{Zawgyi/Unicode}
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Erywan Yusof နဲ့ နိုင်ငံရေးပါတီတချို့ ဒီနေ့ အောက်တိုဘာ ၁၂ ရက် တွေ့ဆုံမယ့်အစီအစဉ် ပျက်သွားတယ်လို့ တွေ့ဆုံပွဲဖိတ်ခံရတဲ့ ပါတီတွေက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကတော့ အထူးကိုယ်စားလှယ် မြန်မာနိုင် ငံကို ရောက်မလာသေးတဲ့အတွက် တွေ့ဆုံပွဲမဖြစ်တာလို့ပြောပြီး ဆွေးနွေးပွဲ နေ့ရက် အချိန် အပြောင်းအလဲဖြစ်တာလို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန် ယူစွတ်နဲ့ ဒီနေ့ အောက်တိုဘာ ၁၂ ရက် နေ့လည်ပိုင်းမှာ တေ့ွဆုံပွဲလာဖို့ ရွေးကောက် ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတချို့ကို ဖိတ်ကြားခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ တေ့ွဆုံပွဲ အစီအစဉ် ပျက်သွားတယ်လို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒီနေ့ တေ့ွဆုံမယ့် အစီအစဉ်မဖြစ်ပေမဲ့ နောင်ရှိလာနိုင်တယ်လို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က VOA ကို အခုလို ပြောပါတယ်။
“အော် UEC က ပြောတာ ပျက်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီနေ့ တွေ့ဆုံပွဲ အစီအစဉ်မဖြစ် ဘူး ပေါ့နော်၊ သူကတော့ ပြန်ဆက်သွယ်မယ်လို့ပဲ ပြောပါတယ်၊ ဒီနေ့အစီအစဉ်တော့ မဖြစ်ဘူးပေါ့နော်၊ ပျက်တယ်လို့လည်း ပြောတာမဟုတ်ဘူး၊ ဒီနေ့ တွေ့ဆုံပွဲအစီအစဉ်မဖြစ်ဘူး၊ အကျိုးအကြောင်း ပြန်ဆက်သွယ်ပါမယ်လို့ပဲ ဒီလိုပဲ ပြောတာ။”
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဘိုဝင်းကတော့ နက်ဖြန် အောက်တိုဘာ ၁၃ ရက်နေ့ကို ရက်ရွှေ့လိုက်ပြီး တွေ့ဆုံမယ့်အချိန်တော့ မသိရသေးဘူးလို့ VOA ကိုပြောပါတယ်။
“အင်း ရက်ရွှေ့လိုက်တာပဲ ပြောပါတယ်။ အင်းဟုတ်တယ်၊ ဟုတ်တယ်။ ရွှေ့ဆိုင်းလိုက် တာပေါ့၊ ရက်ရွှေ့လိုက်တာလို့ ပြောတာ သူတို့ အဲ့ဒါတော့ မနက်ဖြန်ပေါ့၊ မနက်ဖြန်မှ လုပ်မှာပေါ့။ အချိန်တော့ မသိသေးဘူးလေ။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ရုံးမှာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof နဲ့ တွေ့ဆုံဖို့ နိုင်ငံရေးပါတီတချို့ကို UEC ကစီစဉ်ခဲ့တာပါ။ UEC တာဝန်ရှိသူကို VOA က အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။ ခုလို ဆွေးနွေးပွဲတက် ဖို့ ဖိတ်ကြားထားပြီး အစီအစဉ်ပျက်သွားတာ ဘာကြောင့်လဲဆိုတာ အတိအကျ မသိဘူးလို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို မရောက်သေးကြောင်းနဲ့ တွေ့ဆုံဖို့ အစီအစဉ် ပျက်သွားတာမဟုတ်ဘဲ ရက်ရွှေ့ပြောင်းလိုက်တာလို့ သတင်းမီဒီယာတွေကို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နေ့ရက် အချိန် ပြောင်းရန်သာရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့က ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေနဲ့ တာဝန်ပေးထားပါတယ်။ သူဟာ မြန်မာနိုင်ငံသွားရောက်နိုင်ဖို့နဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံနိုင်ဖို့ တောင်းဆိုထားပါတယ်။
သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံက လက်မခံတာမဟုတ်ဘူးလို့ ဂျပန်သတင်းဌာနတခုဖြစ်တဲ့ မိုင်အီနိချိ (Mainichi) သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ အချို့သောအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အာဆီယံပြင်ပနိုင်ငံတွေက ကန့်သတ်ချက်သဘောပါတဲ့ ဆောင်ရွက်မှုတွေနဲ့ ဖိအားပေးနေတာလို့လည်း သူကဆိုပါတယ်။ ဒါ့အပြင် အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွခွင့်ပြုမလားဆိုတဲ့ Mainichi သတင်းဌာနရဲ့ မေးခွန်းကိုတော့ ဂျပန်မှာ အမှုရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် တယောက်၊ ဝန်ကြီးတယောက်ကို တခြားနိုင်ငံတွေက တေ့ွခွင့်တောင်းရင် ဂျပန်အစိုးရကရော တေ့ွခွင့်ပေးမလားဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် မေးခွန်းပြန်ထုတ် တုံ့ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ရေး အချက် ၅ ချက်ပါတဲ့ သဘောတူညီချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဆီယံခေါင်းဆောင်တွေ သဘောတူထားကြပါမယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံ ပြဿနာမှာ ပါတ်သက်နေသူ အားလုံးနဲ့ အထူးကိုယ်စားလှယ် တေ့ွဆုံဆွေးနွေးရေးဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
---------
{Unicode}
#MyanmarASEAN #ASEANEnvoyMyanmar #MyanmarPolitics #VOABurmese