အမေရိကန် ဒုသမ္မတ Kamala Harris COVID-19ကူးစက်ခံနေရတဲ့ အကြောင်းထုတ်ပြန်ပါတယ်။ COVID-19 ရောဂါ ကုသဆေးကို လူအများသုံးနိုင်လာနိုင်အောင် ပမာဏများများ ထုတ်လုပ်နိုင်မယ့် အစီအစဉ်တရပ် သမ္မတ ဘိုင်ဒန် အစိုးရက ချပြလိုက်တဲ့နေ့မှာပဲ ဒုသမ္မတ ကိုဗစ်ကူးခံရတဲ့အဖြေ ထွက်လာတာပါ။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ယူကရိန်း စစ်ပွဲနောက်ပထမဆုံးအကြိမ်အမေရိကန်အစိုးရ ထိပ်တန်း ဝန်ကြီး နှစ်ဦး ယူကရိန်းကို သွားရောက်ခဲ့ပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ မြို့တော် Kyiv မှာ တွေ့ဆုံခဲ့သလို၊ ယူကရိန်းအတွက် နောက်ထပ် လက်နက် အကူအညီ အမြောက်အများ ပေးအပ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
“အဂတိတိုက်စားမှုနဲ့ တခြားဆက်စပ်ဥပဒေအရ ထောင်ဒဏ် ၅ နှစ်ချမှတ်ပါတယ်။ ကျန်တဲ့အမှုတွေဆက်စစ်ပါမယ်။ အဂတိလိုက်စားမှုနဲ့ပတ်သက်တာတွေ ရှိသေးတယ်။ နောက် အဆောက်အဦးတွေ မြေတွေနဲ့ပတ်သတ်တာ တွေရှိသေးတယ်။ ... ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ကျနော်တို့ ထိန်းသိမ်းထားတဲ့ အရင်နေရာမှာပဲ ရှိနေပါတယ်။”(ဗိုလ်ချုပ် ဇော်မင်းထွန်း)
အမေရိကန်ပြည်ထောင်စုက ဗလီတွေမှာ ရာမဒန် ကာလမှာ စုဝေး စားသောက်တာအစား အစားအသောက်တွေကို ကားနဲ့ လာယူနိုင်အောင် စီစဉ်ပေးတာတွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာပါတယ်။ အမေရိကားရောက် မြန်မာ မွတ်ဆလင်တွေရော ရာမဒန်ကို ဘယ်လို ဆင်နွှဲနေကြသလဲ ဆိုတာ မခင်ဖြူထွေးကစုစည်း တင်ပြထားပါတယ်။
တူရကီနိုင်ငံမှာ အမျိုးသမီး ဖြစ်လို့သတ်ဖြတ်ရမှုအဆိုးဆုံးအခြေအနေဖြစ်နေပြီးရပ်တန့်အောင်လှုပ်ရှားနေကြတဲ့အထဲမှာ “We Will Stop Femicide Platform” ဆိုတဲ့အဖွဲ့ကတော့အထင်ရှားဆုံး ဖြစ်ပါတယ်။ ဒီအဖွဲ့ကိုအစိုးရရှေ့နေတွေကတရားရုံးမှာတိုင်ကြားပြီးရပ်တန့်အောင် လုပ်နေပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်
“အခု ဒီရွာထဲမှာလူ မရှိတော့သလောက်ပဲ။ ဒီမနေ့ညကတည်းကကို လက်နက်ကြီးသံတွေ ကြားပြီးတော့ တချို့ရော်ဘာခြံထဲမှာ ကျတာတွေ ရှိတယ်လေ။ မလုံခြုံတော့ ရွာတော်တော်များများ အကုန်လုံးနီးပါးပေါ့နော် ထွက်သွားကြတယ်။ ခလယ် တံခွန်တိုင်ရယ်၊ နန်းသိုင်းထွန်ရွာကြီးဆိုတော့ လူက ထောင်နဲ့ ချီရှိမယ်။ (ရွာခံတဦး)
ပြင်သစ်နိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ် နဂါးခေါင်းနဲ့ စက်ရုပ်မြင်းကြီး တကောင် မြို့ထဲလှည့်လည်၊ အရသာ ပိုရှိအောင် စွမ်းအောင်ပေးနိုင်တဲ့ တူတမျိုး ဂျပန်နိုင်ငံက တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျနော်ကိုယ်တိုင်တွေ့ပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးဆီ တက်ရောက်ပေးကြပါ။” (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် တဝိုက်မှာရှိတဲ့ ရဲ နဲ့ မီးသတ်တပ်ဖွဲ့တွေ အတူ လက်တွဲပြီး ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပို့ပေးနေပါတယ်။ ဒီအကြောင်း Anna Kosstutschenko ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပဋိပက္ခတွေ ဖြစ်နေတဲ့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံ စလုံးဟာ ကမ္ဘာပေါ်မှာ ဂျုံ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲကြောင့် ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ တိုးမြှင့် ချမှတ် လာတာမှာတော့ ကမ္ဘာ့ဂျုံဈေးတွေ တက်သွား ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဘရားဇီးလ်မှာ စွန့်ပစ်ခံထားရလို့ ကယ်ယူထားတဲ့ ခွေးလေး ၂ ကောင် အွန်လိုင်းမှာ နာမည်ကျော်ကြား လူကြိုက်များ၊ ဂျာမနီနိုင်ငံ ဘာလင်မြို့က တိရိစ္ဆာန်ရုံမှာ ကမ္ဘာ့အသက်အကြီးဆုံး မျောက်ဝံကြီး ဧပြီ ၁၃ မှာ အသက် ၆၅ နှစ်ပြည့်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစလို့ အန္တရာယ်များတဲ့ အခြေအနေတွေ ကြားမှာပဲ ယူကရိန်း ဆရာဝန်တွေကတော့ ထိခိုက်ဒဏ်ရာရသူတွေကို တတ်နိုင်သမျှ အသက်တွေကို ကယ်တင်ဖို့ ကြိုးစားနေကြပါတယ်။ စစ်ပွဲတွေကြား ကုသပေးနေတဲ့ ဆရာဝန်တချို့ကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ဘေး ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ လတ်တလော ဖြေလျှော့ပေးထားတာကြောင့် ဒီနှစ် ရာမဒန် ကာလမှာ မွတ်ဆလင်တွေ လူစုလူဝေးလိုက် ဝတ်ပြုတာ၊ ဝါထွက် ညစာ အတူစားတာတွေ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လုပ်လာနိုင်ပါတယ်။ Yuni Salim ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ယူကရိန်းကို လက်နက်သစ်တွေ ပို့ပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီလ ၇ ရက်နေ့က ပြောပါတယ်။ NATO မဟာမိတ်အဖွဲ့ အစည်းအဝေး နဲ့ G-7 ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲတွေ အပြီး အဲ့ဒီလို ပြောခဲ့တာပါ။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခဲ့ကြတဲ့ ယူကရိန်း ဒုက္ခသည် ၄ သန်းကျော်ရှိပြီး ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
အမေရိကန်လွှတ်တော်အဆောင်အဦးနား မြေခွေးတကောင်သောင်းကျန်း၊ ဂျပန်မှာ တီထွင်တဲ့ စက်ရုပ် ၃ မိနစ်အတွင်း ငှက်ပျောသီးအခွံခွာနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ယူကရိန်းBucha မြို့မှာ ရုရှားတပ်ဖွဲ့တွေရဲ့သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၀၀ ထက်မနည်း သေဆုံးခဲ့ရပြီးတချိန်က နာဇီဂျာမနီတွေကို ခုံရုံးတင် စစ်ဆေးခဲ့တဲ့ Nuremberg ပုံစံ ရုရှားကို စစ်ရာဇဝတ်မှုနဲ့ အရေးယူပေးဖို့ ယူကရိန်းသမ္မတ Zelenskyy က တောင်းဆိုခဲ့ပါတယ်။ မခင်ဖြူထွေးကတင်ပြပါမယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံထဲကနေ ထွက်ပြေးနေသူတွေထဲမှာ အများစုက အမျိုးသမီးတွေ၊ မိခင်တွေ နဲ့ ကလေးငယ်တွေ ပါ။ ဒုက္ခသည်တိုင်းမှာကိုယ်စီကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ ရှိကြသလို၊ တိုင်းပြည် ပြန်လည် ငြိမ်းချမ်းလာဖို့ အနာဂတ် မျှော်လင့်ချက်တွေလည်း ရှိနေကြပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အသစ်ထုတ်ပြန်လိုက်တဲ့အစိုးရဘတ်ဂျက်မှာမိသားစုဝင်ငွေ တနှစ် ဒေါ်လာသန်း ၁၀၀ ကျော် ရှိသူတွေကိုဝင်ငွေခွန်အနိမ့်ဆုံး၂၀ % ကောက်ယူဖို့ အဆိုပြုထားပါတယ်။ ဒီအဆိုပြုချက်ဒီနှစ်ထဲတရားဝင်ဖြစ်လာဖို့ လိုအပ်တဲ့ထောက်ခံမှုရမယ့်အခြေအနေတော့ မရှိသေးပါဘူး။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဗီယက်နမ်လက်သမားတယောက်ဟာ အမေရိကန်ဒေါ်လာ သောင်းချီအကုန်ခံပြီးတော့ မီနီ ဘက်စ်ကား တစီးကို တင့်ကား အဖြစ်ဘဝပြောင်းပေး၊ တောင်ကိုရီးယားမှာ ဆေးပညာရှင်တွေ၊ ဆရာဝန်တွေကပဲ ဆေးမှင်ကြောင်ထိုးပေးရမယ်လို့ပြော၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်