အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး မက်ဒလင်းအောဘရိုက်ဟာ မတ်လ ၂၃ ရက်နေ့က ကင်ဆာရောဂါနဲ့ အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အမေရိကန်နဲ့ ကမ္ဘာတဝန်းက အမျိုးသမီးတွေအတွက် လေးစား အတုယူစရာ ဖြစ်ခဲ့တဲ့ ဝန်ကြီး အောဘရိုက်အကြောင်း မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာရှိတဲ့ ယူကရိန်းဒုက္ခသည်တွေကို စိစစ်လက်ခံတဲ့ စင်တာမှာ နေ့စဉ် အသစ်ရောက်လာတဲ့ ဒုက္ခသည် ၂၀၀၀ ဝန်းကျင်လောက် ရှိပြီး အများစုက စစ်ပွဲကနေ ထွက်ပြေးလာကြတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ Valentina Vasileva ပေးပို့တဲံသတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဥရောပ သံတမန် ခရီးစဉ်မှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို “အာဏာမှာ ဆက်မရှိသင့်တော့တဲ့သူ” လို့ ပြောခဲ့တဲ့ စကားက အများသတိပြုမိစရာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ဆက်ပြောပြပေးပါမယ်။
တရုတ်နိုင်ငံကို အသီးအနှံတင်ပို့တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက လယ်သမား အများအပြား ကိုဗစ်ကာလ အသွားအလာ ပိတ်ဆို့မှုတွေ ကြောင့် စားဝတ်နေရေး အခက်အခဲ ဆက်ကြုံနေရပါတယ်။ ဗွီအိုအေ ဗီယက်နမ်နဲ့ ခမာဌာနတွေက ရရှိတဲ့ သတင်းတွေကို စုစည်းပြီး မခင်ဖြူထွေး တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ခေါက်ဆွဲခြောက်ဆိုင်မှာ ခေါက်ဆွဲအမျိုးပေါင်း ၇၀ ကျော်ရနိုင်၊ ရှီကာဂိုမြို့ အရုပ်ကုမ္ပဏီ ယူကရိန်းသမ္မတ ဇလန်းစကီး ပုံတူ လယ်ဂိုတုံး အရုပ်ထုတ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က House of Fine Art အနုပညာ ပြတိုက်မှာ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဖန်တီးမှု လက်ရာတွေကို သီးသန့် ခင်းကျင်း ပြသတဲ့ ပြပွဲတခု မတ်လထဲမှာ ကျင်းပခဲ့ပါတယ်။ ဒီ အထူးပြပွဲအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံထဲမှာ ကျူးကျော်တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့လကစလို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို လေ့လာတွေ့ရှိရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံမှုရှိအောင် လုပ်သွားမယ်လို့လည်း ကတိပြု ပြောဆိုပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် ဖိနှိပ် ညှဉ်းပမ်း သတ်ဖြတ်မှုတွေဟာ genocide လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
ဂျပန်မှာ ခေါက်ဆွဲတွေကို အထုပ်ထဲထည့်ပေးတဲ့ လူတုစက်ရုပ်၊ အီတလီမှာတော့ အဝေးက ထိန်းချုပ်ပြီး လူရဲ့ လှုပ်ရှားမှုအတိုင်း လိုက်လုပ်နိုင်တဲ့ စက်ရုပ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
“သက်ဆိုင်တဲ့သူအားလုံးဆိုတဲ့အထဲမှာ လူပုဂ္ဂိုလ်တဦးကပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုလား၊ ကျနော်မေးချင်တာက။ NLD ပါတီသည် စတင်ဖွဲ့စည်းထူထောင်တုန်းက ဘယ်သူတွေနဲ့ ထူထောင်ခဲ့တာလဲ။ NLD ပါတီကို တဦးတယောက်တည်းကပဲ ထူထောင်ခဲ့တာလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှပဲ NLD ပါတီကို ကိုယ်စားပြုတာလား။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
