အမေရိကန် စိတ်ပညာအသင်းကြီးက ချီးမြှင်တဲ့ ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် စိတ်ပညာရပ်ဆိုင်ရာ ထူးချွန် ကျောင်းသားဆုကို ဗားမောက်ပြည်နယ် ဗားမောက်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဘွဲ့လွန်ကျောင်းသူ မဖြူပန်းနုခင် ဂုဏ်ပြု ချီးမြှင့်ခံရပါတယ်။ ဒီတပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံသား ထောင်နဲ့ချီ နိုင်ငံတွင်းက ထွက်ခွာခဲ့ကြပါတယ်။ ဒီအထဲမှာ အနုပညာရှင်တွေလည်း အများအပြား ပါ ပါတယ်။ တချို့က ဖင်လန်နိုင်ငံမှာ ရောက်နေပါတယ်။ ဒီအကြောင်း Henry Ridgwell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
"ထန်တလန်မြို့ပေါ်မှာကျတော့ ပြည်သူလူထုကမရှိတော့ဘူးလေ။ မနှစ် စက်တင်ဘာလလောက်က ဒီ ထန်တလန်မြို့ပေါ်မှာရှိတဲ့ပြည်သူလူထုတွေအားလုံးက အနီးနားမှာရှိတဲ့ရွာတွေ မီဇိုရမ်ပေါ့နော်။ စစ်ဘေးရှောင်ဘဝနဲ့ပြေးကြတာအခုဆိုရင် (၇) လကျော် (၈) လ ထဲ ရောက်နေပြီလေ။ ထန်တလန်မြို့ကိုလည်း အရမ်းကို သတိရနေပြီလေ။” (ထန်တလန်မြို့ခံ)
အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေဟာ တနေရာတည်း လူမှုအသိုင်းအဝိုင်း တခုတည်းမှာပဲ ကြုံနေရတာမဟုတ်သလို၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့လည်း မဆိုင်ဘူးဆိုတာ လူအများ နားလည် လက်ခံဖို့ ရည်ရွယ်တဲ့ ပြပွဲတခုကို အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။
ပြည်ပကို စားအုန်းဆီတင်ပို့တာကို လာမယ့်မေလ၂၃ ရက်မှာ ပြန်ပြီးခွင့်ပြုတော့မယ်လို့ အင်ဒိုနီးရှားအစိုးရက ကြေညာလိုက်ပေမယ့် မြန်မာပြည်တွင်းမှာ ပြည်ပသွင်းကုန်တွေ ကန့်သတ် ထားတဲ့အတွက် စားသုံးဆီဈေးအပြောင်းအလဲရှိဦးမှာမဟုတ်ဘူးလို့ ဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။
ယူကရိန်းကို ရုရှားကကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစလို့ ဘဲလားရုစ်ပြည်သူ သောင်းနဲ့ချီကတော့ယူကရိန်း ဘက်ကနေ ကူညီတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြပြီး အိမ်နီးချင်း ပိုလန်နိုင်ငံထဲမှာ တပ်ဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ “Pahonya” လို့ နာမည်ပေးတဲ့ ပိုလန်နိုင်ငံတွင်းက ဘဲလားရုစ် တပ်ဖွဲ့ အကြောင်း မခင်ဖြူထွေးကတင်ပြပေးပါမယ်
အမေရိကန်ပြည်ထောင်စုမှာ ကလေးနို့မှုန့် အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ၃ ခုထဲက ၁ ခု ထုတ်လုပ်မှုတွေ ရပ်လိုက်ရတာကြောင့် နဂိုကတည်းက ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုတွေနဲ့ တခြား ပြဿနာတွေ ကြုံနေရချိန်မှာ ဈေးကွက်မှာ ကလေးနို့မှုန့်တွေ ပိုပြီး ပြတ်လာပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကမ္ဘာတဝန်း COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ ၁၅ သန်းကျော် သွားပြီဖြစ်သလို၊ အမေရိကန်ပြည်ထောင်စု တခုတည်းမှာတင် သေဆုံးသူ ၁ သန်းကျော် သွားပါပြီ။ ဒီအထဲမှာ အမေရိကားရောက် မြန်မာတွေလည်း ပါ ပါတယ်။ ဘာကြောင့်လဲ ဆိုတာတွေက အမေရိကန် သုတေသီတွေက ပြန်လည် သုံးသပ်ထားပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အရေးပေါ်ကယ်ဆယ်ရေး ရှေးဦးသူနာပြုတွေ လိုရာခရီး ပျံသန်းသွားဖို့ မိုးပျံဝတ်စုံကို ဗြိတိန်မှာ စမ်းသပ်၊ နီပေါက တောင်တက်သမား ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ် တက်ကြိမ် စံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အာဆီယံခေါင်းဆောင်တွေကို မနေ့ညကသမ္မတ Joe Biden ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံပါတယ်။ ဒီသမိုင်းဝင် ထိပ်သီးအစည်းအဝေးဟာ အမေရိကန်အနေနဲ့ အာရှ နိုင်ငံတွေအပေါ် ထားတဲ့ ကတိတွေ ခိုင်မာတယ်ဆိုတာပြသလိုက်တာလို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ မခင်ဖြူထွေးနဲ့ မမြသဇင်အောင်တို့ VOA Studio ထဲမှာ ဆွေးနွေးထားပါတယ်။
