ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ နွေရာသီကာလ နေ့အပူချိန်တိုးလာနေပြီး အသက်ကြီးသူနဲ့ ရောဂါအခံရှိသူတွေ အပူဒဏ်ကြောင့် အသက်သေဆုံးတဲ့အထိ ရှိလာပါတယ်။ မြို့တချို့မှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ပိုပူပြင်းတာလည်း ရှိလာနေလို့ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ဖို့ကိုလည်း သတိပေးနေကြပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီး ကျေးရွာကို ဒီကနေ့ ညနေ ၂ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်လောက်နဲ့ ကျေးရွာအတွင်းကိုဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေကြတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
အိန္ဒိယရိုးရာ ဟိုလီပွဲတော်မှာ အရင်က အရောင်တောက်တွေ မကိုင်ရ တားမြစ်ခံထားရတဲ့ မုဆိုးမတွေလည်း ပါဝင်ဆင်နွှဲ၊ ဘန်ဘယ်ဘီးပိတုန်းကောင်လေးတွေ ပဟေဠိတွေကို ဖြေရှင်းနိုင်၊ တတ်ကျွမ်းတဲ့ပညာကို လက်ဆင့်ကမ်းသင်ကြားပေးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ယူကရိန်းစစ်ပွဲ စခဲ့တဲ့ ပြီးခဲ့တဲ့တနှစ်တာ ကာလအတွင်း ရုရှားဟာ ယူကရိန်းဒေသ အတော်များများကို သိမ်းယူခဲ့ပြီး ပြန်လည် လက်လွတ်ခဲ့ရတာတွေ ရှိသလို၊ အခုတခါ အရင်သိမ်းယူခဲ့ဖူးတဲ့ ဒေသတချို့ကိုပဲ နောက်တကြိမ် ပြန်လည် သိမ်းယူဖို့ ကြိုးပမ်းတာတွေ ရှိလာနေပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း ကယားပြည်နယ်အတွင်း လူဦးရေ တဝက်နီးပါးလောက် စစ်ဘေးဒုက္ခသည်တွေအဖြစ် တိမ်းရှောင်နေရပြီး ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခြေအနေတွေကို ကရင်နီ အရေးပေါ် ကယ်ဆယ်ရေး ဆက်စပ်ဆောင်ရွက်မှုအဖွဲ့က ကိုနဲနယ်ပလိုးကို မခင်ဖြူထွေး တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကားရောက် ယူကရိန်းတွေ စုပေါင်းပြီး စစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စုကို လာရောက် ခိုလုံကြတဲ့ ယူကရိန်းဒုက္ခသည်တွေကို တတ်အားသ၍ ကူညီ စောင့်ရှောက်နေကြပါတယ်။ ဘယ်လို ကူညီစောင့်ရှောက်မှုတွေ ပေးနေသလဲ ဆိုတာ Evgeny Maslov ပေးပို့တဲ့ သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ သက်တမ်းဝက် လွှတ်တော် ရွေးကောက်ပွဲတွေ ဒီနှစ်ထဲ ကျင်းပဖို့ရှိနေတာမှာ လက်တင်နွယ်ဖွားတွေရဲ့ ထောက်ခံမဲတွေ ပို ရဖို့ ရီပတ်ဘလစ်ကန်ပါတီက အားစိုက် လုပ်ဆောင်နေပါတယ်။ Texas ပြည်နယ်ကနေ Christian von Preysing-Barry ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
"ကျမတို့ကောက်ယူရရှိတဲ့ အချက်အလက်တွေ ထဲမှာဆိုရင် စစ်ပွဲတွေကြောင့် ဖြစ်တယ်။ ပြီးရင် နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုတွေကြောင့်မို့ ခိုးဆိုး လုယက်တာတွေကနေ ဖြစ်ပွားလာတဲ့ အသတ်ခံရတဲ့ အမှုတွေ ရှိတယ်။" - မသွယ်ဇင်တိုး
တရုတ်နိုင်ငံဟာ ကမ္ဘာတဝန်းမှာ ပြည်ပရဲဌာနတွေဖွဲ့ပြီး ပြည်ပရောက် တရုတ်နိုင်ငံသားတွေကို စောင့်ကြည့်နေသလို၊ တချို့ကို ရာဇဝတ်မှုသံသယရှိသူတွေအဖြစ် စာရင်းသွင်း နေရပ်ပြန်ပို့ တရားစွဲဆိုတာတွေ ရှိနေတယ်လို့ အစီရင်ခံစာသစ် တစောင်က သတိပေးပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့အရှေ့ခြမ်းကို မြန်မာစစ်တပ်က လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း PDF အဖွဲ့ဝင်တချို့ ထပ်မံကျဆုံးကြောင်းနဲ့ အဖမ်းခံထားရတဲ့ ရွာသားတချို့တော့ ပြန်လွတ်လာကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။
