Red Planet ဂြိုဟ်နီကြီးလို့ တင်စားခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် ကမ္ဘာ့ပြင်ပ ဂြိုဟ်တခုပေါ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် Ingenuity လို့နာမည်ပေးထားတဲ့ ရဟတ်ယာဉ်ကို ဖန်တီးခဲ့ကြ ရာမှာ မြန်မာအမျိုးသမီး အင်ဂျင်နီယာ မမီမီအောင် ဦးဆောင် ပါဝင်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် ကမ္ဘ့ာနေရာအတော်များများမှာ နေ့စဉ် လူတွေရဲ့ သွားလာလှုပ်ရှားမှုတွေ၊ လူနေမှုဘ၀ ပုံစံတွေပြောင်းသွားခဲ့တာမှာ အနာဂတ်မျိုးဆက် ကလေးငယ်တွေရဲ့ ကျောင်းပညာရေး သင်ကြားမှု ပုံစံတွေလည်း သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တရားဝင် သတ်မှတ် ပြဌာန်းနိုင်ခဲ့တာ ဒီသီတင်းပတ်ထဲမှာပဲ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။
အမေရိကန်စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေ ဖြစ်လာရင် ဘယ်လို အရေးယူ ကိုင်တွယ်ပါလဲ။ မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ပါလဲ။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု ကင်းမဲ့လာနေပြီး စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပိုမို ကင်းမဲ့လာနေတယ်လို့ စစ်ဘေးသင့်ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ခရီးသွားလုပ်ငန်းတွေနဲ့ လေကြောင်းလိုင်းတွေ ထိခိုက်ခဲ့ရတာမှာ လေယာဉ်ဝန်ထမ်းတွေ အတွက်လည်း အပြောင်းအလဲတွေ အတော်များများ ကြုံလာရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ပြီး နေရပ် ပြန်လာနေကြရပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် နိုင်ငံအတာ်များများမှာ စာသင်ကျောင်းတွေ ပိတ်ပစ်ခဲ့ရသလို၊ ဒီအခြေအနေက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေမှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာစေတယ်လို့ ကျွမ်းကျင် ပညာရှင်တွေက သတိပေးနေကြပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ကာလမှာ မြန်မာနိုင်ငံအတွင်းမှာလည်း စက်ရုံ အလုပ်ရုံတွေ အများအပြား ပိတ်ပစ်လိုက်ရပြီး အလုပ်သမားတွေ ထောင်သောင်းချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရသလို၊ ဒီအထဲမှာ အများစုက အမျိုးသမီးတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ ပါဝင်လှုပ်ရှားနေသူတွေကတော့ စေတနာ့ဝန်ထမ်း ကြက်ခြေနီတွေပဲဖြစ်ပါတယ်။
ကမ္ဘာတဝှမ်း စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် ကိုယ့်တိုင်းပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည် သန်း ၈၀ နီးပါး ရှိပြီး ဒီအထဲမှာ တဝက်နီးပါးက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာလ နေရပ်ပြန်မြန်မာနိုင်ငံသားတွေအတွက် လေယာဉ်ခရီးစဉ်တွေကို မောင်းခဲ့ကြသူတွေထဲမှာ မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒု-လေယာဉ်မှူးကြီး မအိချောဖြူလည်း ပါ ပါတယ်။ သူ့ရဲ့ ကိုဗစ်-၁၉ ကာလအတွေ့အကြုံတွေနဲ့ အမျိုးသမီးလေယာဉ်မှူးတယောက်ရဲ့ ဖြတ်သန်းမှုတချို့ကို မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေ ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး တကိုယ်တော်ဆန္ဒပြရာကနေ ကမ္ဘာတဝှမ်းလူငယ်တွေ သန်းနဲ့ချီ ပါဝင်လာတဲ့အထိ လှုံ့ဆော်နိုင်ခဲ့တဲ့ ဆွီဒင်နိုင်ငံက Greta Thunberg ဟာ ကမ္ဘာ့ခေါင်းဆောင်တွေကပါ အသိအမှတ်ပြု အလေးထားခံရတဲ့ လူငယ်အမျိုးသမီးတဦးဖြစ်ပါတယ်။
သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနတွေ၊ လုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမယ်ဆိုရင် အတွေးအခေါ်သစ်တွေ၊ အမြင်သစ်တွေနဲ့ ကမ္ဘာကြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အကျိုးပြုလာနိုင်တယ်လို့ ၂၀၂၀ ခုနှစ်အတွက် အာဆီယံ-အမေရိကန် အမျိုးသမီးသိပ္ပံဆု ဆန်ခါတင်စာရင်းဝင် ဒေါက်တာ သဲဝင့်အောင်က ပြောပါတယ်။
မေလ ၁၂ ရက်နေ့ဟာ ခေတ်သစ် သူနာပြုနည်းပညာတွေကို နောင်လာနောင်သားတွေအတွက် မျိုးစေ့ချ ပေးခဲ့တဲ့၊ ဂရုဏာရှင် မီးအိမ်ရှင်မအဖြစ် ကမ္ဘာက ဂုဏ်ပြု ခေါ်ဆိုခံရသူ သူနာပြုဆရာမ Florence Nightingale ရဲ့ နှစ် ၂၀၀ ပြည့် မွေးနေ့ ဖြစ်သလို၊ သူ့ကိုဂုဏ်ပြုတဲ့ ကမ္ဘာ့သူနာပြုများနေ့လည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်း အများအပြား ပိတ်ပစ်လိုက်ရပြီး လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေလည်း အများအပြား ပါပါတယ်။ COVID-19 ကာလ ရုန်းကန်နေကြရတဲ့ အမျိုးသမီးတချို့အကြောင်း မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း COVID-19 တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေကြတဲ့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတွေ ပြောပြတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေနဲ့ ဘယ်လိုခံယူချက်တွေနဲ့ ပါဝင်ဆောင်ရွက်နေကြသလဲ ဆိုတာတွေကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။
ကမ္ဘာတဝှမ်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ ၇၀ % လောက်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ၂၀၁၉ ခုနှစ် ကျန်းမာရေးလုပ်ငန်းခွင်ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်ရှိ COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီး ဆေးဝန်ထမ်းတွေအကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဧပြီလ ၂၁ ရက်နေ့က သက်တော် ၉ ၄ နှစ်ပြည့်သွားတဲ့ ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက်သ်ဟာ ဗြိတိန်သမိုင်းမှာ နန်းသက်အရှည်ကြာဆုံးနဲ့ သက်တော်အရှည်ဆုံး ဘုရင်မကြီးဖြစ်ပါတယ်။ ဗြိတိန်ပြည်သူတွေသာမက ကမ္ဘာကပါ လေးစား အသိအမှတ်ပြုခံရတဲ့ အမျိုးသမီး ခေါင်းဆောင်တဦးဖြစ်ပါတယ်။
COVID-19 ကပ်ဘေးကာလ နိုင်ငံအတော်များများမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုဆိုးလာတယ်လို့ ကုလ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ စားဝတ်နေရေးအကျပ်အတည်း တိုးလာတာနဲ့အမ ျှ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း တိုးလာတာပါ။ အကြမ်းဖက်ခံရသူတွေအတွက် ဘယ်လိုအကူအညီတွေ လိုအပ်နေပါလဲ။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်