သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲတွေကြားက ယူကရိန်း အမျိုးသမီးနဲ့ ကလေးငယ်များ (အမျိုးသမီးကဏ္ဍ)


ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခဲ့ကြတဲ့ ယူကရိန်း ဒုက္ခသည် ၄ သန်းကျော်ရှိပြီး ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

[Zawgyi]

ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခဲ့ကြတဲ့ ယူကရိန်း ဒုက္ခသည် ၄ သန်းကျော်ရှိပြီး ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အရွယ် မရောက်ကြသေးတဲ့ သူတို့ရဲ့ သားသမီးတွေကို ကာကွယ်ပေးဖို့နဲ့ ကလေးငယ်တွေရဲ့ အနာဂတ် ဆက်လက် ရှင်သန်နိုင်ဖို့ အတွက် ထွက်ခွာခဲ့ကြတာလို့ အများစုက ပြောပါတယ်။ စစ်ပွဲတွေအတွင်း ကြုံတွေ့ရတဲ့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ စိတ်ဒဏ်ရာတွေဟာ အထူးသဖြင့် ကလေးငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ရေရှည် ထိခိုက်မှုတွေ ရှိနိုင်တယ် ဆိုတာကို ကျွမ်းကျင်ပညာရှင်တွေ ကလည်း သတိပေးထားပါတယ်။ ယူကရိန်း စစ်ပွဲအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ ကြုံတွေ့ရတဲ့ အခြေအနေတွေထဲက တချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက် ထားပါတယ်။

ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့တဲ့ ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံထဲကနေ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည် ၄ သန်းကျော် ရှိနေပြီး နောက်ထပ် ၆ သန်းကျော်ဟာလည်း နိုင်ငံတွင်းမှာ အိုးအိမ်မဲ့ ဒုက္ခကြုံတွေ့ နေကြရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။ အများစုက အရွယ်စုံ မျိုးဆက်နဲ့ချီတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။

ဒီအထဲမှာ အဖွား Vira Pavlina လည်း ပါ ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေအထိ သားသမီး မြေးမြစ်တွေနဲ့ Kyiv မြို့မှာ နေထိုင်ခဲ့တဲ့ အဖွား Pavlina ဟာ ခုတော့ အိမ်နီးချင်း ပိုလန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလုံနေရပါတယ်။ အရွယ်မရောက်သေးတဲ့ သူ့မြေးတွေ ဘဝ မဆုံးရအောင် သူတို့နဲ့အတူ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့တာလို့ အဖွား Pavlina က ပြောပါတယ်။

“ယူကရိန်းကို ဗုံးကျဲ တိုက်ခိုက်ပြီး ကျေးရွာတွေကို ပစ်ခတ် တိုက်ခိုက်တဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးရတာပါ။ ကြောက်စရာ ကောင်းတဲ့ လုပ်ရပ်တွေကြောင့် လူတိုင်း ဘေးလွတ်ရာ ပြေးကြရပါတယ်။ တတ်နိုင်သလောက်တော့ မိသားစုတွေ တစုတစည်းတည်း ဖြစ်အောင် ကြိုးစားတာပါပဲ။ အပြစ်မရှိတဲ့ ကလေးတွေရဲ့ အသက်တွေ မဆုံးရှုံးရအောင် ခုလို ထွက်ပြေးလာခဲ့ရတာပါ။”

အိမ်နီးချင်း ပိုလန် နိုင်ငံတခုတည်းမှာတင် ယူကရိန်း ဒုက္ခသည် ၂ သန်းကျော် ရှိနေပါတယ်။ ဒုက္ခသည်တိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတဲ့ နာကြင်စရာ ဖြစ်ရပ်တွေ ရှိနေတာပါ။ အများစုကတော့ သူတို့ရဲ့ သားသမီး မြေးမြစ်တွေရဲ့ ဘဝတွေကို ထည့်သွင်း စဉ်းစားပြီး နေရပ်ကနေ မထွက်ခွာချင်ဘဲ ထွက်ခွာခဲ့ ကြရပါတယ်။ ကလေးနှစ်ယောက် မိခင် Yulia Usik က ခုလို ပြောပြပါတယ်။

