မြန်မာနိုင်ငံအကြောင်း နိုင်ငံတကာက ပိုမိုအာရုံစိုက် သတိထားမိလာအောင် ကြိုးပမ်းတဲ့နေရာမှာ အနုပညာ ဖန်တီးသူတွေရဲ့ ပါဝင်မှုကလည်း အရေးကြီးပါတယ်လို့ ဟောလိဝုဒ်မှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာပြည်ဖွား အနုပညာရှင် ကို Dylan Chow က ပြောပါတယ်။ မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ဖို့အတွက် အာဖဂန်ဒုက္ခသည် ၅ သောင်းကျော် အမေရိကန်စစ် အခြေစိုက်စခန်းတွေမှာ ရောက်နေကြပါပြီ။ သူတို့အခြေချနေထိုင်နိုင်အောင် အာဖဂန်-အမေရိကန် အသိုင်းအဝိုင်းနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေထဲက ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွှတ်ပေးတာတွေ ရှိပေမဲ့၊ ပြန်လွှတ်စာရင်းထဲမှာ ပါပြီးမှ လွတ်မြောက်မလာသူတွေ ရှိသလို၊ တချို့ကလည်း ပြန်လွတ်ပြီးမှ ချက်ချင်း ပြန်လည် အဖမ်းခံရသူတွေ ရှိနေပါတယ်။
UAE နိုင်ငံမြို့တော် ဒူဘိုင်းမှာ မြို့ပြ စိမ်းလန်းရေး အသားပေးတင်ပြတဲ့ စင်ကာပူ ၂၀၂၀ ကုန်စည်ပြပွဲ ကျင်းပနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် တနှစ်ရွှေ့ဆိုင်းပြီး ဒီနှစ် အောက်တိုဘာ လစဆန်းမှာမှ ကျင်းပနိုင်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး သားညွန့်ဦးက တင်ပြပေးပါမယ်။
စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသားတချို့ ဒီနေ့ အောက်တိုဘာ ၂၁ ရက်မှာလည်း အမျိုးသမီးတွေသီးသန့် ပြန်လွတ်လာခဲ့ပေမယ့် အများအပြား ကျန်ရှိနေသေးတာကြောင့် မနက်ဖြန်ဆက်လွှတ်မယ်လို့ မျှော်လင့်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်လို့ ဖမ်းဆီး ထောင်ချခံထားရသူ ထောင်နဲ့ချီကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒုတိယနေ့အဖြစ် ပြန်လွှတ်ပေးနေတဲ့ထဲမှာ သတင်းသမားတချို့နဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့ ဒီနေ့ အောက်တိုဘာ ၁၉ရက်မှာ ပြန်လွတ်လာကြပါတယ်။
နေပြည်တော် သီးသန့်တရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း စစ်ဆေးနေကျ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမှု ၃ မှုနဲ့ သမ္မတဦးဝင်းမြင့် အမှု ၁ မှု တို့ကို ဒီနေ့အောက်တိုဘာ ၁၈ ရက်မှာ ဆက်လက် ကြားနာပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရေး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသက် ၁၂ အထက် ကျောင်းသား၊သူ တွေကို စထိုးပေးပါပြီ။ ရောဂါထိန်းချုပ်နိုင်တဲ့အခြေအနေပေါ်မူတည်ပြီး ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မခင်ဖြူထွေးပြောပြပေးပါမယ်။
အမှုပေါင်း ၁၁ မှုထက်မနည်းနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက် ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ထဲက တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကို 'ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ အမှုတွေအကြောင်း မပြောရ' လို့ စစ်ကောင်စီက အောက်တိုဘာ ၁၄ ရက်နေ့က အမိန့်ထုတ်ပြန် ကန့်သတ်ခဲ့ပါတယ်။
ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အဂတိလိုက်စားမှု ၄ မှုကို နေပြည်တော် အထူးတရားရုံးမှာ ကြားနာခဲ့တာမှာ စစ်ကောင်စီဘက်က အဓိကသက်သေခေါ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီးရောက်လာမထွက်တဲ့အတွက် အဲဒီအမှု မစစ်နိုင်ခဲ့ပါဘူး။
