ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက်သ် ဟာ စက်တင်ဘာလ ၈ ရက် ကြာသတေးနေ့က သက်တော် ၉၆ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဘုရင်မကြီး အဲလိစ်ဇဘက်သ်နဲ့ ပတ်သက်လို့ သမိုင်းပညာရှင်တွေက ဘာတွေ ပြောဆိုထားကြပါလဲ။ ရိုက်တာနဲ့ အေပီသတင်းတွေကို အခြေခံပြီး မခင်ဖြူထွေး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ဟိုးအရင် တချိန်ကလို ပြန်လည် ထားရှိနိုင်အောင် ဌာနေတိုင်းရင်းသား လူမျိုးစု အဖွဲ့တွေက ကြိုးပမ်းနေကြပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်နိုင်ငံမှာ အမျိုးသားတဦးရွှေဖရုံသီးဧရာမကြီးတလုံးကို ထွင်းကာလှေလုပ်ပြီး မိုင် ၄၀ နီးပါးရောက်အောင်လှော်နိုင်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်သစ်တင်၊ စပိန်နိုင်ငံမှာနှစ်စဉ်ကျင်းပမြဲ ခရမ်းချဉ်သီးပေါက်ပွဲကျင်းပ၊ ဒီလိုကမ္ဘာတလွှားကထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့မခင်ဖြူထွေးတို့တင်ဆက်ထားပါတယ်။
ဗြိတိန် တော်ဝင်မင်းသမီး ဒိုင်ယာနာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကားမှောက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ၂၅ နှစ်ပြည့်သွား ခဲ့ပါပြီ။ နှစ်တွေ ကြာလာပေမဲ့ သူ့ကို ချစ်ခင်သူတွေကတော့ လွမ်းဆွတ် သတိရနေကြဆဲပါ။ အများ မမေ့နိုင်သေးတဲ့ မင်းသမီး ဒိုင်ယာနာ အကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။
အိန္ဒိယမှာ နိုင်ငံနဲ့ အဝန်း အင်တာနက်အသုံးပြုခွင့်ရအောင် အစပျိုး လုပ်ဆောင်နေတာကြောင့် သန်းနဲ့ချီတဲ့ ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသတွေမှာ ဈေးရောင်း-ဈေးဝယ် ငွေပေးချေမှု စနစ်ပုံစံတွေလည်း ပြောင်းလဲလာတဲ့ အကြောင်း Anjana Pasricha သတင်းပေးပို့ထားပါတယ်။
ကိုလံဘီယာနိုင်ငံမှာ ကမ္ဘာ့အပျင်းထူတဲ့ နေ့ကျင်းပ၊ ဗြိတိသျှ၊ ဘယ်ဂျီယံ ဆယ်ကျော်သက် တဦး လေယာဉ်နဲ့ ငါးလကြာ တဦးတည်း ကမ္ဘာပတ်ပျံသန်းပြီး အသက်အငယ်ဆုံး လေယာဉ်နဲ့ ကမ္ဘာပတ်သူအဖြစ် စံချိန်သစ်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အနုပညာဖန်တီးမှုတွေက တဆင့် အမျိုးသမီးတွေ ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ပြီး အချင်းချင်း မျှေ၀ ဖွင့်ဟပြောဆိုနိုင်ဖို့ ရည်ရွယ်ပြီး “ထင်ဟပ်၊ မျှဝေ၊ တွဲလက်တွေ” အစီအစဉ်ကို ဂျာမန် ယဉ်ကျေးမှုစင်တာ Goethe Institute နဲ့အတူ လုပ်တွဲ လုပ်ဆောင် ဖြစ်တယ်လို့ ကလသာ အနုပညာ ပြခန်း တည်ထောင်သူ မစုထွေးအောင်က ပြောပါတယ်။
Netflix က ထုတ်လုပ်ပြသတဲ့ Stranger Things တီဗီ ဇာတ်လမ်းတွဲထဲက ပုံစံမျိုးပြင်ဆင်ထားတဲ့ တိုကျိုမြို့က ကော်ဖီဆိုင်၊ ခေတ်ဟောင်း Pinball ဂိမ်းစက်တွေ စုထားတဲ့ နယူးဂျာစီပြည်နယ် Asbury Park ကမ်းခြေမြို့က ဂိမ်းဆိုင်စတဲ့ ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“တော်တော်များများက နစ်မြုပ်တဲ့ရပ်ကွက်တွေက နေအိမ်မှာပဲနေတဲ့အခါကျတော့ ချက်ပြုတ်စားသောက်ရေးမှာ အဓိက အခက်အခဲ ဖြစ်သွားတယ်။ တော်တော်များများလည်း မြုပ်သွားတဲ့ အနေအထားဆိုတော့ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေတော့ ထမင်းထုပ်တွေ ဝေငှလှူဒါန်းရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပေါ့။" (မော်လမြိုင်ရေဘေးကူညီသူ)
