နိုင်ဂျီးရီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ဘိုကိုဟာရမ်စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခေါ်ဆောင် ခံရပြီး ပျောက်ဆုံးသွားခဲ့တဲ့ မိန်းခလေးငယ်တွေကို မေ့လျော့မသွားစေဖို့ ရည်ရွယ်တဲ့ အနုပညာပြပွဲတခု လာဂိုမြို့တော်မှာ ခင်းကျင်း ပြသထားပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မကျေနပ်တဲ့သူ အချင်းချင်း ထိုးကြိတ်နိုင်တဲ့ လက်ဝှေ့ပွဲ ပီရူးနိုင်ငံမှာ ကျင်းပ၊ ပြင်သစ်မြောက်ပိုင်း ရွာလေးတရွာမှာ နွားကို ပြိုင်မြင်းလို လေ့ကျင့်သင်ကြားပေး၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးအတွက် ရှေ့တန်းကနေ ရွတ်ရွတ်ချွံချွံ ကြိုးပမ်းနေကြတဲ့ လူငယ်အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ နယ်သာလန်ယုဝတီ ခရစ်ယာန်အသင်းကြီးရဲ့ ၂၀၂၂ ခုနှစ် Golden Girl Award ဆုကို မြန်မာလူငယ်အမျိုးသမီး မဧကရီစိုး ချီးမြှင့်ခံခဲ့ရပါတယ်။ အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်း တင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တနှစ်တာ ဖြတ်သန်းမှုတွေ ကနေ ဘယ်လို သင်ခန်းစာတွေ ယူပြီး နှစ်သစ်အတွက် ဘာတွေ ပိုမို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလဲဆိုတာကို နှစ်ချုပ် အထူး အစီအစဉ် ဒုတိယပိုင်းအဖြစ် မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်ဟာ မြန်မာပြည်သူတွေအတွက် စစ်အုပ်ချုပ်မှုအောက်မှာ တနှစ်တာလုံး ဖြတ်သန်းခဲ့ရတဲ့ နှစ် တနှစ်ဖြစ်ပြီး အမျိုးသမီးတွေ အများအပြား ကျရာနေရာကနေ ပါဝင်ခဲ့ကြတဲ့အကြောင်း နှစ်ချုပ် အထူး အစီအစဉ်အဖြစ် မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
အခုဆက်ပြီး ကမ္ဘာတလွှားက ၂၀၂၂ ခုနှစ်အတွင်း ထူးခြား ဆန်းပြားတဲ့သတင်းလေးတွေကို စုစည်းပြီးတော့ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး မဲခွဲဆုံးဖြတ်အပြီး သက်ဆိုင်ရာနိုင်ငံ သံအမတ်ကြီးတွေက သူတို့ရပ်တည်ချက် သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။ မခင်ဖြူထွေးစုစည်းတင်ပြထားပါတယ်။
၂၀၂၁ခုနှစ် ဇန်နဝါရီလ၆ရက်လွှတ်တော် စီးနင်းတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီးအကြမ်းဖက်ဆူပူမှုတွေဖြစ်အောင်အားပေးအားမြှောက်လုပ်ခဲ့တာအပါအဝင်ရာဇဝတ်မှု၄ခုနဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို တရားစွဲဆိုဖို့ဒီဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးနေတဲ့လွှတ်တော်ကော်မတီက တရားရေးဌာနကို တိုက်တွန်းလိုက်ပါပြီ။မခင်ဖြူထွေးက တင်ပြပေးပါမယ်။
လန်ဒန်ဗိသုကာပြတိုက်မှာ ခရစ္စမတ်ပွဲတော် ဂျင်းနံသင်းပေါင်မုန့်မြို့တော်ကြီးတွေကို တည်ဆောက်ပြထား၊ ချီကာဂိုမြို့မှာ သခင်အဝေးသွားခိုက် ယုန်လေးတွေအတွက် ဇိမ်ခံ ယုန်စပါးနဲ့ ယုန်ဟိုတယ် ဖွင့်လှစ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဂျပန်နိုင်ငံမှာ မိလ္လာပိုက်တွေပြုပြင် ထိန်းသိမ်းဖို့အတွက် SPD1 လို့ နာမည်ပေးထားတဲ့ ပင့်ကူစက်ရုပ်တွေ တီထွင်၊ ဂျာမနီမှာတော့ ခရစ္စမတ်စင်တာဘိုးဘိုးတွေ အပြေးပြိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ လူမှုစီးပွား အထွေထွေ အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ သိသိသာသာ ပိုဆိုးလာနေပြီး ဒါတွေကို အလေးအနက်ထား မီးမောင်းထိုးပြဖို့ အရေးတကြီး လိုအပ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
