ရုရှားရဲ့ကျူးကျော်စစ် စခဲ့ချိန်ကစလို့ ယူကရိန်းနိုင်ငံအတွက် ဝေဟင်လုံခြုံရေးက အဓိကစိုးရိမ်စရာ ဖြစ်လာပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတွေကလည်း အလားတူ စိုးရိမ်မှုတွေ ရှိတာကြောင့် လေကြောင်းရန် ကာကွယ်ရေးအတွက်အဖွဲ့ဝင် နိုင်ငံတွေပူးပေါင်းဆောင်ရွက်နေကြပါတယ်။မခင်ဖြူထွေးအပြည့်စုံတင်ပြပါမယ်။
ဖိလစ်ပိုင်မှာ ကြက်သွန်နီတွေဈေးကြီးနေလို့ မင်္ဂလာပွဲမှာ လက်ကိုင်ပန်းစည်းအစား ကြက်သွန်နီဥအတွဲလိုက် အလှကိုင်၊ ဖေဖော်ဝါရီ ၁၄ မှာ ချစ်သူများနေ့မှာ ကမ္ဘာ့တဝန်း စုပေါင်းလက်ထပ်မင်္ဂလာပွဲတွေ ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ CDM စစ်သား ဇနီးသည်တွေရဲ့ အခန်းကဏ္ဍဟာ လှုပ်ရှားမှုအတွက် ဘယ်လောက် အရေးပါ ပါသလဲ။ ဘယ်လို ယုံကြည်ချက်တွေနဲ့ CDM စစ်သည် ဇနီးမယားတွေ ပါဝင်နေကြပါလဲ။ ဒီတပတ်အမျိုးသမီးကဏ္ဍမှာ CDM စစ်သား ဇနီးသည်တွေကို ဆက်သွယ်မေးမြန်းပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ပေး ခံခဲ့ရသူလည်း ဖြစ်တဲ့ Nikki Haley ဟာ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရှိနေပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံက ရိုးရာ မွေထိုင်း လက်ဝှေ့ဝါသနာရှင် ၃,၀၀၀ ကျော် လက်ဝှေ့ရေးပြပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်၊ ဂျပန်နိုင်ငံမှာ ပဲစေ့အိတ်ကြီးတွေကို အိတ်ကြီးတွေကို ထိုင်လို့ရတဲ့အပြင် ဝတ်ဆင်လို့ရအောင် တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ဆင်ခြေဖုန်းအရပ်ကဆင်းရဲသား ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ Slumabad စာသင်ကျောင်းကို ဦးဆောင်သူ ကတော့ တချိန်က စွန့်ပစ်စက္ကူတွေ ကောက်ပြီး အသက်မွေးဝမ်းကြောင်းခဲ့ဖူးတဲ့ကလေးငယ် တယောက်ပါ။ ပညာ ပြန်မျှဝေပေးနေတဲ့ Muhammad Sabir အကြောင်း မခင်ဖြူထွေးက ပြောပြပေးပါ့မယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရေရှင်ကျေးရွာကနေ ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေကြရပါတယ်။ ရေရှားမှုကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကြား ဝမ်းပျက်ဝမ်းလျောနဲ့ အော့အန်တာတွေ ဖြစ်နေကြပေမယ့် ဆေးဝါး အလုံအလောက် မရှိတဲ့ ပြဿနာတွေကြုံနေကြပါတယ်။
ဗြိတိန်နိုင်ငံစကော့တလန်မြောက်ပိုင်းက ကျွန်းလေးတခုမှာ ဗိုင်ကင်းတွေရဲ့ပွဲတော်ကျင်းပ၊ အမေရိကန် အာကာသလေ့လာစူးစမ်းရေးအေဂျင်စီ နာဆာရဲ့ အင်္ဂါဂြိုဟ်လေ့လာရေးဂြိုလ်တုက ဝက်ဝံမျက်နှာပုံစံမြေမျက်နှာပြင်ကို အင်္ဂါဂြိုဟ်ပေါ်မှာတွေ့ရှိ၊ ဒီလိုကမ္ဘာတလွှားထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့မခင်ဖြူထွေးတင်ဆက်ထားပါတယ်။
အာဏာသိမ်းမှု ၂ နှစ်အတွင်း ဘယ်လို အခြေအနေ အပြောင်းအလဲတွေကို အမျိုးသမီးတွေ အဓိက ကြုံတွေ့ကြရပါသလဲ။ ဘယ်လို မျှော်လင့်ချက် ခံယူချက်တွေနဲ့ ရင်ဆိုင် ဖြတ်သန်းနေကြပါလဲ။ ဒီတပတ်အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ အကြီးဆုံးပီဇာကြီးတခု ဖန်တီးပြီး လှူဒါန်း၊ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်မှာတော့ ကြောင်အရမ်းချစ်သူ အမျိုးသမီး သူ့အိမ်မှာ ကြောင် အကောင် ၆၀၀ မွေးထား၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့် ဆယ်စုနှစ်တွေနဲ့ချီ တရားဝင် ခွင့်ပြုခဲ့တဲ့ Roe v Wade စီရင်ထုံး ပယ်ဖျက်ပြီး ၆ လ ကြာလာပေမဲ့ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ ပတ်သက်တဲ့ အယူအဆ ကွဲပြားမှုတွေ နိုင်ငံတဝန်း ဆက် ပြင်းထန်နေပြီး ဘယ်တုန်းကမှနဲ့မတူတဲ့ ဥပဒေရေးရာ အငြင်းပွားမှုတွေနဲ့ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုအရ ကွဲပြားမှုတွေ ပိုများလာနေပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျဲလိစ်မြို့Monterey Park မှာပစ်ခတ်မှုကြောင့် သေဆုံးသူဟာ ၁၁ ယောက်အထိရှိသွားပါပြီ။နောက်ထပ်လူ ၉ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်သူလို့ သံသယရှိသူ သူ့ကိုယ်သူ သေနတ်နဲ့အဆုံးစီရင်သွားခဲ့ပါတယ်။ Mike O’Sullivan ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အာဂျင်တီးနား လက်ရွေးစင် ဘောလုံးသမား Lionel Messi မစင်စွန့်နေတဲ့ပုံ အရုပ်ကလေးတွေ စပိန်မှာ ရောင်းကောင်း၊ အမေရိကန် ဝါရှင်တန်ပြည်နယ်က ရေခဲပြင်အိမ်သာစီး ပြိုင်ပွဲ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန်သမိုင်းမှာ ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် နန်စီပလိုစီ ဟာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကို လက်တွေ့ပြခဲ့တဲ့၊ စံနမူနာယူသင့်တဲ့ သူတယောက်အဖြစ် အများ အသိအမှတ်ပြု ခံရသူ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာ လက်နက်ကိုင်လှုပ်ရှားမှု အလားအလာဘယ်လိုဖြစ်လာနိုင်သလဲဆိုတာသုံးသပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် Stimson သုတေသနစင်တာကဇန်နဝါရီလ ၁၉ ရက်နေ့ကကျင်းပခဲ့တာမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။မခင်ဖြူထွေး တင်ပြပေးပါမယ်။
ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ Davosမြို့မှာ ကျင်းပနေချိန်မှာပဲ ကမ္ဘာတဝန်းအလွန်အမင်း ချမ်းသာကြွယ်ဝမှုနဲ့ အလွန်အမင်းဆင်းရဲမွဲတွေမှုတွေဟာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အကြီးအကျယ် မြင့်တက်သွားတယ်လို့ နိုင်ငံတကာ ပရဟိတအဖွဲ့ Oxfam က ပြောဆိုလိုက်ပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပစိဖိတ်သမုဒ္ဒရာထဲ မိုင် ၅,၀၀၀ ခရီးကို လက်လှော်လှေလေးနဲ့ အမျိုးသမီး ၆ ယောက် ကူးဖြတ်ဖို့ ပီရူးကထွက်ခွာ၊ ပုလဲနားကပ်ကို ဖုန်းပြောလို့ရတဲ့ နားကြပ်ဖြစ်အောင် ဖန်တီးထားတဲ့ နားကြပ်နားကပ် ဂျာမန်နည်းပညာကုမ္ပဏီ တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာပေမဲ့ အချိန်မရွေး ပြန်အဖမ်းခံရနိုင်တဲ့ စိုးရိမ်မှုတွေနဲ့ အလုပ် လုပ်ဖို့အတွက် အခက်အခဲတွေ အများအပြား ရှိနေတယ်လို့ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသမီး သတင်းထောက်တချို့က ပြောပါတယ်။
တကျော့ပြန်ကိုဗစ်ကူးစက်မှုတွေရှိနေတဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝကင်းစင်ရေး zero-Covid မူကို ရုတ်တရက်ဖြေလျှော့ပေးလိုက်ပေမဲ့လည်း ဆင်းရဲပြီး မဖွံ့ဖြိုးတဲ့ ကျေးလက်ဒေသတွေမှာ ကိုဗစ်ကူးစက်မှုတွေဆက်ရှိနေဆဲဖြစ်ပါတယ်။ AFP သတင်းကို အခြေခံပြီး မအိသန့်စင် ပြောပြပေးပါမယ်။
ဆေးရုံ ဆေးခန်းတွေလို ကျန်းမာရေးဌာနတွေမှာ ရောဂါပိုးမွှားတွေကို သတ်ပေးတာ၊ ကင်းလှည့် ကြည့်ရှု စောင့်ရှောက်တာလို နေရာတွေ အပါအဝင် ဘယ်နေရာမှာမဆို ဘက်စုံ ဘက်စုံ အသုံးပြုနိုင်တဲ့ စက်ရုပ်သစ် Aeo ကို Las Vegas မြို့က CES နည်းပညာ ကုန်စည်ပြပွဲမှာ ဒီနှစ် ပြသထားပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်