"ဗုံးကျဲ တိုက်ခိုက်တာတွေ ၁၃ ရက် ကြုံခဲ့ရပါတယ်။ နောက်ဆုံး ကျမ ယောက်ျားက ကလေးတွေ စိတ်ဒဏ်ရာ ရမှာ စိုးရိမ်ပြီး မြို့ကနေ ထွက်ဖို့ ကျမကို ပြောပါတယ်။ အမျိုးသားကတော့ Kyiv မှာပဲ နေခဲ့ပါတယ်။ သူ့အသက်က ၃၃ နှစ်ပါ။ ကျမတို့ဆီ သူ ပြန်လာမယ်လို့တော့ ကတိပေး တာပါပဲ။”

Anna Pilyavskaya ကတော့ သူ့သမီးငယ်နဲ့အတူ Kyiv မြိ့ကနေ ဟန်ဂေရီနယ်စပ် ဖြတ်ကျော် ထွက်ပြေးလာခဲ့ပြီး ခုတော့ ဘယ်လ်ဂျီယံနိုင်ငံမှာ ခိုလုံ နေထိုင်ခွင့် ရဖို့ စောင့်နေပါတယ်။

“မိဘတွေကိုရော၊ ကျမ အမျိုးသားကိုရော မထားခဲ့ချင်လို့ စောင့် နေခဲ့ပါသေးတယ်။ ဒါပေမဲ့ တနေ့တခြား အခြေအနေက ဆိုးလာတော့ သမီး ဒုက္ခမရောက်အောင် ထွက်မှ ရလိမ့်မယ် ဆိုပြီး အမျိုးသားက ပြောပါတယ်။ ဒီလိုနဲ့ ကားပေါ် တက်ပြီး ထွက်လာခဲ့ရတာပါပဲ။”

Kyiv မြို့ကနေ ဟန်ဂေရီ နယ်စပ်အထိ ရောက်ဖို့ကိုပဲ ၃ ရက်လောက် အချိန်ယူ လာခဲ့ရတယ်လို့ Pilyavskaya က ပြောပါတယ်။

“ဗုံးကျဲခံရ၊ ဒဏ်ရာ ရတာမျိုးတွေ မကြုံရအောင် စစ်ရေးလှုပ်ရှားမှုရှိနေတဲ့ နေရာတွေကို ရှောင်ပြီး ဘေးကင်းနိုင်မယ့် လမ်းကြောင်းကို စီစဉ်ရပါတယ်။ လမ်းကျဉ်းတာကို ရွေးပြီး ညဘက်မှာလည်း ကိုယ်သိတဲ့သူတွေနဲ့ပဲ နေပြီး ခရီးဆက်ခဲ့တာပါပဲ။ တနေ့ကို ၁၅၀ ကီလိုမီတာထက် ပိုမောင်းလို့ မရခဲ့ပါဘူး။”

ခုတော့ ပီလက်ဖ်စကာယာ တို့ သားအမိဟာ ခင်ပွန်းဖြစ်သူရဲ့ မိတ်ဆွေ အကူအညီနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ ရောက်နေပြီး ဘဝ ပြန်လည် စတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့လိုပဲ အခြေချ နေထိုင်ခွင့်ရဖို့ ဘရက်ဆဲလ်မြို့က ဒုက္ခသည် စိစစ်လက်ခံရေးဌာနမှာ လာရောက် စာရင်းပေးတဲ့ ယူကရိန်းဒုက္ခသည် နေ့စဉ် ၂ ထောင်ကျော် ရှိနေတယ်လို့ ဘယ်လ်ဂျီယံ အရာရှိတွေက ပြောပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ပေးကြတယ် ဆိုပေမဲ့လည်း နေထိုင် စားသောက်ရေးနဲ့ အလုပ်အကိုင် ရရှိဖို့မှာတော့ အခက်အခဲတွေ ရှိနေတယ်လို့ ပီလက်ဖ်စကာယာ က ပြောပါတယ်။

“အဓိက အခက်အခဲက ဘာသာစကားပါ။ ကျမဆိုရင် ကျောင်း ဆရာမ ဆိုတော့ ကလေးထိန်းတာနဲ့ သန့်ရှင်းရေး အလုပ်လောက်ပဲ လုပ်လို့ရမှာပါ။ ကျမမှာ ရှိထားတဲ့ ပညာအရည်အချင်းနဲ့ လုပ်ငန်းကျွမ်းကျင်မှုက ဒီမှာ အလုပ်မဖြစ်ပါဘူး။”