တရုတ်နဲ့ စစ်ရေးအင်အား မညီမျှမှုကို ကျော်လွှားနိုင်ဖို့ ဆူးချွန်တွေပါတဲ့ ဖြူကောင်တွေလို ရန်သူက နည်းနည်းထိရုံနဲ့ များများ အထိနာစေမယ့် မဟာဗျူဟာတရပ် အသုံးပြုဖို့ ထိုင်ဝမ်စစ်တပ် အကြီးအကဲဟောင်းက တိုက်တွန်းနေပါတယ်။ ထိုင်ပေမြို့ကနေ ဗွီအိုအေ သတင်းထောက် Bill Gallo ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် စွပ်စွဲတရားစွဲဆိုခံထားရတဲ့ အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်တဲ့ အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးက ဒီကနေ့ ချမှတ်လိုက်ပါတယ်။
Lego တုံးလေးတွေ ဆက်ထားသလိုလုပ်ထားတဲ့ ဧရာမ Lego မွေးနေ့ကိတ်၊ ဒေါ်လာသိန်းကျော်ဖိုး ရောင်းခဲ့ရတဲ့ ယူကရိန်းသမ္မတပုံတူ အရုပ်လေးများစတဲ့ ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ အာဖနစ္စတန်နိုင်ငံထဲကနေ ဖရိုဖရဲ ဆုတ်ခွာခဲ့ရတဲ့ဖြစ်ရပ် နှစ်ပတ်လည် မတိုင်ခင်လေးမှာပဲ အမေရိကန် အစိုးရ အရာရှိတွေကတော့ အာဖဂန်စစ်ပွဲ အဆုံးသတ်လိုက်တဲ့အတွက် အမေရိကန်အတွက် မဟာဗျူဟာအရ ပိုမို အားကောင်း ခိုင်မာစေခဲ့တယ်လို့ ပြောဆိုကြပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့နှစ်က တာလီဘန်တွေ ပြန်လည် အုပ်ချုပ်လာတာနဲ့အမျှ သိန်းနဲ့ချီတဲ့ အာဖဂန်နိုင်ငံသားတွေအိမ်နီးချင်း နိုင်ငံတွေကိုထွက်ပြေးခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ကြားမှာတော့ တရားဝင် နေထိုင်ခွင့်အထောက်အထား မရှိတဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပိုင် ဖလော်ရီဒါပြည်နယ်က Mar-a-Lago အိမ်ထဲကို FBI အရာရှိတွေ တနင်္လာနေ့က ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့ပြီးတဲ့နောက် သမ္မတဟောင်း ထရမ့်က သူ နိုင်ငံရေးအရ လုပ်ကြံခံရတာလို့ ပြောဆိုပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့တော်မှာ ဖန်တီးခဲ့တဲ့ ကမ္ဘာ့အရှည်ဆုံး Torta အသားညှပ်ပေါင်မုန့်ကြီး၊ တိရိစ္ဆာန်လေးတွေ ခန္ဓာကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ ဂျပန်က ဘက်ထရီပန်ကာ၊ စတဲ့ ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အန်ဂိုလာနိုင်ငံမှာ အလေးချိန် ၁၇၀ ကာရတ်ရှိတဲ့ ပန်းရောင် စိန်တုံးကြီး တတုံး ရှာတွေ့၊ အာရပ်စော်ဘွားများပြည်ထောင်စုမှာ အိမ်မွေးခွေးတွေကို ဂျင်မ်အားကစားခန်းမမှာ လေ့ကျင့်ပေးနိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အမေရိကန်နဲ့ နိုင်ငံတကာ ရေးရာကိစ္စတွေကို သရုပ်ဖော် ကာတွန်း ရေးဆွဲတဲ့ ထင်ရှားတဲ့ အမေရိကန် ကာတွန်းဆရာ Steve Brodner ဟာ ပြီးခဲ့တဲ့လပိုင်းတွေ ကစလို့ သူရဲ့ ကာတွန်း ရုပ်ပုံတွေကို ယူကရိန်း စစ်ပွဲနဲ့ ဆက်စပ်ပြီး ပုံဖော် ရေးဆွဲလာပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်နိုင်ငံ မေရီလန်း ပြည်နယ် Frederick မြို့မှာ Penny Farthing လို့ ခေါ်တဲ့ ရှေ့ဘီးအကြီး နောက်ဘီးအသေး စက်ဘီး ပြိုင်ပွဲ ကျင်းပ၊ အီတလီနိုင်ငံက ၉၈ နှစ် အရွယ် အသက်အကြီးဆုံး ကျောင်းသားတစ်ဦး မဟာဘွဲ့ ရ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ဂျပန်နိုင်ငံမှာ ဒီရက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်များလာနေတာမှာ ကြာသတေးနေ့က တိုကျိုမြို့တော်တွင်း ကူးစက်မှု ၃ သောင်းကျော် ရှိခဲ့ပါတယ်။ ဒါဟာ တိုကျိုမှာ တနေ့တည်း ကူးစက်မှု အမြင့်ဆုံးနှုန်းကို ရောက်သွားတာမို့ အပြင်ထွက် သွားလာ နေကြရသူတွေကြားမှာတော့ စိုးရိမ်မှုတွေ ပိုများလာပါတယ်။
နောက်ထပ်ကြည့်ရှုရန်