သန္ဓေသားတားမြစ်တာကို မလုပ်သင့်တဲ့ အရာတခုလို့ ယူဆထားတဲ့ ရိုဟင်ဂျာ မူဆလင်တွေကြားမှာ သားဆက်ခြား စီမံကိန်း စခဲ့ချိန်က အခက်အခဲတွေ ရှိခဲ့ပေမဲ့၊ အခုတော့ လက်ခံ လာနေကြပြီလို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ AFP သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီဘက်က တပတ်အတွင်း နေ့စဉ်ရက်ဆက် လက်နက်ကြီးတွေ အလွန်အကျွံသုံးပစ်ခတ်ပြီး အင်အားအတော်များများနဲ့ စစ်ကြောင်း ပြန်ထိုးနေတယ်လို့ ဒီးမော့ဆို PDF အဖွဲ့က VOA ကို ပြောပါတယ်။
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ကမ်းခြေတခုမှာ အရေပြားကင်ဆာ သတိပေးတဲ့အနေနဲ့ ကိုယ်လုံးတီးချွတ်လူတွေ စုဝေးခဲ့၊ ထိုင်းနိုင်ငံအတွက် နိုင်ငံတကာဧည့်သည်တွေ ခေါ်ဆောင်ပေးလို့ဆိုပြီး မျောက်တွေကို သီးနှံဘူဖေးကျွေး၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
cif
“ကျနော်တို့အနေနဲ့ နျူကလီးယားစွမ်းအင်ကိုငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကလုပ်မှာကတော့ လျှပ်စစ်ဓါတ်အားလုပ်ငန်း စွမ်းအင်အတွက်ဆောင်ရွက်မှာဖြစ်တယ်။ နောက်ဆေးပညာ ရပ်သုတေသနဆိုင်ရာတွေမှာလဲ အသုံးပြုနိုင်အောင်လုပ်မှာဖြစ်ပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း-စစ်ကောင်စီပြောခွင့်ရ)
အိန္ဒိယနိုင်ငံတောင်ပိုင်း ချနိုင်းမြို့မှာ မသန်စွမ်းစုံတွဲ ၅၀ ကျော် မင်္ဂလာပွဲအတူတူ ကျင်းပ၊ ဂျပန်နိုင်ငံက အပန်းဖြေစခန်းတခုမှာ စပျစ်ဝိုင်အရက်အနီတွေကို ကန်ထဲလောင်းထည့်ပြီး ဝိုင်ထဲလူဝင်စိမ်နိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း အာဏာရှင်အစိုးရတွေကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်သူတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ Magnitsky လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက လူငယ်အမျိုးသမီး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည် ဒီနှစ် ဂုဏ်ပြု ချီးမြှင့်ခံရပါတယ်။
ယူကရိန်းကို လာကြတဲ့ ဥရောပ ခေါင်းဆောင်တွေရဲ့ သွားလာမှုတွေမှာ အစိုးရ မီးရထားဝန်ဆောင်မှု လုပ်ငန်းက အရေးပါတဲ့ကဏ္ဍမှာ ရှိနေခဲ့ပါတယ်။ တခြားနည်းလမ်းနဲ့ သွားလာမှုတွေ ခက်ခဲနေချိန်မှာ ယူကရိန်းပြည်သူတွေ မီးရထားကို အဓိက အားထား နေရတဲ့အကြောင်း Ani Chkhikvadze ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
“နောက်အမှုကတော့ ဆရာ့ရဲ့ ခံပြသက်သေတယောက် ကျန်တယ်။ မထက်ထက် ခိုင်ပေါ့နော်။ သူ့ကိုထောင်ထုတ်အမိန့်နဲ့ထုတ်ခိုင်းတာ။ တရားသူကြီးကတော့ ဒီတပတ်ထုတ်ပေးမယ်ပေါ့နော်။ ဆိုတော့ မနက်ဖြန်ရုံးချိန်းရှိတယ်။မထုတ်ပေးဘူးဆိုရင်တော့ ပယ်ရတော့မှာပေါ့။ ပယ်ရရင်တော့ နောက်တချိန်းကျရင် အမိန့်ချမယ်ပေါ့။”(ရှေ့နေ)
နောက်ထပ်ကြည့်ရှုရန်