ဗြိတိသျှဝန်ကြီးချုပ် Boris Johnson အတွက်တော့ စနေနေ့ ပြင်သစ်နိုင်ငံမှာလုပ်မယ့် G-7 ထိပ်သီးအစည်းအဝေး က ပထမဆုံး ကမ္ဘာ့စင်မြင့်ပေါ် တက်ရတဲ့ပွဲ ဖြစ်ပါလိမ့်မယ်။
အမေရိကန်နိုင်ငံသား ဂျူးလူမျိုးတွေအနေနဲ့ ဒီမိုကရက်တယောက်ကို မဲပေးမယ်ဆိုရင် အသိဉာဏ်မဲ့ရာ ဒါမှမဟုတ် သစ္စာမဲ့ရာကျနိုင်တဲ့အတွက် ရီပတ်ဘလီကန်ကို မဲပေးသင့်တယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။ ဒီအပေါ် တုံ့ပြန်ချက် ဘာတွေရှိပါလဲ။ Zlatica Hoke ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
သစ်သား အထပ်မြင့် အဆောက်အဦးတွေဟာ အမေရိကန်၊ ကနေဒါ၊ နော်ဝေး စသဖြင့် တကမ္ဘာလုံးမှာ ပေါ်လာနေပြီး မကြာခင် အင်္ဂလန်မှာလည်း တွေ့လာကြရတော့မှာပါ။ သစ်သားဟာ အနာဂတ် ဆောက်လုပ်ရေး လုပ်ငန်းမှာ အဓိကဖြစ်လာလိမ့်မယ်လို့ ဆောက်လုပ်ရေးလုပ်သူတွေက ပြောကြပါတယ်။ Kevin Enochs ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
အမေရိကန်နိုင်ငံအတွင်း သေနတ်ကိုင် ပစ်ခတ်မှုတွေ ရှိလာတာကြောင့် အမေရိကားကို ခရီးသွားရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဂျပန်၊ ဥရုဂွေးနဲ့ တခြားနိုင်ငံတွေက သတိပေးချက်တွေ ထုတ်လာကြပါတယ်။ Cindy Saine ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
တပ်မတော်က ကိုယ်ပိုင်စီးပွားရေးကုမ္ပဏီတွေ တည်ထောင်ပြီး စီးပွားရေးလုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေတဲ့အပေါ် အမြင်သဘောထားတွေကို ဆွေးနွေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ အရှေ့တောင်အာရှ၊ သြစတြေးလျနဲ့ Micronesia နိုင်ငံတွေဆီ ခရီးထွက်ဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုအပေါ် တရုတ်နိုင်ငံရဲ့ တန်ပြန်ထောက်လှမ်းရေးဆိုင်ရာ ခြိမ်းခြောက်မှုဟာ ရုရှား အပါအဝင်တခြားဘယ်နိုင်ငံထက်မဆို လက်ရှိမှာ ပိုပြီး အန္တရာယ်ရှိတယ်လို့ FBI ညွှန်ကြားရေးမှူး Christopher Wray ကပြောပါတယ်။
ဇူလိုင် ၂၁၊ ၂၀၁၉ - ပြင်ဦးလွင် အာရှအလင်းရောင်စာသင်တိုက်ရဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစိန္တိတလည်း ပါဝင်ပါတယ်။ ဆရာတော်ကို ဗွီအိုအေစတူဒီယိုမှာ ကိုကျော်ကျော်သိန်းက လျှောက်ထားမေးမြန်းထားပါတယ်။
ဝါရှင်တန်မြို့တော်မှာကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာညီလာခံကို ဥရောပပါလီမန်၊ ဘာသာရေးဌာနရဲ့ သဟဇာတဆုရှင်၊ ပြင်ဦးလွင်အာရှအလင်းရောင်စာသင်တိုက်ရဲ့ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တစိန္တိတလည်း ပါဝင်ပါတယ်။ ဆရာတော်ကို ဗွီအိုအေစတူဒီယိုမှာ ကိုကျော်ကျော်သိန်းက လျှောက်ထားမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ သံဃာတော်တွေကြားနေသင့်တယ်..ဒါ့အပြင် အမျိုးဘာသာ၊ သာသနာရေး သဘောထားတင်းမာသူတွေဟာ အကာအကွယ်ပေးနေသူတွေအားကိုးနဲ့ ထကြွလှုပ်ရှားနေကြတာသာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ အာရှအလင်းရောင်ဆရာတော် ဘဒ္ဒန္တ စိန္တိတ ကမိန့်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဒေသတွင်းအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနေပြီဆိုတာ သိပ်ကိုထင်ရှားနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးက ပြောလိုက်ပါတယ်။
ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေနဲ့ ဂျူးဘုရားကျောင်းတွေကို တိုက်ခိုက်မှုတွေကနေ အသက်မသေ ကျန်ရစ်သူတွေနဲ့အတူ နိုင်ငံပေါင်း ၁၀၀ က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဝါရှင်တန်ဒီစီမှာ အင်္ဂါနေ့ကစပြီး သုံးရက်ကြာကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် ညီလာခံကို တက်ရောက်ကြပါတယ်။
နောက်ဆယ်စုနှစ်ရောက်ရင် အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ ဝန်ထမ်းအရေအတွက် အရမ်းလျော့နည်းသွားမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ ဝန်ထမ်းအင်အား အနည်းပါးဆုံးဖြစ်နေတဲ့ ကျေးလက်ဒေသတွေမှာပါ။ Ramon Taylor ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
အီရန်ုကိုတိုက်မယ့်အစီအစဉ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြန်ရုပ်လိုက်ပြီးတဲ့နောက် အီရန်ခေါင်းဆောင်ပိုင်း ကို ဒဏ်ခတ်အရေးယူမှုတွေ ထပ်ချလိုက်ပါတယ်။ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
အီရန်ကိုတိုက်ဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့မှာ ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာမှ ဘာမှန်းမသိ ရတဲ့ အကြောင်းပြချက်နဲ့ ပြန်ရုပ်သိမ်းလိုက်တယ်ဆိုပြီး သတင်းစာထဲမှာ ရေးသားဖော်ပြခဲ့တဲ့သတင်းအပေါ် အစိုးရအဖွဲ့ထဲက အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းကြပါတယ်။
ကမ္ဘာတဝန်း လူပေါင်း ၇၁ သန်းနီးပါးဟာ စစ်ပွဲ၊ ဖိနှိပ်အုပ်ချုပ်မှုနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြရတယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်နေ့ မတိုင်ခင် ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ကမ္ဘာတဝန်း လူပေါင်း ၇၁ သန်းနီးပါးဟာ စစ်ပွဲ၊ ဖိနှိပ်အုပ်ချုပ်မှုနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေကြ ရတယ်လို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ ကပြောပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့ ဒုက္ခသည်နေ့ မတိုင်ခင် ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အဲဒီလိုပြောထားတာပါ။
ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အမြန်ဆုံးနှုန်းနဲ့ တိုးတက်နေတဲ့ နိုင်ငံတခုဖြစ်ပါ တယ်။ တနှစ်တနှစ်လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်အရေအတွက် ပိုများလာနေတာနဲ့အမျှ လိုအပ်တာထက်ပိုပြီး အလွန်အကျွံ ဖြစ်လာမယ့်အရေး စိုးရိမ်လာကြပါတယ်။ AP သတင်းလွှာကို အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်