ဒီနေ့ စတင်ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲဟာ အမေရိကန်နဲ့ အာဆီယံ အကြား ဆက်ဆံရေး အတွက် အရေးကြီးသလို အာဆီယံခေါင်းဆောင်တွေ လူကိုယ်တိုင်လာရောက်တဲ့ သမိုင်းဝင် အစည်းအဝေးအဖြစ် အမေရိကန် အရာရှိတွေက ပြောဆိုထားပါတယ်။ VOA မြန်မာပိုင်းအစီအစဉ်က မခင်ဖြူထွေး အခု သမ္မတအိမ်ဖြူတော်မှာ ရောက်ရှိနေပါတယ်။
“ ဘယ်ဒေါ်လာမှရှာပြီး သွင်းဖို့အဆင်မပြေဘူးပေါ့။ နှစ်တွေလည်း ကြာခဲ့ပြီဆိုတော့ ဝယ်သူဘက်ကလည်း အခုမှ စာရင်းအရှုပ်ခံမှာ မဟုတ်တော့ဘူးလေ။ သူတို့မေးသမျှလည်း အကုန်ဖြေပြီးပြီ။ လုပ်သမျှလည်း အကုန်လုံးပြောပြပြီးပြီ။ အဲဒါကိုမှ ထောင်ထဲပါ ထည့်ချင်သေးတယ်ဆိုရင်တော့ နည်းနည်းတော့လွန်တယ်လို့ ထင်တာပဲ။" (ကုန်သည်တဦး)
ယူကရိန်း Kyiv မြို့တော်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရောက်နေချိန်မှာပဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကို ရုရှားကဝန်ခံခဲ့သလို၊ အနောက်နိုင်ငံ အများစုကတော့ ရုရှားရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်ကြပေမဲ့ အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေကတော့မပါဖို့ ကြိုးစားကြတဲ့ အကြောင်းမခင်ဖြူထွေးတင်ပြထားပါတယ်။
“အစတုန်းက ရွာနဲ့ သိပ်မဝေးတဲ့ဆီမှာ ကပ်နေတာ၊ နောက် အဲ့နေရာတွေကိုပါ လှမ်းထုတော့ “ဟာ ဒီနေ့ရာတွေကိုတော့ ရောက်လာပြီ”.. ဆိုပြီး ထပ်ထပ်ပြေးတော့ ည ၈ နာရီ၊ ၉ နာရီ ထိအောင်ကို ပြေးနေကြရတာ။ အနောက်ကနေ ခု နောက်ထပ်တဖွဲ့ လာပြီလို့ပြောလို့ ခုထပ်ပြီးတော့ ပြေးရအုံးမှာပေါ့နော်။” (စစ်ဘေးရှောင်တဦး)
အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျုးကျော်တဲ့ လုပ်ရပ်ကို တညီတညွတ်တည်း ရပ်တည်ဆန့်ကျင်ရေး တိုက်တွန်းသွားမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။ မခင်ဖြူထွေး တင်ပြပါလိမ့်မယ်။
Star Wars ကြယ်တာရာစစ်ပွဲထဲ ရောက်သွားတဲ့ ထိုင်ဝမ်၊ သတ်မှတ်ချိန်အတွင်း စာအပြီးရေးရမယ့်သူများကို စာရေးဖို့ တွန်းအားပေးတဲ့ ဂျပန်ကော်ဖီဆိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ရုရှားကို သဘာဝဓာတ်ငွေ့ ဖိုးငွေပေးချေတဲ့အခါ ရူဘဲငွေကို သုံးပြီး ပေးမယ်ဆိုရင် ရုရှားအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့မှုကို ချိုးဖောက်ရာကျ လိမ့်မယ်လို့ အီးယူ ဥရောပသမဂ္ဂက သတိပေးထားပါတယ်။ ရုရှားကတော့ ပိုလန်နဲ့ ဘူလ်ဂေးရီးယား နိုင်ငံတွေကို သဘာဝဓာတ်ငွေ့ တင်ပို့တာတွေ ရပ်လိုက်ပါပြီ။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရုရှားစစ်သင်္ဘောတွေ တူရကီရေပိုင်နက်ကို ဖြတ်ပြီး ပင်လယ်နက်ထဲ ဝင်ရောက်လို့မရအောင် တူရကီအစိုးရက တင်းကျပ်ထားပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် တူရကီနဲ့ ရုရှား ဆက်ဆံရေးမှာ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လာတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဘရားဇီးနိုင်ငံ တောင်ပိုင်း Brusque မြို့က အမျိုးသားတယောက်ဟာ ကုမ္ပဏီ တခုမှာ ၈၄ နှစ်ကြာ အလုပ်လုပ်နေပြီး ဂင်းနစ် ကမ္ဘာမှတ်တမ်းစံချိန်ကို ချိုး၊ ဂျပန်သွားဆရာဝန်တွေ လေ့ကျင့်ဖို့ ကလေး စက်ရုပ် တမျိုးကို တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
မြန်မာ့ ရိုးရာ ကြာချည်နဲ့ ယက္ကန်းအထည် ယက်လုပ်တဲ့လုပ်ငန်း တိမ်ကောမသွားစေချင်တဲ့အတွက် သဘာဝအတိုင်းထုတ်လုပ်တဲ့ ရိုးရာကြာထည် ပစ္စည်းတွေ ထုတ်လုပ် ရောင်းချနေတဲ့အကြောင်း အင်းလေးမှာ လက်ယက္ကန်း ကြာချည် ပုဝါတွေ နဲ့ ရိုးရာ ချည်ထည်တွေ ထုတ်လုပ် ရောင်းချတဲ့ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ဒေါ်နန်းမြဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်