံစားနေကြရတဲ့အကြောင်း အွန်လိုင်း ဆွေးနွေးပွဲတခုကို အမေရိကန် ပြည်ထောင်စုမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်၊ တောင်လတ်ဒေသမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ရင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ မင်းကင်း အခြေအနေကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြတဲ့ မြန်မာစစ်ရှောင်တွေ လိုက်နာရမယ့် အသေးစိတ် စည်းကမ်းတွေကို ပြည်နယ်အစိုးရက ထပ်ပြီး ထုတ်လိုက်ပါတယ်။ မီဇိုရမ်ပြည်နယ် အစိုးရရဲ့ကန့်သတ်ချက်တွေအကြောင်း သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပါမယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် မြောက်ပိုင်း စစ်ဘေးရှောင်တွေထဲမှာ တောတောင်တွေထဲ မြွေကိုက်ခံရသူတွေရှိနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။စစ်ကိုင်းတိုင်းအခြေအနေ သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပါလိမ့်မယ်။
လုံခြုံရေးနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေ မြန်မာဘက်မှာ ရေရေရာရာမရှိသေးသရွေ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ် အစိုးရက အိန္ဒိယ ဗဟိုအစိုးရကို ပြောလိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေမှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးနေတာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်က နောင်လိုင်ရွာမှာ RCSS /SSA ဘက်က တပ်သားစုဆောင်းနေလို့ ဒေသခံတွေထွက်ပြေးနေရပြီး ကျောင်းတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာရဲ့တဖက်စီမှာ RCSS နဲ့ SSPP လက်နက်ကိုင် ၂ဖွဲ့ကြား ဒေသခံတွေမှာ သတိနဲ့နေနေရတယ်လို့ ပြောပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးငယ်တွေ ထိခိုက်သေကျေမှုတွေနဲ့ မြေဇာပင်ဖြစ်နေကြရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စစ်ကောင်စီကို တနင်္ဂနွေနေ့က တိုက်တွန်းချက်ဟာ ကြိုဆိုရမယ့်အချက်လို့ သုံးသပ်သူတချို့က ယူဆကြပေမယ့်လည်း ခိုင်ခိုင်မာမာရလဒ်မျိုး ထွက်လာနိုင်ပါ့မလားဆိုတာ သတိထားစောင့်ကြည့်ရမယ်လို့ ပြောဆိုကြပါတယ်။ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။
.လောင်စာဆီဈေး၊ ဓာတ်မြေဩဇာဈေးတွေက တရိပ်ရိပ်တက်လာတဲ့အတွက် အခုနှစ်မိုးရာသီမှာ စပါးစိုက်ဖို့ အတော်လေးစဉ်းစားခဲ့ရတယ်လို့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကလယ်သမားတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ခင်မောင်စိုးမင်း က ပြောပြမှာပါ။
တရုတ် - မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ်-ကျင်စန်းကျော့ဂိတ်ကို မေလ ၁၆ ရက် တနင်္လာနေ့ကစပြီး မြန်မာကုန်တင်ယာဉ်တွေ ဝင်ထွက်ခွင့် ပြန်ပေးလိုက်ပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က အငှားယာဉ်မောင်းနဲ့သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့်လုပ်ဖို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာရှိတဲ့ ရွှေဆိုင်အတော်များများမှာ ရွှေအတုံး၊ အကျစ်ထည်တွေ ဒီရက်ပိုင်းထဲ အရောင်းရပ်ထားပြီး၊ အလျော့တွက်ပါတဲ့ ရွှေထည်တွေကိုသာ ရောင်းချပေးနေပါတယ်။ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးကနေ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ရှုတ်ချကြပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးရေးကို ချိုးဖောက်လိုက်တဲ့ နောက်ထပ် အဓိက ခြေလှမ်းဖြစ်တယ်လို့ ဥရောပသမဂ္ဂ ပြောခွင့်ရှိသူက ကြေညာချက်ထုတ်ပါတယ်။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဝေလမူရွာကို သောကြာနေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ်က အခြေအနေ ကိုခင်မောင်စိုးမင်း က ပြောပြပေးပါမယ်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အားတွေ ထပ်တိုးနေသလို၊ KIA ၊ PDF တပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေတာကြောင့် ဒေသခံပြည်သူတွေ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကချင်ပြည်နယ်က အခြေအနေ ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ သိန္နီမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်သားသစ်စုဆောင်း နေတဲ့လုပ်ရပ်ကြောင့် တချို့ ရပ်ရွာကနေတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို ရှမ်းပြည်နယ်ဘက်က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပေးမှာပါ။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှု အမှတ်တရ Holocaust ပြတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်အဖွဲ့တဖွဲ့လာရောက်လေ့လာကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုခင်မောင်စိုးမင်း ကနေ အဲဒီပြခန်းရှေ့ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအစီအစဉ်တခု လုပ်သွားနိုင်ဖို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ထိုင်းနိုင်ငံမှာ ဆွေးနွေးနေကြပါတယ်။
အခုအခါမှာ မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာ ခိုင်းနွားတွေ ရှားပါးနေတဲ့အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် ထိခိုက်နေကြရပါတယ်။
နောက်ထပ်ကြည့်ရှုရန်