ခုလို အခြေအနေကြုံရတာ ပီလက်ဖ်စကာယာ တယောက်တည်း မဟုတ်ပါဘူး။ သူ့လို ရင်ဆိုင်နေရတဲ့ ယူကရိန်း ဒုက္ခသည်တွေ ပိုလန်၊ ဘယ်လ်ဂျီယံနဲ့ တခြား ဥရောပနိုင်ငံတွေမှာ သန်းနဲ့ချီ ရှိနေတာပါ။ ဒီလို အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး လွတ်မြောက်သူတွေ ရှိသလို၊ ယူကရိန်း နိုင်ငံတွင်းမှာပဲ အိုးအိမ်မဲ့ ဒုက္ခရောက်နေကြ သူတွေကလည်း သန်းနဲ့ချီ ရှိပါတယ်။

သိပ်မကြာခင်ကပဲ ရုရှားတပ်တွေ ဆုတ်ခွာ သွားခဲ့တဲ့ Kyiv မြို့တော် အနီးက Bucha မြို့မှာ ရုရှားတပ်ဖွဲ့တွေရဲ့ ညှင်းပမ်း နှိပ်စက်၊ မီးရှို့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံ အရပ်သားတွေ ရာနဲ့ချီ တွေ့ခဲ့ရပြီး ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တချို့လည်း ပါ ပါတယ်။ Bucha ကနေ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ပြီးတဲ့နောက် အသက်မသေ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ကျမ အိမ်နီးချင်းတွေ အဲ့ဒီနေရာမှာ မြေမြှုပ်ခံခဲ့ရတယ်။ ဘေးချင်းကပ် နေခဲ့တဲ့ အိမ်နီးချင်းတွေပါ။ ရုရှားစစ်သားတွေက သူတို့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရလို့ အထက် အမိန့်နဲ့ အခုလို လုပ်တာလို့ ပြောပါတယ်။ ကျမတို့က သူတို့ကို တိုက်ခိုက်လို့ သူတို့က ပြန် ပစ်တာလို့ ပြောပါတယ်။ ကျမတို့ တိုက်ခန်းက လူ နှစ်ယောက် ပစ်သတ်ခံရပါတယ်။ တယောက် သေသွားပါတယ်။ တယောက်ကတော့ ဒဏ်ရာ ရပြီး Kyiv မြို့ နားက ဆေးရုံမှာပါ။”

ရုရှားတပ်ဖွဲ့တွေ Bucha မြို့ကနေ ထွက်ခွာသွားပြီးတဲ့နောက် ကြိုးနဲ့တုပ် ညှင်းပမ်း နှိပ်စက်ခံရသူ၊ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရသူ၊ မီးရှို့ သတ်ဖြတ်ခံရသူတွေနဲ့ သေနတ်နဲ့ ပစ်သတ်ခံရသူတွေရဲ့ အလောင်းတွေ မြို့အနှံ့ နေရာ အများအပြားမှာ ပြန့်ကျဲနေတာကို လူ့အခွင့်အရေး အဖွဲ့တွေနဲ့ သတင်းသမားတွေ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ကြတာပါ။ ရုရှားတပ်ဖွဲ့တွေရဲ့ ညှင်းပမ်း နှိပ်စက် သတ်ဖြတ်မှုကြောင့် Bucha မြို့မှာ အရပ်သားပြည်သူ ၃၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ Bucha မြို့ကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့တဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ စွပ်စွဲပြီး နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးမှုတွေနဲ့ ရုရှားကို အရေးယူပေးဖို့လည်း သမ္မတ Zelenskyy က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တောင်းဆိုထားပါတယ်။

