NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက အဂတိလိုက်စားမှု ၅ မှုနဲ့ ထပ်တိုး တရားစွဲဖို့ပြင်ဆင်နေတာမှာ ရဟတ်ယာဉ် ငှားရမ်းမှု၊ သစ်လုပ်ငန်းပါမစ် လျှောက်ထားမှု စတာတွေနဲ့ပတ်သက်ပြီး တရားစွဲမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က ဒေသခံပြည်သူတွေအပြင် ရဟန်းသံဃာတော်တွေပါ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တရားစွဲခံနေရတဲ့ထဲက အမှု ၃ မှုအတွက် နေပြည်တော်အထူးတရားရုံးက တပေါင်းတည်း ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၇၄ နှစ်အရွယ် ပြင်သစ်အမျိုးသား အတ္တလန်တိတ် သမုဒ္ဒရာကို ကနူးလှေငယ်လေးနဲ့ ဖြတ်သန်းနေပါတယ်။ နှစ်ဟောင်းနဲ့ နှစ်သစ် သက္ကရာဇ်မတူဘဲ မွေးတဲ့ အမွှာတစုံ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အဂတိလိုက်စားမှု ၅ မှုထဲက ၃ မှုကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ စစ်ဆေးရာမှာစစ်ကောင်စီဘက်က လိုပြ သက်သေအဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အရာရှိ ဦးနေမျိုးအောင်နဲ့ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနအရာရှိ ဦးအောင်မျိုးဦးတို့ ထွက်ဆိုကြောင်း ရှေ့နေတဦးကပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာတာကြောင့် ကယားပြည်နယ်မှာ စစ်ပြေး ဒုက္ခသည်တွေ တနေ့တခြား ပိုများလာနေပြီး အမျိုးသမီးတွေအတွက် စိတ်ပိုင်း ရုပ်ပိုင်း လုံခြုံမှု ပိုမို ကင်းမဲ့လာနေတယ်လို့ စစ်ပြေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ မဇူးပဒုမ္မာက ပြောပါတယ်။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ရခိုင်အခြေစိုက် အွန်လိုင်းသတင်းဌာန Western News ကို နိုင် ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့စစ်ကောင်စီဘက်က တရားစွဲတာဟာ ပလက်ဝမြို့နယ်ထဲက စစ်တပ် တပ်ရင်းတခုမှာ အလံဖြူထောင်ထားတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ပြီးနောက် ခုလို တရားစွဲခံရတာဖြစ်တယ်လို့ Western News အယ်ဒီတာချုပ်က ဗွီအိုအေကို ပြောပါတယ်။
“ကိုချစ်ဝင်းသူဆိုတဲ့ အကိုတယောက်ရယ်။ ဒေါက်တာအေးဇံ အမျိုးသမီးရယ်။ သူ့သားရယ်။ အဲဒီ ၃ယောက်ပေါ့။ စုစုပေါင်း ၃ ယောက်ပေါ့။ ကိုချစ်ဝင်းသူကတော့ သူတို့ဆီက အလုပ်လုပ်တာပေါ့။ အဲဒီအကိုကြီးပါတယ်။ ငိုသံတွေကြားရတယ်။ အိမ်တွေထဲ သွေးတွေပေနေတယ်။ စစချင်း ပစ်ဖမ်းတာလို့ပြောတယ်။” (မိသားစုနဲ့နီးစပ်သူ)
ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ NLD မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှု ၆ မှုနဲ့ ထောင်ဒဏ် ၁၈ နှစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးသိန်းဦးတို့ကိုလည်း အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်မှုနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချလိုက်ပါတယ်။
၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အတွက် ဘယ်လို နှစ်မျိုး ဖြစ်ခဲ့ပါလဲ။ နှစ်သစ်အတွက်ရော ဘယ်လို မျှော်မှန်း ပြင်ဆင်မှုတွေ ရှိနေသလဲ ဆိုတာတွေကို လူ့အဖွဲ့အစည်းအတွင်း ကဏ္ဍအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီးတချို့ရဲ့ အသံတွေကို စုစည်းထားတဲ့ ဒုတိယပိုင်းကို မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