တရားမမ ျှတမှု၊ ကျား-မ အခြေခံ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ပြီး ပိုမို ပွင့်လင်းငြိမ်းချမ်းတဲ့ လူ့ဘောင်အသိုင်းအဝိုင်း ပေါ်ပေါက်လာရေး ကြိုးပမ်းနေတဲ့ မြန်မာအပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီး ၁၂ ဦးကို အမေရိကန် နိုင်ငံခြားရေးဌာနက ဒီနှစ်အတွက် အမျိုးသမီး ရဲစွမ်းသတ္တိရှင်တွေအဖြစ် ဂုဏ်ပြုလိုက်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ စစ်ရေး အထောက်အပံ့တွေ ပိုမို ပေးအပ်ဖို့ ပန်ကြားခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းကို စောင့်ကြည့်သူတွေထဲမှာတော့ ဝါရှင်တန်မြို့မှာ ရှိနေတဲ့ ၁၆ နှစ်အရွယ် ယူကရိန်း အထက်တန်းကျောင်းသူ တဦးလည်း ပါဝင်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အကျင့်ပျက်ခြစားမှု၊ ကျား-မအခြေခံခွဲခြားဆက်ဆံမှုတွေနဲ့အကြမ်းဖက်မှုတွေတိုက်ဖျက်ပြီးငြိမ်းချမ်းပြီးပိုမိုပွင့်လင်းတဲ့လူဘောင်အသိုင်းအဝိုင်းတွေ ဖြစ်လာရေးကြိုးပမ်းအားထုတ်နေကြတဲ့ကမ္ဘာတဝန်းကအမျိုးသမီး ၁၂ဦးကိုအမေရိကန်နိုင်ငံခြားရေးဌာနကအမျိုးသမီးရဲစွမ်းသတ္တိရှင်တွေအဖြစ်ဂုဏ်ပြုလိုက်ပါတယ်။ မခင်ဖြူထွေးပြောပြပေးပါမယ်။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်လို့ ယူကရိန်းပြည်သူသန်းနဲ့ချီထွက်ပြေးနေကြ ရပါတယ်။ ယူကရိန်း ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ အများဆုံးရှိနေတဲ့ ပိုလန်နိုင်ငံ Medyka ကျေးရွာကို ဗွီအိုအေသတင်းထောက် Celia Mendoza ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ပါတယ်။ မခင်ဖြူထွေးတင်ပြပေးပါမယ်။
အိန္ဒိယအမျိုးသားတဦးက ကွမ်းသီးပင်တက်တဲ့ စက်တီထွင်၊ အမေရိကန်ပြည်ထောင်စုမှာ ပန်းကန်ပြားပျံလို ဒေါင်လိုက်ပျံသန်းနိုင်တဲ့ မိုးပျံယာဉ်အပြားထုတ်ဖို့ စမ်းသပ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မတ်လ ၈ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေ ပုံစံ အမျိုးမျိုးနဲ့ အထိမ်းအမှတ်ပြု ဆင်နွှဲခဲ့ကြပါတယ်။
“မြောက်နုံးဘက်တက်သွားတော့ မပြေးနိုင်မလွားနိုင်တဲ့သူ ၈ ယောက်ကို ဓားစာခံ ဒါမှမဟုတ် လမ်းပြအဖြစ်နဲ့ သူတို့က ဖမ်းသွားတဲ့အနေအထားရှိတယ်။ ခုဖမ်းခံရတဲ့ အရပ်သားတွေက မြောက်နုံးထဲမှာ ဒါမှမဟုတ် အခုဒီ စစ်သားတွေ ရောက်သွားတဲ့ နတ်ထောင့်အရှေ့ရွာ အဲ့ဒီကိုလည်း ပါကောင်းပါသွားနိုင်တယ်လို့ ယူဆထားတယ်ဗျ။” (ဒေသခံ)
ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေ ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့တာနှစ်ပတ် ရှိလာခဲ့ပြီးနောက်မှာတော့ ပြန်လည်ခုခံနိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထပ်တိုး ကူညီပေးကြဖိ့ု ယူကရိန်း နိုင်ငံသားတွေက ပန်ကြား တောင်းဆိုနေပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်လို့ တပတ်အတွင်း ယူကရိန်း ပြည်သူ သန်းနဲ့ချီ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ကြရသလို၊ သေဆုံး၊ ဒဏ်ရာ ရသူ ထောင်နဲ့ချီ ရှိပါတယ်။ ရုရှားသမ္မတ ပူတင်အကြောင်း တစေ့တစောင်းကိုတော့ အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေး က တင်ပြပေးပါမယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါအဝင်ကမ္ဘာ့နိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်လာတာ ကြောင့် ရုရှား စီးပွားရေး ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်တွေက ပြောပါတယ်။ ရုရှား ငွေကြေးတန်ဖိုး ၃၀ % နီးပါးစံချိန်တင်ကျဆင်းပြီး စတော့ရှယ်ယာ ဈေးကွက် ယာယီ ပိတ်ပစ်ခဲ့ရပါတယ်။ မခင်ဖြူထွေး တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်