ယူကရိန်းနိုင်ငံတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း အထူး စိုးရိမ်နေကြတာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်သလို၊ စစ်ပွဲတွေကြား ပုန်းအောင် တိမ်းရှောင်နေရတဲ့ ကလေးငယ်တွေ၊ စစ်ရဲ့ အန္နိဌာရုံတွေကို နေ့စဉ် ကြုံတွေ့ရတဲ့ ကလေးငယ်တွေ အတွက် စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်မှုတွေဟာ စိုးရိမ်စရာ ကောင်းတယ်လို့ Save the Children အဖွဲ့က အရေးပေါ် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်ပညာရှင်လည်းဖြစ်၊ ကလေးကု ဆရာဝန်တဦးလည်းဖြစ်တဲ့ ဒေါက်တာ Ayesha Kadir က ပြောပါတယ်။

"သေနတ်သံတွေ ကြားတာ၊ အဆောက်အဦးတွေ တုန်ခါပြီး ပြိုကျ ပျက်စီးတာ၊ အဲ့ဒီလို ပြိုကျတဲ့ အဆောက်အဦးတွေထဲမှာ ရှိနေတာ၊ ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေရော တခြားသူတွေပါ ဒဏ်ရာရ သေဆုံးတာတွေကို မြင်ရတာ ဒါတွေအားလုံးဟာ ထိတ်လန့် တုန်လှုပ်စရာတွေပါ။ ဒါတွေကို ကြုံတွေ့ရတဲ့ ကလေးငယ်တွေအတွက် စိတ်ဒဏ်ရာ အများကြီး ရနိုင်ပါတယ်။ နောက်တခု သတိထားရမှာက ကိုယ့်အိမ်တွေကို ထားခဲ့ပြီး ထွက်ပြေးခဲ့ရတဲ့ အိုးအိမ်မဲ့ ဒုက္ခသည် ကလေးငယ်တွေ ကြုံတွေ့ရတဲ့ ဆုံးရှုံးမှုနဲ့ စိတ်ဒဏ်ရာတွေပါ။ သူတို့နားလည်ထားတဲ့ သာမန် ဘဝ တခုဟာ အခုချိန်မှာ လုံးဝ ပြောင်းလဲသွားတာပါ။ အပေါင်းအသင်းတွေနဲ့ မပျော်ပါးနိုင်တော့ဘဲ၊ အိမ်ကနေ ထွက်ပြေးခဲ့ရပြီး ဘာမှ မရှိတော့တဲ့ အခြေအနေပါ။”

ကလေးငယ်တွေ ကြုံရတဲ့ ဒီလို စိတ်ဒဏ်ရာတွေဟာ လွယ်လွယ်ကူကူနဲ့ မေ့ပျောက်ဖို့ မလွယ်တာကြောင့် ရုပ်ပိုင်း စိတ်ပိုင်း ကျန်းမာရေး ပြဿနာတွေ ရေရှည် ကြုံရတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာ Ayesha Kadir က ပြောပါတယ်။

“အသက်ငယ်ငယ်မှာ ဘေးဒုက္ခ ဆိုးဆိုးရွားရွား ကြုံရတဲ့ ကလေးတယောက်ဟာ အရွယ်ရောက်လာတဲ့အခါ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေးတစုံလုံး သာမန်လူတွေထက် ပိုပြီး ထိခိုက်ပါတယ်။ အရွယ်စောပြီး သေတတ်ကြတာတွေ ရှိပါတယ်။ ဆိုတော့ ငယ်ရွယ်တုန်းမှာ နာမကျန်း ပိုဖြစ်နိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ပါတယ်။”

လန်ဒန် King ကောလိပ်ကျောင်းက လူမှုအသိုင်းအဝိုင်းနဲ့ စိတ်ကျန်းမာရေး စင်တာ တွဲဖက် ညွှန်ကြားရေးမှူး ပါမောက္ခ Hanna Kienzler ကလည်း ခုလို သတိပေး ပါတယ်။

“မှတ်ဉာဏ်တွေ ကစင့်ကလျား ဖြစ်တဲ့ဝေဒနာ စိတ်ရောဂါမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ် ကြုံတွေ့ရတဲ့ အဖြစ်ဆိုးတွေ၊ ပုံရိပ်တွေက ဦးနှောက် မှတ်ဉာဏ်ထဲမှာ ပြည့်လ ျှံပြီး မွမ်းကျပ် ဖိစီးလာတဲ့အခါ စိတ်ရောဂါ ခံစားရပြီး နာမကျန်း ဖြစ်လာနိုင်တာမျိုးပါ။ ဒါက ချက်ချင်း မဟုတ်ဘဲ နောက်ပိုင်းမှလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ကြုံရပြီး ၂ နှစ်လောက်နေပြီးမှ ဒါမှမဟုတ် ဒီ့ထက် ပို အချိန်ကြာပြီးတော့မှ၊ တခါတလေ ကိုယ် လူကြီးဘဝ အရွယ်ရောက်ပြီးမှ ခံစားရတာတွေရှိပါတယ်။”