ဂင်းနစ်ကမ္ဘာ့အရပ်အမြင့်ဆုံး အမျိုးသမီး ဘဝမှာ ပထမဆုံးအကြိမ် လေယာဉ်စီးနိုင်၊ တမိနစ်အတွင်း အလေးမဝိတ်ပြားနဲ့ ထိုင်ထ အကြိမ် ၄၀ ကျော် လုပ်သူ အပါအဝင် လာမယ့်နှစ် ၂၀၂၃ အတွက် ဂင်းနစ်မှတ်တန်းစံချိန်သစ် တင်လိုက်တာတွေ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံ တိုက်ခိုက်နေကြတဲ့ ယူကရိန်းနိုင်ငံမှာ နေရာစုံ အလွှာစုံက အမျိုးသမီးတွေ လက်နက်စွဲကိုင် ပါဝင်နေကြသလို၊ မြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် တော်လှန်သူတွေထဲ အမျိုးသမီးတွေ အများအပြား ပါဝင်ပါတယ်။
အမြင့်ပေ ၂၀,၀၀၀ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်ထဲ ကမ္ဘာ့ဆွဲအားမဲ့ အခြေအနေဖန်တီးပြီး ဘောလုံးကန်၊ လေယာဉ်ပေါ်ကနေ လေထီးခုန်တဲ့ အသက် ၈၈ နှစ် ဘိုးဘိုး၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်တမှုဖြစ်တဲ့ မတရားအသင်းနဲ့ဆက်သွယ်မှုနဲ့ စွဲဆိုထားတဲ့အမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ကျပ် ၁၀,၀၀၀ ကျခံဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ရွှေ့ပြောင်းသွားလာ ကူညီပေးနေတဲ့ ဆေးဝန်ထမ်း အဖွဲ့တခုကတော့ အိမ်ယာမဲ့တွေ ရှိရာကို သွားပြီး လိုအပ်တဲ့ ကျန်းမာရေးအကူအညီတွေပေးနေပါတယ်။ ကားတစီးနဲ့ လိုက်လံ ကူညီပေးနေတဲ့ ဒီအဖွဲ့အကြောင်း အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နယူးယောက်မြို့က တိုင်းမ်စကွဲရင်ပြင်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒိုင်နိုဆောတကောင် နှိုးဆော်၊ ဂျပန်နိုင်ငံ သဘာဝဘေး ကယ်ဆယ်ရေးမှာ သုံးဖို့ စက်ရုပ်တပိုင်း ပိုးဟပ်တမျိုး တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ရုရှားထိုးစစ်ဆင် ကျူးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ Kyiv မြို့ က မုန့်ဆိုင်တခုမှာ အပတ်စဉ် ထောင်နဲ့ချီတဲ့ ပေါင်မုန့်တွေဖုတ်ပြီး လိုအပ်နေတဲ့ သူတွေကို ပေးဝေနေတဲ့ အကြောင်း Anna Kosstutschenko (အန်နာ ကော့တူရှန်ကို) ပေးပို့ထားတဲ့ သတင်းကို ပြောပြပေးပါမယ်။
မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေဟာ စားသောက်ကုန်ဈေး ဆက်တိုက် တက်တာနဲ့ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေ အောက်မှာ စားဝတ်နေရေး အခက်အခဲ ပိုပြီး ကြုံတွေ့နေရတယ်လို့ စစ်ဘေးဒဏ်သင့် အမျိုးသမီးတွေနဲ့ သူတို့ကို ကူညီပေးနေသူတွေက ပြောပါတယ်။
ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘတ် ဟာ စက်တင်ဘာလ ၈ ရက်နေ့က သက်တော် ၉၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဘုရင်မကြီးနဲ့ပတ်သက်လို့ သမိုင်းပညာရှင်တွေ အပါအဝင် ဗြိတိန်ပြည်သူတွေက ဘယ်လို သဘောထားကြလဲ။ ဘာတွေ ပြောဆိုထားကြလဲ။ အေပီနဲ့ ရိုက်တာသတင်းတွေကို စုစည်းပြီး အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်