စစ်တပ်အာဏာသိမ်းမှုကို လက်နက်နဲ့ တွန်းလှန်မှုတွေလည်း ရှိတာကြောင့် ဒေသတချို့မှာ တိုက်ပွဲတွေဖြစ်ပြီး၊ နေရပ်စွန့်ခွာပြေးကြရသူတွေ တနေ့တခြား ပိုများလာနေ ပါတယ်။ အဲဒီသူတွေကို စားသောက်နေထိုင်ရေးနဲ့၊ ကပ်ဘေးကနေ အကာအကွယ်ပေးနိုင်ရေးကလည်း ပိုခက်ခဲ လာနေပါတယ်။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မခင်ဖြူထွေးပြောပြပေးပါမယ်။
“ကိုဖြိုးမင်းသိန်းပေးပါတယ်ဆိုတဲ့ ဒေါ်လာတွေ ရွှေတွေက သက်သေခံ မတင်နိုင်ဘူး။ ပေးရတဲ့အကြောင်းကလည်း ဘာကိစ္စမှ ပေးတာမရှိဘူး။...ရန်ကုန်တိုင်းမှာရှိတဲ့ စီမံကိန်းတွေဘာတွေပြောတယ်။ ...သူပေးတဲ့ ရက်တောင်သေချာမသိဘူးလေ။ အမှန်တရားတခုရှိမှ အမှန်တရားပေါ်မှ တကယ့်ဖြစ်ရပ်ပေါ်မှာလေ။"(ဦးကြည်ဝင်း၊ ရှေ့နေ)
သာမန်အခြေအနေ မဟုတ်တဲ့ အကျပ်အတည်း ကာလတွေမှာ အမျိုးသမီးတွေ အတွက် ဘယ်လို စိတ်ဒဏ်ရာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံရတတ်ပါလဲ။ ဒါတွေကို ကျော်ဖြတ်ဖို့ ဘယ်လို နည်းလမ်းတွေ လုပ်ဆောင်သင့်သလဲ ဆိုတာ စိတ်ပညာ ပါရဂူဘွဲ့ကျောင်းသူ မဖြူပန်းနုခင်ကို ဆက်သွယ်မေးမြန်းပြီး အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့် လူနာကို ကိုယ်တိုင်တွေ့ ကုသပေးတာမျိုးအစား အွန်လိုင်းပေါ်ကနေ ကြည့်ပြီး ကုသပေးတာတွေ တွင်ကျယ်လာသလို၊ ဒီကုသနည်းက ထိရောက်တဲ့အကြောင်း လေ့လာမှုတွေမှာ ဖော်ပြနေပါတယ်။ ဒီအကြောင်း Carol Pearson ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်း အသုံးစရိတ် ဥပဒေမူကြမ်းကြီး ၂ ရပ် ချမှတ်နိုင်ရေး သဘောထား ကွဲလွဲမှုတွေကို စေ့စပ်ညှိနှိုင်းဖို့ သမ္မတ ဂျိုးဘိုင်ဒန် ဒီသီတင်းပတ်ထဲ ပိုမို အာရုံစိုက် လုပ်ဆောင်နေရပါတယ်။ Michelle Quinn ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်တွေမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စစ်အာဏာသိမ်းတာကို ကန့့်ကွက်တဲ့သဘောထားအမြင်ကြေညာချက်ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတယ်” ဆိုပြီး သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ စစ်ကောင်စီက တရားစွဲနေတာဖြစ်ပါတယ်။
နှစ်စဉ်ပေးအပ်တဲ့ ဂရိနိုင်ငံ အေသင်မြို့တော်ရဲ့ ဒီမိုကရေစီဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီး မဝေေ၀နုက ဒီနှစ် ဂုဏ်ပြု ချီးမြှင့်ခံရပါတယ်။
နှစ်စဉ်ပေးအပ်တဲ့ ဂရိနိုင်ငံ အေသင်မြို့တော်ရဲ့ ဒီမိုကရေစီ ဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီး မဝေေ၀နုက ဒီနှစ် ဂုဏ်ပြု ချီးမြှင့်ခံရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့ အဂတိလိုက်စားမှုတွေထဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ပါဝင်ပြီး ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီတရားလိုပြသက်သေအဖြစ် ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း လာရောက်ထွက်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီး လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတဦးဖြစ်တဲ့ မဝေေ၀နုကို ဂရိနိုင်ငံ အေသင်မြို့တော်ဝန် ပါဝင်တဲ့ ရွေးချယ်ရေးအဖွဲ့က ဒီနှစ် ၂၀၂၁ ခုနှစ်အတွက် အေသင် ဒီမိုကရေစီဆု ဂုဏ်ပြု ချီးမြှင့်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး Sean Turnell နဲ့ အစိုးရအဖွဲ့ဝင်ဟောင်းသုံးဦးတို့ကို ထောင်ဒဏ် ၁၄ နှစ်ချနိုင်တဲ့ လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စစ်ကောင်စီကတရားစွဲထားတဲ့အမှု ဒီနေ့ ဒုတိယအကြိမ်ကြားနာခဲ့ပေမယ့် ဒီကနေ့ရုံးချိန်းမှာလည်း ရှေ့နေတွေနဲ့သီးခြားတွေ့ဆုံခွင့်မရခဲ့ပါဘူး။
အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းမှုက အိန္ဒိယနဲ့ပါကစ္စတန် ဆက်ဆံရေးတင်းမာမှု လျော့ကျရေးမှာတော့ သက်ရောက်မှု မရှိသလောက်ပါပဲ။ အမေရိကန်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ သိပ်မကြာခင်က တွေ့ဆုံခဲ့တာနဲ့ ဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
တူရကီနိုင်ငံထဲက ကာ့ဒ်လူမျိုးတွေ အများစုနေထိုင်တဲ့ Diyarbakir ဒေသမှာ အမျိုးသမီး စက်ဘီးစီးသူတွေအကြောင်း လူတွေ ပိုသိလာအောင်၊ အမျိုးသမီးတွေလည်း စက်ဘီးစီးကြတယ်ဆိုတာ နားလည်အောင် ပညာပေးလှုံ့ဆော်တဲ့ အနေနဲ့ စက်ဘီးတွေကို အလှဆင်ပြီး စုဝေး စက်ဘီးနင်း ချီတက်ခဲ့ကြပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
“ငြိစွန်းအောင်ခိုင်လုံတဲ့သက်သေတွေရှာပေမယ့် တကယ်ကျတော့ မငြိစွန်းဘူးလေ။ သက်သေခံပစ္စည်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည်လက်ထဲက သိမ်းတာမဟုတ်ဘူး။....ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေကိုယ်တိုင်က ဒီပစ္စည်းတွေက သူတို့တပ်မတော်က သူတို့ပြည်ထဲရေးဘက်က ကိုင်တာဆိုတာပြောထားပြီးပြီ။” (ရှေ့နေဦးကြည်ဝင်း)
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ဘက်မှာ မနေ့ညနေက ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် အနီးနားကရွာ ၃ ရွာလောက်က ဒေသခံတွေ ညတွင်းချင်း အိုးအိမ်စွန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အာဖဂန်ကို ပြန်အုပ်ချုပ်နေတဲ့တာလီဘန်တွေက အစိုးရအဖွဲ့ထဲမှာ အမျိုးသမီးတွေထည့်သွင်း ခန့်အပ်မယ်လို့ ပြောနေပေမဲ့ ခုချိန်ထိအစိုးရအဖွဲ့ဝင်တွေထဲမှာတော့အမျိုးသမီးတဦးမှ မတွေ့ရသေးပါဘူး။ စာသင်ကျောင်းတွေမှာ မိန်းကလေးတွေ ကျောင်းပြန်တက်ခွင့် မပြုသေးတာကြောင့် ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်လက်မှတ်နဲ့ အလုပ် လုပ်ပြီး ထိုင်းအစိုးရရဲ့ လူမှုဖူလုံရေး အစီအစဉ် ဝင်ထားသူတွေတောင် လက်ရှိ ကိုဗစ်ကာလမှာ အကူအညီ မရတာရှိသလို၊ အလုပ်သမားတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောပါတယ်။
COVID-19 ကပ်ဘေးနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အကျပ်အတည်း အပါအဝင် ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အားလုံး တညီတညွတ်တည်း ရှိကြဖို့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တိုက်တွန်းလိုက်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Covishield တကြိမ်ထိုးထားပြီးသူတွေအနေနဲ့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို အစကနေ ပြန်ထိုးဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။
ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးရဲ့ ဒီနှစ် ၂၀၂၁ ခုနှစ်အတွက် သြဇာသက်ရောက်မှု အရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာအမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။ ဒီအထဲကတဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ လူငယ်အမျိုးသမီး မအက်စတာဇေနော ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်