မကြာခင် ကုန်လွန်တော့မယ့် ၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေ အတွက် ဘယ်လို နှစ်မျိုး ဖြစ်ခဲ့ပါလဲ။ နှစ်သစ်အတွက်ရော ဘယ်လို မျှော်မှန်း ပြင်ဆင်မှုတွေ ရှိနေသလဲ။ လူ့အဖွဲ့အစည်းအတွင်း ကဏ္ဍအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီး တချို့ရဲ့ အသံတွေကို စုစည်းပြီး အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပုဒ်မတခုနဲ့ ထပ်တိုးတရားစွဲဆိုလိုက်တယ် လို့ သူ့ရှေ့နေကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း အသက်မပြည့်သေးတဲ့ကလေးငယ်တွေ ရာဂဏန်း ဖမ်းဆီးထိမ်းသိမ်းခံထားရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ အကြမ်းဖက်မှုဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတယ်လို့ အကူအညီပေးနေတဲ့ရှေ့နေတွေက ပြောပါတယ်။
ဟောလိဝုဒ် အနုပညာလောကမှာ မြန်မာပြည်ဖွားတွေအတွက် နေရာတခုရဖို့ မလွယ်ပေမဲ့ အခက်အခဲတွေကြားကပဲ အောင်မြင်မှုရအောင် ကြိုးစားနေတယ်လို့ GodComplx ရုပ်သံဇာတ်လမ်း စီးရီးမှာ အဓိကသရုပ်ဆောင် တယောက်အဖြစ် ပါဝင်ခဲ့တဲ့ ချင်းလူမျိုး ရုပ်ရှင်မင်းသမီး ပရစ်ဆဲလာ ဘွိုင်ချာ က ပြောပါတယ်။ မခင်ဖြူထွေး ဆက်သွယ် မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးနဲ့အတူ စစ်တပ် အာဏာသိမ်းမှုကြောင့် အကျပ်အတည်းတွေ ကြားမှာ စာသင်အရွယ် ကလေးငယ်တွေ အတွက် ပညာရေးမှာ အဟန့်အတားတွေ ကြုံနေရပေမဲ့၊ အခက်အခဲတွေ ကြားမှာပဲ အခွင့်အလမ်းတွေ လည်း ရှိနေသေးတဲ့အကြောင်း 360ed ပညာရေးလုပ်ငန်းကို တည်ထောင်ခဲ့သူ မလှလှဝင်းက ပြောပါတယ်။ အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်ထဲက ခရစ္စမတ်သစ်ပင်ကြီးမှာ နှစ်စဉ် အလှဆင် ချိတ်ဆွဲတဲ့ Christmas ornament အလှဆင် ပစ္စည်းတွေထဲမှာ အမေရိကန် သမ္မတတွေကို ဂုဏ်ပြု ဖန်တီးထားတဲ့ အလှဆင်ပစ္စည်းတွေလည်း ပါ ပါတယ်။ ဒီနှစ် ဘယ်သမ္မတကို ဂုဏ်ပြုထားပါလဲ။ ဒီအစဉ်အလာ ဘယ်လို စခဲ့လဲ။ အေပီသတင်းကို အခြေခံပြီး မခင်ဖြူထွေး တင်ပြထားပါတယ်။
ကမ္ဘာရေးရာတွေမှာ ရှေ့တန်းက ဦးဆောင် ပါဝင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု တဖန် ပြန် ဖြစ်လာရမယ်လို့ ကတိပြု ပြောဆိုပြီး သမ္မတ ဘိုင်ဒန် အစိုးရ တက်လာခဲ့သလို၊ မဟာမိတ်နိုင်ငံတွေနဲ့ အနီးကပ် ဆက်ဆံရေး တိုးမြှင့်သွားမယ့်အကြောင်း နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း ကတိပြုထားပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဒီဇင်ဘာ ၁၃ ရက် မနက်စောက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ငမောင်းကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသခံ ၁၉,၀၀၀ ဝန်းကျင်လောက် အိုးအိမ်စွန့်ခွာတိမ်းရှောင်ကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ရိုမေးနီးယားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပုလင်းခွံတွေ အသုံးပြုပြီး အမြင့် ၃ မီတာ ခရစ္စမတ် သစ်ပင်ကြီး ဖန်တီး၊ လန်ဒန်မြို့တော်မှာတော့ စွန့်ပစ်ပစ္စည်းတွေကနေ ခရစ္စမတ်သစ်ပင် ဖန်တီး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ရန်ကုန်တိုင်းအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာ ရယူမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲကို ထပ်မံစွဲဆိုထားတဲ့ အဂတိအမှုအတွက် ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ တရားလိုကို စတင် စစ်ဆေးကြားနာပါတယ်။
နောက်ထပ်ကြည့်ရှုရန်