ပြီးခဲ့တဲ့ လပိုင်းတွေအထိ ပုံမှန် ကျောင်းသွား လှုပ်ရှား ပျော်ပါးနေကြတဲ့ ယူကရိန်း ကလေးငယ်တွေဟာ ခုတော့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကြားမှာ အိုးမဲ့ အိမ်မဲ့ မရေရာတဲ့ ဘဝတွေကို ဖြတ်သန်းနေကြရပါတယ်။ စိတ်ဒဏ်ရာတွေ ရဖို့ လွယ်ပေမဲ့ ကုစားဖို့ ကတော့ ခက်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးလို့ ၇၅ နှစ်ကျော်ကြာ ခုလို ၂၁ ရာစု ခေတ်ကြီးထဲမှာ စစ်ပွဲတွေကြား ပြေးလွှား ဒုက္ခရောက်ကြ လိမ့်မယ်လို့ ယူကရိန်း ပြည်သူတွေ အများအပြား မတွေးခဲ့ကြပါဘူး။

ကမ္ဘာစစ်ကာလ အတိတ်ကို ပြန်ရောက်နေသလို ခံစားရတယ်လို့ ဆိုတဲ့ အဖွား Pavlivna ကတော့ ငြိမ်းချမ်းမှု အမြန်ရပြီး အိမ်ပြန်ချင်ပြီလို့ ပြောပါတယ်။

“အဲ့ဒီအချိန်တုန်းက ကျေးရွာတွေနဲ့ တိုင်းပြည် အခြေအနေကို ပြန်သတိရမိပါတယ်။ ၁၉ ၅၄ ခုနှစ်ဟာ အင်မတန် ခက်ခဲခဲ့တဲ့ အချိန်ပါ။ ကျမတို့ ကတော့ ငြိမ်းချမ်းရေးပဲ လိုချင်ပါတယ်။ စစ်သားတွေက ကျမတို့ကို ကာကွယ်ပေးနိုင်တဲ့ အခြေအနေ၊ အားလုံး အဆင်ပြေပြေနဲ့ ငြိမ်းချမ်းရေး ရတာ လိုချင်ပါတယ်။”

ယူကရိန်း ဒုက္ခသည် အမျိုးသမီးတွေ ကတော့ ငယ်ရွယ်သေးတဲ့ သူတို့ရဲ့ သားသမီးတွေ၊ မြေးတွေနဲ့အတူ နေရပ် ပြန်ခွင့်ရဖို့၊ ယူကရိန်းမှာ တည်ငြိမ် အေးချမ်းတဲ့ အခြေအနေ ပြန်ဖြစ်လာဖို့နဲ့ စစ်ပွဲကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေကို အမြန်ဆုံး ပြန်လည် ကုစားနိုင်ဖို့ မျှော်လင့်နေကြတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါ ရှင်။

======================================================

[Unicode]

စဈပှဲတှကွေားက ယူကရိနျး အမြိုးသမီးနဲ့ ကလေးငယျမြား (အမြိုးသမီးကဏ်ဍ)








“မိဘတှကေိုရော၊ ကမြ အမြိုးသားကိုရော မထားခဲ့ခငြျလို့ စောင့ျ နခေဲ့ပါသေးတယျ။ ဒါပမေဲ့ တနေ့တခွား အခွအေနကေ ဆိုးလာတော့ သမီး ဒုက်ခမရောကျအောငျ ထှကျမှ ရလိမ့ျမယျ ဆိုပွီး အမြိုးသားက ပွောပါတယျ။ ဒီလိုနဲ့ ကားပေါျ တကျပွီး ထှကျလာခဲ့ရတာပါပဲ။”



















XS
SM
MD
LG