ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက်နှစ်ဦးနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တဦးကို တအောင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပြီး ဒီကနေ့ ဖမ်းဆီးလိုက်တဲ့အကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ကျနော်တို့ဒီကနေ့အခမ်းအနားမှာမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တက်ရောက်ပြီးတော့ စကားပြောပါတယ်။ VOA အခန်းကဏ္ဍ နောက်ပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွပ်လပ်ခွင့် တွေနဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီးက အထူးအလေးထားပြီးတော့ ပြောသွားပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့် ဖြစ်ပွားနေတာနဲ့အမျှ ပဋိပက္ခမှာ ပါဝင်နေတဲ့ မြန်မာ့တပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီး အပြစ်မဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လိုအပ်သလို၊ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှုရှိရလိမ့်မယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ်မှာ ဆေးခြောက်ကို ဆေးဝါးအဖြစ်နဲ့ တရားဝင် အသုံးပြုခွင့်ပေးထားပါတယ်။ Georgia ပြည်နယ်အပါအဝင် ပြည်နယ် အများအပြားမှာ ဆေးခြောက် အပင်စိုက်တာ၊ တင်ပို့တာနဲ့ ရောင်းချတာကတော့ တရားမဝင်ပါဘူး။ ဗွီအိုအေ သတင်းထောက် Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဇွန် ၁၁၊ ၂၀၁၇ - ကျောင်းပြင်ပရောက် ကလေးတွေရဲ့ ပညာရေးကို ကူညီပံ့ပိုးလုပ်ဆောင်နေတဲ့ myME Project ကို ဦးစီးတည်ထောင်ခဲ့သူ ကိုတင်မောင်မောင်အေး ကို မခင်ဖြူထွေး က တွေ့ဆုံမေးမြန်းထားပါတယ်။
နိုင်ငံရဲ့ စီးပွားရေးကြပ်တည်းမှုနဲ့ ပညာရေးကိုသိပ်ဦးစားမပေးနိုင်တဲ့ ပတ်ဝန်းကျင်ကြောင့် ဝမ်းစာရှာကြရတဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးဖို့လုပ်တာမှာ ပိုခက်နေတယ်လို့ ဒီကလေးတွေရဲ့ ပညာရေးကို လုပ်ဆောင်တဲ့ myME project ကို ဦးစီးတည်ထောင်သူ ကိုတင်မောင်မောင်အေးက ပြောပါတယ်။ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။
ပြည်ထောင်စု စုံစမ်စစ်ဆေးရေးဗျူရို FBI ညွန်ကြားရေးမှူးဟောင်း James Comey က သူ့ကို ရာထူးက ဖယ်ရှားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော်က လိမ်လည်ခဲ့တယ်လို့ ကြာသာပတေးနေ့က အထက်လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုသွားပါတယ်။ Michael Bowman ပေးပို့တဲ့သတင်းကို မခင်ဖြူထွေး တင်ပြထားပါတယ်။
မြန်မာနိုင်ငံ အနောက်ခြမ်းဒေသတွေမှာ ဒီသီတင်းပတ် တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုံး မိုရာ ကြောင့် ထိခိုက်ပျက်စီးမှုတွေ များပေမဲ့လို့ လူအသေအပျောက် မရှိတဲ့အကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရခိုင်အရေး အချက်အလက် ရှာဖွေရေးအဖွဲ့ကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တချို့နဲ့ ကုလသမဂ္ဂက ဖွဲ့စည်းလိုက်ပါပြီ။ မြန်မာအစိုးရဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သဘောမတူတဲ့အတွက် ပူးပေါင်း ဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်းကို အတိအလင်း ပြောဆိုခဲ့ပြီးဖြစ်သလို၊ အခုလည်း ဒီအတိုင်းပဲ ဆက်လက် ရပ်တည်မှာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရကပြောပါတယ်။
မေ ၂၈၊ ၂၀၁၇ - ဘန်းချောင်းကျောက်မီးသွေးတွင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဧပြီလကုန်ပိုင်းက ကမ္ဘာ့ဘဏ်ကို လာရောက်ပြီး တင်ပြခဲ့တဲ့ နော်ပီသလောကို ဗွီအိုအေ ဝါရှင်တန်ဒီစီ စတူရီယိုမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။
ဘန်းချောင်းဒေသမှာကျောက်မီးသွေးမိုင်းတူးဖော်နေတာကြောင့် ဒေသခံတွေအတွက် ပတ်ဝန်းကျင်နဲ့ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတာပါ။ ကြုံတွေနေရတဲ့အခြေအနေတွေကို ကမ္ဘာဘဏ်ကို လာပြီး တင်ပြခဲ့တဲ့ နော်ပီသလောကို ဗွီအိုအေ ဝါရှင်တန်ဒီစီ စတူရီယိုမှာ မခင်ဖြူထွေးက တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံကို ရှုစားနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ အတော်များများ ရှိခဲ့ပေမဲ့လို့၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူတွေ ခြိမ်းခြောက်ခံ၊ အနှောက်အယှက်ပေးခံရတဲ့ အခြေအနေတွေကတော့ မပြောင်းလဲတဲ့အပြင် ပိုဆိုးလာတဲ့ အခြေအနေတွေတောင် ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
ဥရောပသုံးနိုင်ငံခရီးထွက်နေတဲ့ မြန်မာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မေလ ၃ ရက်နေ့မှာတော့ အီတလီနိုင်ငံကို ရောက်ရှိနေပါတယ်။
"ဒီနှစ်က အနားယူတဲ့ သင်္ကြန်ပါဗျာ ၊ မိသားစုနဲ့ ရှိနေမှာပါ ကျနေ်ာအိမ်မှာပဲ၊ ကျနော်အလည်ခရီးလည်းထွက်ရင်တော့ ထွက်မှာပေါ့ အခုတော့ ကြည့်နေတုန်းပဲ ။"
"အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းဆောင်မှုကိစ္စမှာ အဲဒါကို အဓိကထား ပြောသွားပါတယ်။ အမျိုးသမီးတွေ စွမ်းဆောင်မှု မြှင့်တင်လာရင် တိုင်းပြည်ရဲ့ တိုးတက်မှုရှိလာမယ်။"
"ကိုယ့်တိုင်းပြည်အတွက် အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှုကဏ္ဍမှာ ပါဝင်လာမယ်ဆိုရင် မြန်မာနိုင်ငံကြီးဟာ အာရှမှာသာမက ကမ္ဘာမှာ ရင်ဘောင်တန်းနိုင်မယ်လို့ ပြောချင်ပါတယ်။"
“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂက အထူး စိုးရိမ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီစိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အကြံပြုနိုင်ဖို့၊ တိုးတက်တဲ့ခြေလှမ်းတွေ ဖော်ဆောင်နိုင်အောင်ဖို့နဲ့ လူ့အခွင့်အရေး....."
"Ms. Yanghee Lee ရဲ့ သူ့မစ်ရှင်အပြီးမှာ ထုတ်ပြန်ကြေညာတဲ့ ပြောကြားချက်မှာဆိုရင် တော်တော် ပြင်းပြင်းထန်ထန် ပါဝင်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အာရုံစူးစိုက်မှုတွေ၊ နိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံတွေကြားထဲမှာ အများကြီးရှိလာတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှု အပြင်းအထန်ဖြစ်မှာတော့ သေချာ ပါတယ်။"
NLD အစိုးရ ဦးဆောင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဒီ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ရှေ့လထဲအထိ ရက်ရွှေ့နိုင်ဖွယ် ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်