ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်ကုန် စတင်ကျင်းပမယ့် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson တက်ရောက်ဖို့ ရှိနေပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။
လိင်အင်္ဂါပြောင်းထားသူတွေကို စစ်မှုထမ်းခွင့် မပြုတော့ဘူးလို့ အမေရိကန်သမ္မတ Donald Trump က ကြေညာလိုက်တာကြောင့် ပင်တဂွန်စစ်ဌာနချုပ်မှာ တအံတသြ ဖြစ်ခဲ့ရသလို၊ လူ့အခွင့်အရေး အဖွဲ့တွေ၊ လွှတ်တော်အမတ်တချို့ရဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်။ Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
Obamacare လို့ လူသိများတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဖျက်သိမ်းပြီး၊ ရီပတ်ဘလစ်ကန်တွေရဲ့ ဥပဒေကြမ်းတရပ်ကို ဆွေးနွေးမယ့် အစီအစဉ် အထက်လွှတ်တော်မှာ ပွတ်ကာသီကာနိုင်သွားခဲ့ပါတယ်။ Michael Bowman ရဲ့သတင်းဆောင်းပါးကိုတော့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ၁၂ ရက်ကြာ မြန်မာခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်တဲ့အကြောင်း အရေးကြီး အဆိုတရပ်ကို အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မဲ မသာမာမှုတွေ ရှိခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေးဖို့အတွက် သမ္မတ Donald Trump ဖွဲ့စည်းထားတဲ့ အကြံပေး ကော်မရှင်ဟာ သူ့ရဲ့လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပါပြီ။ ဗွီအိုအေသတင်းထောက် Bill Gallo ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံထဲ HIV ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းဟာ ၆ နှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့ UNAIDS ကုလသမဂ္ဂရဲ့ AIDS တိုက်ဖျက်ရေး အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။ ဒီကိန်းဂဏန်းဟာဆိုရင် အာရှ ပစိဖိတ်ဒေသတွင်းတခုလုံးပါ ကြီးမားတဲ့ အပြောင်းအလဲ အောင်မြင်မှုတရပ်ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။
လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထိုင်း စစ်ဗိုလ်ချုပ် တယောက်နဲ့ ထိုင်း အရာရှိတွေ၊ မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ လူ ၁၀၃ ယောက်ကို ထိုင်း တရားရုံးက အပြစ်ရှိတဲ့အကြောင်း ဆုံးဖြတ်ပြီး အချို့ကို ထောင်ဒဏ် ၂၇ နှစ်ကနေ ၉၄ နှစ်အထိ ချမှတ်လိုက်ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပါ ့မယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စစ်ဘက်အရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ မြန်မာနိုင်ငံသားတချို့ အပါအဝင် လူကုန်ကူးမှုတွေ ပါဝင် ပတ်သက်ခဲ့သူတွေ အဖြစ် စွပ်စွဲခံထားရသူ အတော်များများကို အပြစ်ရှိကြောင်း ထိုင်းပြစ်မှုဆိုင်ရာ တရားရုံးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အမိန့်ချ လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Y. Yun ဟာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
တရုတ်အစိုးရ အတိုက်အခံ တဦးဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လူရှောင်ဘို ကွယ်လွန်သွားတဲ့ အတွက် အလွန်ပဲ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတဲ့အကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမား အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ထုတ်ဖော် ပြောဆိုနေကြတာပါ။ ဒါပေမဲ့ အိမ်နီးချင်း မြန်မာနိုင်ငံက နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တော့ လူရှောင်ဘို ကွယ်လွန်သွားတဲ့အပေါ်မှာ တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ငါးဖမ်းလုပ်ငန်း ကျွန်အဖြစ်မှ လွတ်မြောက်လာသူများ
အမေရိကန်ပြည်ထောင်စုမှာ ၉၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရှေ့ဘက်ကနေ အနောက်ဘက် ကမ်းရိုးတန်းအထိ နေ အပြည့်ကြတ်တာကို လာမယ့် သြဂုတ်လထဲမှာ တွေ့မြင်ကြရဖို့ ရှိရာမှာ ကန်တက်ကီပြည်နယ်က မြို့ငယ်လေးတခုမှာ နေထိုင်သူတွေကတော့ အခုကတည်းက စိတ်လှုပ်ရှား စောင့်နေကြပါပြီ။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသတချို့ကို ကိုယ်တိုင်သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့သလို၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့တဲ့အပေါ်မှာ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးFilippo Grandi က သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အားရကျေနပ်မိတဲ့အကြောင်း ပြောပါတယ်။
အခုလတ်တလော သတင်းသမားတွေ ဖမ်းဆီး တရားစွဲဆိုခံရတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တပ်မတော်နဲ့ သတင်းမီဒီယာအကြားဖြစ်တဲ့ ပြဿနာတွေလို့မမြင်ဘဲ၊ တည်ဆဲဥပဒေတွေဟာ တရားမျှတရဲ့လားဆိုတဲ့ ရှုထောင့်ကနေ ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေ အရေး ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေထောင်နဲ့ချီ ဖမ်းဆီးခံနေရတဲ့နောက်၊ မြန်မာအလုပ်သမား အများအပြား မြန်မာပြည်ကို ပြန်ဝင်လာကြရာမှာ မြန်မာအာဏာပိုင်တွေဘက်က အကူအညီပေးနေတယ် ဆိုပေမဲ့၊ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ထိရောက်တဲ့ အကူအညီမျိုး မရှိသေးဘူးလို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။
အရည်အသွေးမြင့်စား ပုံဖေါ်သူ ပန်းပဲဆရာ
UNHCR ဒုက္ခသည်များဆိုင်ရာ ကုသလမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ မနေ့ တနင်္ဂနွေနေ့ကစလို့ ရခိုင်ပြည်နယ်ကို သုံးရက်ကြာ ရောက်ရှိနေပါတယ် သူဟာ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြ ရတဲ့ ဒုက္ခသည်တွေ အရေး ကိုယ်တိုင် သွားရောက်လေ့လာပြီး ဖြေရှင်းကိုင်တွယ်နိုင်ဖို့အတွက် ခုလို မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်တယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရယူနိုင်တဲ့ အခြေအနေ ပတ်ဝန်းကျင်တခု ရှိဖို့ အရေးကြီးသလို၊ လတ်တလော သတင်း မီဒီယာသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ တရားစွဲဆို ခံရတာတွေ ဆက်ပြီး ရှိနေတာဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ ဥရောပသမဂ္ဂ EU ကကြေညာချက်ထုတ်ပြန်ပါတယ်။
အနောက်နိုင်ငံတွေမှာ အစွန်းရောက် အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေတာကို ချေမှုန်းရာမှာ ဥရောပ ဖြစ်ရပ်တွေကနေ သင်ခန်းစာဘယ်လိုယူနိုင်မလဲ ဆိုတာ အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေ စဉ်းစားနေကြပါတယ်။ ဗွီအိုအေ ရဲ့ လွှတ်တော်သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်