စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်လာချိန် နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်တဲ့ အလုပ်ရှင်တွေ ပိုများလာပြီး အကာအကွယ်ပေးတဲ့ ယန္တရားတွေလည်း မရှိတော့တာကြောင့် စက်မှုဇုံ အလုပ်သမားတွေအတွက် အကျပ်အတည်းတွေ ပိုဆိုးလာတယ်လို့ အမျိုးသမီး စက်ရုံအလုပ်သမားတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင် အနှစ် ၆၀ ပြည့် အထိမ်းအမှတ် ကမ္ဘာ့အကြီးဆုံး ပြောင်းဖူးခင်း ဝင်္ကဘာကြီးတခု ရှီကာဂိုမှာ ဖန်တီး၊ လမ်းပေါ်က ချိုင့်ခွက်ကို မှန်စီကြွေပြား ပန်းချီပုံတွေနဲ့ လိုက်ဖာနေတဲ့ အနုပညာရှင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေကြား ဘေးလွတ်ရာ ထွက်ပြေးနေတဲ့သူတွေ စုစုပေါင်း ၁၀,၀၀၀ လောက်အထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ့ ခန့်မှန်းပါတယ်။
ယူကရိန်း စစ်တပ်အတွက် စစ်လက်နက်တွေထောက်ပံ့ပေးနိုင်ဖို့ အလွှာအသီးသီး၊ အရွယ်စုံနဲ့ စစ်ရေးအတွေ့အကြုံရှိသူတွေက အလှုငွေတွေကို လှုဒါန်းပေးနေပါတယ်။ ဒီလို လှုဒါန်းကြတဲ့ထဲ satellite ဂြိုလ်တု တစ်လုံးလည်း ပါဝင်တဲ့အကြောင်း Kyiv မြို့ကနေ Anna Chernikova သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
"ဒီနေ့မှ တိုက်ပွဲလည်းမရှိဘဲနဲ့ စစ်ရှောင်တွေရှိတဲ့ နေရာကို လေယာဉ်နဲ့ လာကြဲသွားတာရှင့်။ သူတို့ လေကြောင်းနဲ့ ပစ်တဲ့အခါကျတော့ အဲဒီ စစ်ရှောင်ကလေးတွေက ထွက်ပြေးရတယ်၊ နောက်ပြီး ကလေးတွေက တော်တော်စိတ်မကောင်းဖြစ်ပြီး ငိုနေရတယ် အဲလိုမျိုးရှိတယ်။" (လွိုင်လင်လေးကျေးရွာ စစ်ဘေးရှောင်)
ဗီယက်နမ်တောင်ပေါ်က ကမ္ဘာ့အရှည်ဆုံး မှန်သားအောက်ခံကြမ်းပြင်နဲ့ တံတားဖွင့်လှစ်၊ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဗင်နီဇွဲလားက အသက် ၁၁၃ နှစ် ဘိုးဘိုး ကမ္ဘာ့ဂင်းနစ်စံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အစားအစာ အရသာမြည်းပေးမယ့် စက်ရုပ် ဗြိတိန်မှာ တီထွင်နေ၊ ဟယ်ရီပေါ်တာ ရုပ်ရှင်ကားထဲမှာ ပါတဲ့ ကွတ်ဒစ်ချ် (Quidditch) ကစားနည်း တကယ့်အားကစားနည်း ဖြစ်ဖို့ ကြိုးပမ်း၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းမှုတနှစ်ပြည့်အဖြစ် ရန်ကုန်၊ မန္တလေး၊ ကလေး၊ မုံရွာ၊ ဆားလင်းကြီး၊ မြစ်ကြီးနား စတဲ့မြို့ကြီးအတော်များများနဲ့ မြန်မာပြည်အနှံ့မှာ အသံတိတ်သပိတ်မှောက်ခဲ့ကြပြီး သပိတ်လှန်တဲ့ ညနေ ၄ နာရီမှာတော့ လက်ခုပ်တီး၊ သံပုံးတီးပြီး ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တနှစ်တင်းတင်းပြည့်တော့မယ့်အချိန်မှာ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေက ပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘဝတွေ ပြင်းပြင်းထန်ထန်ရိုက်ခတ်မှုရှိပြီး ဘက်ပေါင်းစုံက နလံမထူနိုင်ဖြစ်နေရတာပါ။ ရန်ကုန်က ပေးပို့တဲ့ သတင်းထောက်မှတ်စုကို မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
NLD အစိုးရလက်ထက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ် ၁၆ နှစ်စီချမှတ်လိုက်ပါတယ်။ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်အပေါ် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေအပါအဝင်၊ တခြားပုဒ်မတွေအတွက် အစောပိုင်းထဲက ထောင်ဒဏ် ၃၈ နှစ်ချထားတာပါ။