သြစတြေးလျနိုင်ငံ Tasmanian မြို့မှာရှိတဲ့ Huonville အထက်တန်းကျောင်းဟာ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ နည်းပညာတွေ လူတွေ ပိုပြီး သိရှိနားလည်လာအောင် သင်ကြားပေးနေပြီး စွမ်းအင်ပြဿနာကို ကူညီဖြေရှင်းနိုင်မယ့် မျိုးဆက်သစ်တွေ လေ့ကျင့် ပျိုးထောင်ပေးနေပါတယ်။ အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဒီနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို သတင်းထောက်နှစ်ဦး ပူးတွဲ ချီးမြှင့်ခံရသလို၊ ဒီအထဲမှာ တဦးက ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ရှေ့တန်းက ရပ်တည် တိုက်ပွဲဝင်နေသူ အမျိုးသမီး သတင်းထောက် Maria Ressa ဖြစ်ပါတယ်။
၂၀၁၅ အီရန် နျူကလီးယားအရေး သဘောတူညီချက်ကို ပြန်လည် အသက်သွင်း နိုင်ဖို့အတွက် အီရန်အနေနဲ့ သြစတီးယားနိုင်ငံ ဗီယက်နာမြို့က စေ့စပ်ညှိနှိုင်းပွဲတွေကို ပြန်တက်ရောက်သင့်တဲ့အချိန် လွန်နေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုလိုက်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ စီးပွါးရေးအကြံပေး Sean Turnell အပါ ငါးဦးအပေါ် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုကို နေပြည်တော်မှာ ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဆက်ပြီး စစ်ဆေးကြားနာပေမယ့်လည်း စကားပြန်ကိစ္စငြင်းခုန်နေကြတာကြောင့် အမှုမစစ်ဆေးနိုင်ခဲ့ကြောင်း ရှေ့နေတွေက ပြောပါတယ်။
တပ်မတော်အကြည်ညိုပျက်စေမှုနဲ့ ဦးစည်သူအောင်မြင့်၊ တပ်မတော်အကြည်ညိုပျက်စေမှုအပြင် မတရားအသင်းနဲ့ဆက်နွယ်မှုနဲ့ပါ အစွဲခံရသူ မထက်ထက်ခိုင်တို့ကို ရုံးထုတ်ခဲ့ပေမယ့် ကြားနာစစ်ဆေးမှုမရှိတဲ့အတွက် အမှုရင်ဆိုင်နေရသူတွေအတွက် ထောင်ဒဏ် ၇ ရက် (သို့) ၁၄ ပိုကျခံရတာနဲ့တူနေကြောင်း ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
အာဖဂန်မှာ ဆင်းရဲမွဲတေမှုနဲ့ ဘေးဒုက္ခအန္တရာယ် အကျပ်အတည်းတွေကို ဟန့်တားဖို့ G-20 စီးပွားရေးအင်အားကောင်းတဲ့ နိုင်ငံတွေနဲ့ စက်မှု အင်အားကြီး နိုင်ငံတွေ မနေ့က အွန်လိုင်းကနေ အစည်းအဝေး ကျင်းပပြီး ဒေါ်လာ ဘီလျံနဲ့ချီ အကူအညီပေးဖို့ ကတိပေးနေကြပါတယ်။ Henry Ridgwell ရဲ့ သတင်းလွှာကို မခင်ဖြူထွေး တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးကြောင့် COVID-19 ကူးစက်မှုနှုန်း ကျဆင်းလာတာနဲ့အမျှ၊ လုပ်ငန်းခွင်တချို့မှာ ဝန်ထမ်းတွေကို ကာကွယ်ဆေး မဖြစ်မနေထိုးဖို့ တွန်းအား ပေးတာတွေ ပိုများလာပါတယ်။ Michelle Quinn ပေးပို့တဲ့သတင်းကို မခင်ဖြူထွေး တင်ပြပေးပါမယ်။
“ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူ ၂ ယောက်က သမ္မတရာထူးက ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ပြောတယ်။ သမ္မတကြီးက ကျန်းမာရေးကောင်းမွန်တဲ့အတွက် နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောတဲ့အခါမှာ ပြန်စဉ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မှုအန္တရာယ် ရှိနိုင်တယ်လို့ သူ့ကို ပြောတယ်တဲ့။” -ရှေ့နေဦးခင်မောင်ဇော်
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို မရောက်သေးကြောင်းနဲ့ တွေ့ဆုံဖို့ အစီအစဉ် ပျက်သွားတာမဟုတ်ဘဲ ရက်ရွှေ့ပြောင်းလိုက်တာဖြစ်ကြောင်းနဲ့ နေ့ရက် အချိန် ပြောင်းရန်သာရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ပါတယ်။
“သူ့အဒေါ်အိမ်ဝင်သွားတဲ့အချိန် ဘာမှမဖြစ်ဘူး။ ထွက်လာတဲ့အချိန်ကျမှ သူ့ဦးလေးဆိုင်ကယ်ဘေးနား ငှက်ပျောသီးရှိလို့ ငှက်ပျောသီး တလုံးယူစားမယ်ဆိုပြီးမှ ဆိုင်ကယ်နားသွားလိုက်တာနဲ့ နင်းမိသွားတာ။” (ဒေါ်ကွယ်မြာ၊ မိုင်းနင်းမိသူရဲ့သူငယ်ချင်း)
နောက်ထပ်ကြည့်ရှုရန်