တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ နယ်မြေမှာ လက်နက်ကိုင် ပဋိပက္ခတွေမဖြစ်အောင် တပ်မတော်အနေနဲ့ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ပြောဆိုချက်ကို KNU အထွေထွေအတွင်းရေးမှူး ဖဒိုတာဒိုမှူး က ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသ ကျော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်လို့ ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပါမယ်။
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနားကို မတ်လ ၂၂ ရက်နေ့က ဖြတ်သန်းတိုက်ခတ်တဲ့ အင်အားကောင်း မုန်တိုင်းငယ်ဟာ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ရခိုင်ကမ်းရိုးတမ်း တောင်ပိုင်းနားကို ရောက်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းသတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူလယ်သမားတွေဟာ မိမိပိုင် စိုက်ပျိုးမြေတွေ အားလုံးကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ပလပ်မြေ၊ မြေလွတ်တွေအဖြစ် ထားရှိနေကြရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်မှာ ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ (၃၀၀၀)ခန်သာ စာရင်းတင်ထားတယ်လို့ ပြည်နယ်ပညာရေးတာဝန်ခံကပြောပါတယ်။ ချင်းပြည်နယ်ရဲ့ပညာရေးအခက်ခဲအခြေအနေကိုတော့ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ အရင်ကတည်းက အလုပ်သမား မလုံမလောက် ဖြစ်နေတာကနေ အခုအခါမှာတော့ ပိုမိုဆိုးဝါးလာပြီး ရှားပါးတဲ့အဆင့်ကို ရောက်နေပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနီးအနားရပ်ကွက်နဲ့ ကျေးရွာပြည်သူ ၃ဝဝ ကျော် မိုးမောက်မြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ တိုက်ပွဲတွေဖြစ်လာမှာ စိုးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ပြည်ပက တရားဝင်လုပ်သား သောင်းနဲ့ချီ ခေါ်ယူမယ်လို့ ထိုင်းအစိုးရကကြေညာခဲ့ပြီးနောက် MOU နဲ့ မြန်မာနိုင်ငံဘက်က အလုပ်သမားတွေ သွားဖို့ အသင့်ဖြစ်နေပြီလို့ အလုပ်သမားရေးဌာန တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီဖြစ်ဖို့ နှစ်နိုင်ငံကြား ညှိနှိုင်းနေရတယ်လို့ပြောပါတယ်။
ချင်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အိန္ဒိယဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့သူတွေထဲက သက်ကြီးရွယ်အိုပိုင်း သေဆုံးသူတွေ များလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
AA အခြေစိုက်တဲ့ ရခိုင်မြောက်ပိုင်းမှာ ခရီးသွားတွေကို စစ်တပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဒေသခံတွေ အခက်တေ့ွနေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာ တဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တနှစ်အကြာမှာ အဓိက လယ်ယာမြေအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ အခြေအနေဟာ ကျဆင်းနေတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
မြန်မာပြည်တွင်းမှာ ပဋိပက္ခတွေနဲ့ ကပ်ဘေးကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုကြီးပြီး ဒီနှစ်အတွင်း စီးပွားတိုးတက်မှုဟာ ဆိုးဆိုးဝါးဝါးအားနည်းနေမယ်လို့ ကမ္ဘာဘဏ်ကသုံးသပ်ပါတယ်။ ရန်ကုန်ကရေးသားပေးပို့တဲ့သတင်းကို ကိုရဲမွန် က ပြောပြမှာပါ။
နိုင်ငံရေးအကျဉ်းသား အများအပြားရှိနေတဲ့ မုံရွာအကျဉ်းထောင်မှာ လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်မှုတွေဖြစ်နေတယ်လို့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။ ရန်ကုန်ကလာတဲ့ မုံရွာအကျဉ်းထောင်တွင်း အခြေအနေတွေကိုတော့ ကိုခင်မောင်စိုးမင်း ကတင်ပြပေးမှာပါ။
မကွေးတိုင်း ဂန့်ဂေါခရိုင် စန်းမြို့ရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတဲ့အတွက် နေအိမ် ၁ဝဝ ကျော်မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။
ချင်းပြည်နယ် တွန်းဇံမြို့နယ်ဘက်မှာ ချင်းပူးပေါင်းတပ်ဖွဲ့နဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ခွဲထွက်ရေး ကသည်းသူပုန်တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ဘက်ကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ချင်းပြည်နယ်ဘက် စစ်ရေးအခြေအနေကို ကိုခင်မောင်စိုးမင်းကပြောပြပါမယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းက ဒလက်ချောင်းကျေးရွာအုပ်စု အတွင်းသို့ ဆန်တင်သွင်းမှုတွေကို ကန့်သတ်ထားတာကြောင့် ဆန်ရိက္ခာတင်ယူဖို့ ခက်ခဲနေကြနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။
မလေးရှားနိုင်ငံက ဒေသတချို့မှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅ သောင်းထက်မနည်း ဘေးလွတ်ရာပြောင်းရွှေ့ နေရသူတွေထဲ မြန်မာလုပ်သားတွေလည်း ပါဝင်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါနယ်ထဲက နှမ်းခါးကျေးရွာမှာ စစ်ကောင်စီက ဆက်လက်တပ်စွဲထားသလို ကလေးဘက်ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်