ဗုဒ္ဓဘုရားရှင်ရဲ့ မျှော်မှန်းချက်၊ လမ်းစဉ်တွေကို လက်ကိုင်ထားပြီး ဘိက္ခုနီသာသနာ ထွန်းကားရေး ကြိုးပမ်းတာမှာ အဟန့်အတား စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲပဲလို့ အမျိုးသမီးရဟန်း ဘိက္ခုနီတွေက မိန့်ပါတယ်။ ဘိက္ခုနီသာသနာ ထွန်းကားရေး ဆောင်ရွက်နေသူတွေ အကြောင်း ဒုတိယပိုင်းကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်နဲ့ လွိုင်ကော်မြို့နဲ့ မဝေးတဲ့ ရေယိုကျေးရွာတို့မှာ လူသေအလောင်း ၉ လောင်း ဒီနေ့ ထပ်မံတွေ့ရှိရတယ်လို့ လူမှုကူညီရေးအသင်းက ပြောပါတယ်။ ဒီလအတွင်းမှာ တွေ့ရှိတဲ့ အလောင်း ၂၀ ကျော်ရှိနေပါပြီ။
အိန္ဒိယမှာ ခေါင်း ၂ လုံးနဲ့ နွားလေး တကောင် ပေါက်ပါတယ်။ နယ်သာလန်နိုင်ငံ ကိုဗစ်ကန့်သတ်ချက် ဆန္ဒပြပွဲမှာ ဆံပင်ညှပ်ပေးပါတယ်။ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး NLD အစိုးရ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် စွဲဆိုထားတဲ့ အဂတိမှု အသစ် ၅ မှုရဲ့ တရားလိုကို လာမယ့်ရုံးချိန်း မှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာ အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ ရဟန်းခံခွင့် ရဖို့ ကြိုးစားကြတဲ့အခါ ဘယ်လို အဟန့်အတား၊ စိန်ခေါ်မှုတွေ ရှိနေပါလဲ။ ဒါတွေကို ဘယ်လို ကျော်ဖြတ် ရင်ဆိုင်နေကြပါလဲ။ နိုင်ငံတချို့မှာ ဘိက္ခုနီသာသနာ ပြန်လည် ထွန်းကားရေး ကြိုးပမ်းနေကြတဲ့အကြောင်းကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရ လက်ထက်က ဝန်ကြီး သုံးဦးတို့အပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုကို ဒီနေ့ ဇန်နဝါရီ ၂၀ရက်နေ့မှာ ဆက်လက်ကြားနာ စစ်ဆေး
တရုတ်နိုင်ငံ၊ ဘေဂျင်းအိုလံပစ်ပွဲတော်လာတဲ့ သတင်းသမားတွေကို စက်ရုပ်စားပွဲထိုးတွေ၊ စက်ရုပ်စားဖိုမှူးတွေနဲ့ ကျွေးမွေးဧည့်ခံ၊ ဂျပန်၊ တိုကျိုမြို့တော် တိရစ္ဆာန်ရုံမှာ ပန်ဒါအမွှာလေး ပထမဦးဆုံးအကြိမ် လူရှေ့ထုတ်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ရဲစခန်းမှာ ဒီနေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လည်ပိုင်းလောက်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲပါတယ်။ မုံရွာမြို့မှာလည်း စစ်ကောင်စီက လမ်းဖွင့်ပွဲအခမ်းအနားလုပ်ခါနီး ပေါက်ကွဲမှုတစ်ခုကြောင့် ပွဲဖျက်ခဲ့ရပါတယ်
ကယားပြည်နယ် လွိုင်ကော်မြို့မှာ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေရော ၊ ရဟန်း သံဃာတွေပါ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ မြို့မှာ ကျန်နေတဲ့ သံဃာတွေမှာလည်း အခက်အခဲတွေ ရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။
နိုင်ငံရေး ပါတီတွေမှာ ဦးဆောင် လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလ အတွေ့အကြုံ၊ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေ အကြောင်း အမျိုးသမီးအများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်