တပ်မတော်က စီးပွားရေးလုပ်ငန်းအမျိုးမျိုး တည်ထောင် လုပ်ကိုင်နေတဲ့အပေါ် ဗွီအိုအေသောတရှင်တွေ ဘယ်လို သဘောထား ကြပါသလဲ … တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ထူထောင်ထားတဲ့ အဓိကရည်ရွယ်ချက်က တပ်မတော်ရဲ့ သက်သာ ချောင်ချိရေးလုပ်ငန်းတွေအတွက်နဲ့ နိုင်ငံတော်စီးပွားရေးကို တဘက်တလမ်းက အထောက်အကူပြုဖို့အတွက် ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောထားတဲ့အပေါ်မှာရော သဘောတူကြပါသလား … တပ်မတော်က ကိုယ်ပိုင်စီးပွားရေးလုပ်နေတာရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ (TTIS) ကို တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး၊ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးတင်မောင်သန်းတို့က ပင်တိုင်ဆွေးနွေးသူတွေအဖြစ် ပါဝင်ပါတယ်။
သောတရှင်တို့ရဲ့ အမြင်သဘောထားတွေနဲ့ အတူ ကိုကျော်ကျော်သိန်း စီစဉ်တင်ဆက်ထားပါတယ်။